အကယ်စင်စစ်ဆိုးသော သူ၏နေရာသည် ထိုသို့သော လက္ခဏာရှိ၏။ ဘုရားသခင်ကိုမသိသောသူ သည် ထိုသို့သော နေရာသို့ ရောက်လိမ့်မည်ဟု မြွက်ဆိ၏။
ယောဘဝတ္တု။ 20:29 - Common Language Bible ထိုသို့သောဆုလပ်ကို ဘုရားသခင်သည် လူဆိုး အားပေးတော်မူ၏။ ထိုသို့သောအမွေဥစ္စာကို ဘုရား သခင် ခွဲဝေစီရင်တော်မူသည်ဟု မြွက်ဆို၏။ Garrad Bible ဆို သွမ်း သူ သည် ဤ ဝေ ပုံ ကို ဘု ရား သ ခင် ထံ မှ ခံ ရ၍၊ ထို သို့ သော ပိုင် စု ကို ဘု ရား သ ခင် စီ ရင် တော် မူ သည် ဟု မြွက် ဆို၏။ Judson Bible ထိုသို့သောဆုလာဘ်ကို ဘုရားသခင်သည် လူဆိုးအားပေးတော်မူ၏။ ထိုသို့သောအမွေဥစ္စာကို ဘုရားသခင်ခွဲဝေစီရင်တော်မူသည်ဟု မြွက်ဆို၏။ မြန်မာ့စံမီသမ္မာကျမ်း ဤသည်ကား ဆိုးယုတ်သောသူအဖို့ ဘုရားသခင်ထံမှ ဝေစုဖြစ်၏။ သူ့အဖို့ ဘုရားသခင်သတ်မှတ်ထားသောအမွေလည်း ဖြစ်၏”ဟု ဆိုလေ၏။ |
အကယ်စင်စစ်ဆိုးသော သူ၏နေရာသည် ထိုသို့သော လက္ခဏာရှိ၏။ ဘုရားသခင်ကိုမသိသောသူ သည် ထိုသို့သော နေရာသို့ ရောက်လိမ့်မည်ဟု မြွက်ဆိ၏။
ဖျက်ဆီးရာနေ့ရက်ကာလဘို့ မတရားသော သူတို့သည် ယခုဘေးလွတ်လိမ့်မည်အကြောင်း၊ ဒေါသ အမျက်ခံရာနေ့ရက်ကာလဘို့ယခုထွက်မြောက်လိမ့်မည် အကြောင်းတည်းဟူသောသူတို့လက္ခဏာသက်သေများကို မသိကြသလော။
လူဆိုးအား ဘုရားသခင်ပေးတော်မူသောဆုလပ်၊ ညှဉ်းဆဲတတ်သောသူသည်အနန္တတန်ခိုးရှင်၏ လက်တော်မှ ခံရသော အမွေဥစ္စာဟူမူကား၊
ဤသည်ကားသင်တို့ကံကြမ္မာဖြစ်လိမ့်မည် ဟုထာဝရဘုရားကမိန့်တော်မူလေပြီ။ သင်တို့သည်ကိုယ်တော်အားမေ့လျော့ကာ ဘုရားအတုအယောင်များကိုယုံကြည် အားကိုးကြသည်ဖြစ်၍၊ ကိုယ်တော်သည် သင်တို့အားဤသို့စီရင်ရန်ဆုံးဖြတ် တော်မူခြင်းဖြစ်၏။-
သူ့ကိုပြင်းစွာကြိမ်ဒဏ်ခတ်၍ကြောင်သူတော်တို့ ခံရသောကံကြမ္မာဆိုးကိုခံစေလိမ့်မည်။ သူသည် ငိုကြွေးမြည်တမ်း၍အံသွားခဲကြိတ်လျက်နေရ လိမ့်မည်။