ယောဘဝတ္တု။ 39:1 - Common Language Bible သင်သည် တောဆိတ်မွေးရသောကာလကို သိသလော။ သမင်ဒရယ်မ သားဘွားခြင်းဝေဒနာခံရ သောအချိန်ကို မှတ်နိုင်သလော။ Garrad Bible သင် သည် တောင် ဆိတ် မွေး ချိန် ကို သိ၍၊ သ မင် ဖွား ခြင်း ဝေ ဒ နာ ကို စောင် မ သ လော။ Judson Bible သင်သည် တောဆိတ်မွေးရသောကာလကို သိသလော။ သမင်ဒရယ်မ သားဖွားခြင်းဝေဒနာ ခံရသောအချိန်ကို မှတ်နိုင်သလော။ မြန်မာ့စံမီသမ္မာကျမ်း တောင်ဆိတ်တို့ မွေးဖွားချိန်ကို သင်သိသလော။ သမင်မသားဖွားသည်ကို သင်စောင့်ကြည့်ပေးဖူးသလော။ |
တောဆိတ်တို့သည်တောင်မြင့်များပေါ်တွင် နေကြပါ၏။ ခွေးတူဝက်တူတို့သည် ကျောက်တောင်စောင်းများတွင်ခိုအောင်း ကြပါ၏။
ထာဝရဘုရား၏အသံတော်သည် ဝက်သစ်ချပင်တို့ကိုတုန်လှုပ်စေတော်မူ၍ သစ်ပင်များမှအရွက်ရှိသမျှကိုကြွေစေ တော်မူ၏။ တစ်ချိန်တည်းမှာပင်``ဘုရားသခင်သည်ဘုန်း အသရေ ထွန်းတောက်တော်မူစေသတည်း'' ဟု ဗိမာန်တော်တွင်လူအပေါင်းတို့ကြွေးကြော် ကြ၏။
ကွင်းပြင်တွင်မြက်မရှိတော့သဖြင့်သမင်မသည် မွေးခါစသားငယ်ကိုစွန့်ပစ်၍ထားရ၏။
ဣသရေလလက်ရွေးစင်စစ်သည်တော်သုံး ထောင်ကိုခေါ်၍ ဆိတ်ရိုင်းများနေရာကျောက် ဆောင်များတွင် ဒါဝိဒ်နှင့်အပေါင်းပါတို့ အားရှာဖွေရန်ထွက်ခွာသွားတော်မူသည်။-