ယောဘဝတ္တု။ 16:22 - Common Language Bible နှစ်ပေါင်းမကြာမမြင့်မှီ တဖန်ပြန်၍ မလာရ သောလမ်းသို့ ငါလိုက်သွားရတော့မည်။ Garrad Bible အ သို့ ဆို သော်၊ မ ပြန် လမ်း ဖြင့်၊ နှစ် ပေါင်း မ ကြား မ မြင့် မီ၊ ထွက် သွား ရ လ တ္တံ့။ Judson Bible နှစ်ပေါင်းမကြာမမြင့်မီ တစ်ဖန်ပြန်၍ မလာရသောလမ်းသို့ ငါလိုက်သွားရတော့မည်။ မြန်မာ့စံမီသမ္မာကျမ်း နှစ်များလည်း ကုန်ဆုံးလုပြီ။ ပြန်လမ်းမရှိသောခရီးကို ငါသွားရတော့မည်။ |
လူသည် သေလျှင်အသက်ရှင်ပြန်ပါလိမ့်မည်လော။ အကျွန်ုပ် ပြောင်းလဲချိန်မရောက်မှီ၊ ပင်ပန်းစွာ အမှုထမ်းရသော နေ့ရက်ကာလပတ်လုံးသည်းခံလျက်နေ ပါမည်။
လူ၏နေ့ရက်တို့ကို မှတ်သား၍၊ သူနေရသော လအရေအတွက်ကို ကိုယ်တော်သည်သိသဖြင့်၊ သူ မလွန်နိုင်သော အပိုင်းအခြားကို ထားတော်မူသော ကြောင့်၊
လူသည် မိမိအသိအကျွမ်းနှင့်ဆွေးနွေးသကဲ့သို့ ဘုရားသခင်နှင့် ဆွေးနွေးရသောအခွင့်ရှိပါစေသော။
ထိုကာလ၌ မြင့်သောအရာတို့ကို ကြောက်ကြ လိမ့်မည်။ လမ်း၌ဘေးတွေ့မည်ဟု ထင်ကြလိမ့်မည်။ ဗာတံပင်ပွင့်လိမ့်မည်။ ကျိုင်းကောင်သည် မိမိ၌မိမိ လေးလိမ့်မည်။ အလိုဆန္ဒလျော့လိမ့်မည်။ အကြောင်းမူ ကား၊ လူသည်ထာဝရနေရာသို့ သွားဆဲရှိ၍၊ ငိုခြင်းသည် တို့သည် လမ်းတို့၌ လှည့်လည်ကြ၏။