ဤရွှေ့ကား၊ အမှုတော်အရိပ်အမြွက်သာဖြစ်၏။ စကားတော် အသံအနည်းငယ်ကိုသာ နားကြားရ၏။ တန်ခိုးတော်မိုဃ်းကြိုးသံကို အဘယ်သူနားလည်နိုင် သနည်းဟု မြွက်ဆို၏။
ယောဘဝတ္တု။ 42:5 - Common Language Bible သိတင်းတော်ကို အကျွန်ုပ်သည် နားနှင့်ကြားဘူး ပါပြီ။ ယခုမူကား၊ ကိုယ်တော်ကို မျက်စိနှင့်မြင်ရပါ၏။ Garrad Bible ကိုယ် တော့် အ ကြောင်း ကို၊ နား ဖြင့် သာ အ ကျွန်ုပ် ကြား ခဲ့ ရ ဘူး ပါ သည်။ ယ ခု မူ ကား မျက် စိ နှင့် ဖူး မြင် ရ ပါ၏။ Judson Bible သတင်းတော်ကို အကျွန်ုပ်သည်နားနှင့် ကြားဖူးပါပြီ။ ယခုမူကား၊ ကိုယ်တော်ကို မျက်စိနှင့် မြင်ရပါ၏။ မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော့်အကြောင်းကို နားဖြင့်သာကြားဖူးခဲ့သော်လည်း ယခုမှာ အကျွန်ုပ်သည် ကိုယ်တော့်ကို မျက်မြင်ကိုယ်တွေ့ဖူးမြင်ရပါပြီ။ |
ဤရွှေ့ကား၊ အမှုတော်အရိပ်အမြွက်သာဖြစ်၏။ စကားတော် အသံအနည်းငယ်ကိုသာ နားကြားရ၏။ တန်ခိုးတော်မိုဃ်းကြိုးသံကို အဘယ်သူနားလည်နိုင် သနည်းဟု မြွက်ဆို၏။
အဗဒ္ဒုန်မင်းနှင့်သေမင်းတို့က၊ ပညာ၏သိတင်းကို နားနှင့် ကြားရုံမျှသာရှိသည်ဟု ဆိုတတ်ကြ၏။
ထိုကြောင့်အကျွန်ုပ်သည် ကိုယ်ကိုရွံ့ရှာပါ၏။ မြေမှုန့်နှင့်မီးဖိုပြာ၌ထိုင်၍ နောင်တရပါ၏ဟု လျှောက် လေ၏။
သြဇိမင်းနတ်ရွာစံသောနှစ်၌ငါသည်ထာဝရဘုရားကိုဖူးမြင်ရ၏။ ကိုယ်တော်သည်မြင့်မြတ်သည့်ပလ္လင်တော်ပေါ်တွင်ထိုင်လျက်နေတော်မူ၏။ ဗိမာန်တော်တစ်ခုလုံးသည်လည်းကိုယ်တော်၏ဝတ်ရုံတော်နှင့်ပြည့်၍နေ၏။-
ငါကလည်း၊``ငါ၌မျှော်လင့်စရာမရှိတော့ပြီ။ ငါသည်အမင်္ဂလာရှိပါသည်တကား။ ငါ၏နှုတ်ထွက်စကားမှန်သမျှသည်ညစ်ညမ်း၍ ညစ်ညမ်းသောစကားကိုသာလျှင်ပြောဆိုတတ်သူတို့အထဲတွင်ငါနေထိုင်ရ၏။ သို့ရာတွင်ယခုငါသည် အနန္တတန်ခိုးရှင်ထာဝရဘုရားတည်းဟူသောဘုရင်မင်းကိုဖူးမြင်ရလေပြီ'' ဟုဆို၏။
လူတစ်စုံတစ်ယောက်မျှဘုရားသခင်ကိုမမြင် စဖူးသော်လည်း ခမည်းတော်၏ရင်ခွင်၌ရှိတော် မူသော၊ ဘုရားဖြစ်တော်မူသော၊ တစ်ပါးတည်း သောသားတော်သည် ဘုရားသခင်ကိုထင်ရှား စေတော်မူပြီ။
ဟေရှာယသည်သခင်ယေရှု၏ဘုန်းအသရေ ကိုဖူးမြင်ရသဖြင့် ကိုယ်တော်၏အကြောင်းကို ဤသို့မြွက်ဆိုခြင်းဖြစ်၏။
ငါ့ကိုတွေ့မြင်သူသည်ငါ့ကိုသာတွေ့မြင် သည်မဟုတ်၊ ငါ့ကိုစေလွှတ်တော်မူသော အရှင်ကိုလည်းတွေ့မြင်၏။-
သို့ဖြစ်၍နှုတ်ကပတ်တရားတော်ကိုကြား နာခြင်းကြောင့်ယုံကြ၏။ ခရစ်တော်အကြောင်း ဟောပြောခြင်းကြောင့်နှုတ်ကပတ်တရားတော် ကိုကြားနာရ၏။