``အချင်းသနာခရိပ်၊ ယေရုရှလင်မြို့သည် သင့်ကိုကြည့်၍ပြုံးကာပြက်ရယ်ပြုလေပြီ။-
ယောဘဝတ္တု။ 5:22 - Common Language Bible ပျက်စီးခြင်းဘေးနှင့် အစာခေါင်းပါးခြင်းဘေးကို ရယ်မော၍ တောသားရဲတို့ကိုလည်း မကြောက်ရ။ Garrad Bible ဘေး ဆိုး နှင့် မွတ် သိပ် ခြင်း ကို ပင် ရယ် မော ခွင့် ရ၍၊ သင် သည် မြေ ပေါ် ရှိ သား ရဲ တို့ ကို လည်း မ ကြောက် မ ရွံ့ ရ။ Judson Bible ပျက်စီးခြင်းဘေးနှင့် အစာခေါင်းပါးခြင်းဘေးကို ရယ်မော၍ တောသားရဲတို့ကိုလည်း မကြောက်ရ။ မြန်မာ့စံမီသမ္မာကျမ်း ဖျက်ဆီးခြင်းဘေး၊ ငတ်မွတ်ခြင်းဘေးတို့ကို သင်လှောင်ရယ်ရလိမ့်မည်။ တောရိုင်းတိရစ္ဆာန်တို့ကိုလည်း သင်ကြောက်ရွံ့ရလိမ့်မည်မဟုတ်။ |
``အချင်းသနာခရိပ်၊ ယေရုရှလင်မြို့သည် သင့်ကိုကြည့်၍ပြုံးကာပြက်ရယ်ပြုလေပြီ။-
သင်သည်ခြင်္သေ့နှင့်မြွေ၊ကြောက်မက်ဖွယ်ကောင်းသည့် ခြင်္သေ့နှင့်မြွေဆိုးတို့ကိုခြေဖြင့်နင်းရလိမ့် မည်။
မှောင်မိုက်တွင်ကျရောက်တတ်သည့်ကပ်ရောဂါများ ကိုသော်လည်းကောင်း၊ နေ့လည်ချိန်၌သေစေတတ်သည့်ဘေးဥပဒ်များ ကိုသော်လည်းကောင်း၊ ကြောက်လန့်ရလိမ့်မည်မဟုတ်။
ထိုအရပ်တွင်အဘယ်ခြင်္သေ့မျှရှိလိမ့်မည်မဟုတ်။ ထိုအရပ်သို့အဘယ်သားရဲတိရစ္ဆာန်မျှလည်း လာရကြလိမ့်မည်မဟုတ်။ ထာဝရဘုရားကယ်ဆယ်ထားတော်မူသော သူတို့သည် ထိုလမ်းအတိုင်းမိမိတို့နေရပ်သို့ ပြန်ရကြလိမ့်မည်မဟုတ်။
ဝံပုလွေနှင့်သိုးတို့သည်အတူအစာစား လျက် ခြင်္သေ့တို့သည်ကျွဲနွားများကဲ့သို့မြက် ကိုစားကြလိမ့်မည်။ မြွေများသည်မြေမှုန့်ကို သာစားကြလိမ့်မည်။ ငါ၏သန့်ရှင်းမြင့်မြတ် သည့်ဇိအုန်တောင်တော်ပေါ်တွင် ဘေးအန္တရာယ် ဖြစ်စေတတ်သည့်အရာနှင့်ဆိုးညစ်သည့် အရာရှိရလိမ့်မည်မဟုတ်'' ဟုမိန့်တော် မူ၏။
သူတို့၏လုံခြုံရေးကိုစိတ်ချရစေရန်ငါ သည်သူတို့နှင့်ပဋိညာဉ်ပြုတော်မူမည်။ ကြောက်မက်ဖွယ်ကောင်းသည့်သားရဲတိရစ္ဆာန် အပေါင်းကိုပြည်တွင်းမှဖယ်ရှားပစ်မည်။ သို့မှသာလျှင်ငါ၏သိုးတို့သည်ဘေးမဲ့ လုံခြုံစွာတောကန္တာရများ၌နေရကြ ၍ တောများတွင်အိပ်ရကြလိမ့်မည်။
ထိုအခါငါသည်သားရဲ၊ ငှက်အပေါင်းတို့ နှင့်ပဋိညာဉ်ဖွဲ့၍၊ ဋ္ဌား၊ လေးမြားနှင့်စစ်ပွဲ များကိုတိုင်းနိုင်ငံမှဖယ်ရှားသဖြင့် ငါ၏ လူမျိုးတော်သည်အေးချမ်းလုံခြုံစွာနေ ထိုင်ရကြလိမ့်မည်။