အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ယောဘဝတ္တု။ 35:11 - Common Language Bible

မြေတိရစ္ဆာန်နားလည်သည်ထက်သာ၍ နားလည်သောဥာဏ်နှင့်၎င်း၊ မိုဃ်းကောင်းကင် ငှက်မရ၊ ထူးဆန်းသောပညာနှင့်၎င်း၊ ငါတို့ကို ပြည့်စုံ စေတော်မူသော ဘုရားသခင်သည် အဘယ်မှာရှိတော် မူသနည်းဟု အဘယ်သူမျှမမေးမြန်းတတ်။

အခန်းကိုကြည့်ပါ။

Judson Bible

မြေ​တိ​ရ​စ္ဆာန် နား​လည်​သည်​ထက် သာ၍​နား​လည်​သော ဉာဏ်​နှင့်​လည်း​ကောင်း၊ မိုး​ကောင်း​ကင်​ငှက်​မ​ရ၊ ထူး​ဆန်း​သော​ပ​ညာ​နှင့်​လည်း​ကောင်း၊ ငါ​တို့​ကို ပြည့်​စုံ​စေ​တော်​မူ​သော ဘု​ရား​သ​ခင်​သည် အ​ဘယ်​မှာ​ရှိ​တော်​မူ​သ​နည်း​ဟု အ​ဘယ်​သူ​မျှ မ​မေး​မြန်း​တတ်။

အခန်းကိုကြည့်ပါ။

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

မြေ​တိရစ္ဆာန်​တို့​ထက် ငါ​တို့​ကို ပို၍​သွန်သင်​ပေး​သော​အရှင်​၊ မိုးကောင်းကင်​ငှက်​တို့​ထက် ငါ​တို့​ကို​ပညာရှိ​စေ​သော​အရှင်​ကား အဘယ်မှာ​နည်း’​ဟု မေးမြန်း​သူ​တစ်ယောက်​မျှ​မ​ရှိ​။

အခန်းကိုကြည့်ပါ။



ယောဘဝတ္တု။ 35:11
9 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​ဘု​ရား​သ​ခင်​က``ငါ​တို့​သည် ငါ​တို့ ၏​ပုံ​သဏ္ဌာန်​နှင့်​တူ​သော​လူ​သတ္တ​ဝါ​တို့​ကို ဖန်​ဆင်း​ကြ​ကုန်​အံ့။ သူ​တို့​အား​ရေ​သတ္တ​ဝါ၊ ငှက်​သတ္တ​ဝါ​နှင့်​တိရစ္ဆာန်​အ​ယဉ်​အ​ရိုင်း​အ​ကြီး အ​ငယ်​တို့​ကို​အ​စိုး​ရ​စေ​မည်'' ဟု​မိန့်​တော် မူ​၏။-


ထို​နောက်​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် မြေ​ဖြင့်​လူ​ကို​ဖန်​ဆင်း​ပြီး​လျှင် လူ​၏​နှာ​ခေါင်း ထဲ​သို့​ဇီ​ဝ​အ​သက်​ကို​မှုတ်​သွင်း​တော်​မူ​ရာ လူ​သည် အ​သက်​ရှင်​သော​သတ္တ​ဝါ​ဖြစ်​လာ ၏။


မြင့်သောအရပ်၌နေသောသူတို့ကို အစိုးရတော်မူသော ဘုရားသခင်ကိုအဘယ်သူ သွန်သင်လိမ့်မည် နည်း။


သို့ရာတွင် လူထဲ၌ဝိညာဉ်ရှိ၏။ ဘုရားသခင် အသက်ရှင်စေတော်မူသဖြင့် ဥာဏ်ရှိ၏။


ဘုရားသခင်သည် တန်ခိုးတော်အားဖြင့် ချီးမြှောက်ခြင်းရှိတော်မူ၏။ ဘုရားသခင်ကဲ့သို့ အဘယ်သူ အုပ်ချုပ်နိုင်သနည်း။


လူ​မျိုး​တ​ကာ​တို့​ကို​ဆုံး​မ​သော​အ​ရှင်​သည် သူ​တို့​အား​အ​ပြစ်​ပေး​တော်​မူ​မည်​မ​ဟုတ် ပါ​လော။ လူ​အ​ပေါင်း​တို့​ကို​အ​သိ​ပ​ညာ​သွန်​သင်​သော အ​ရှင်​သည်​အ​သိ​ပ​ညာ​ရှိ​တော်​မူ​သည် မ​ဟုတ်​ပါ​လော။


အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​၏​ဆုံး​မ​သွန်​သင်​မှု​ကို​ခံ​ရ​သော သူ၊ တ​ရား​တော်​နှင့်​ဆိုင်​၍​ကိုယ်​တော်​၏​သွန်​သင် မှု​ကို ခံ​ရ​သော​သူ​သည်​မင်္ဂ​လာ​ရှိ​ပါ​၏။


သူ​တို့​သည်​ငါ့​ကို​ကျော​ခိုင်း​ကြ​၏။ ငါ​သည် သူ​တို့​အား​ဆက်​လက်​၍​သွန်​သင်​ပါ​သော် လည်း သူ​တို့​သည်​နား​မ​ထောင်​လို​ကြ။ ဆုံး​မ​ပဲ့​ပြင်​မှု​ကို​မ​ခံ​ယူ​လို​ကြ။-


မိုး​ကောင်း​ကင်​တွင်​ကျင်​လည်​သော​ငှက်​များ​ကို ကြည့်​ရှု​ဆင်​ခြင်​ကြ​လော့။ သူ​တို့​သည်​မျိုး​ကို​မ​ကြဲ၊ ကောက်​နှံ​များ​ကို​မ​ရိတ်​မ​သိမ်း၊ ကျီ​များ​တွင်​လည်း သို​လှောင်​မှု​ကို​မ​ပြု။ သို့​ရာ​တွင်​ကောင်း​ကင်​ဘုံ​ရှင် သင်​တို့​အ​ဖ​သည်​ထို​ငှက်​တို့​အား​ကျွေး​မွေး​တော် မူ​၏။ သင်​တို့​သည်​ကား​ငှက်​များ​ထက်​များ​စွာ​ပို ၍​မြတ်​သည်​မ​ဟုတ်​လော။-