သို့သော်လည်း ငါသည် သင်တို့ကဲ့သို့ဥာဏ်ရှိ၏။ သင်တို့ထက် ငါယုတ်ညံ့သည်မဟုတ်။ ဤကဲ့သို့သော အရာများကို အဘယ်သူသည် နားမလည်းဘဲနေသနည်း။
ယောဘဝတ္တု။ 15:9 - Common Language Bible ငါတို့မသိ၊ သင်သိသောအရာမည်မျှရှိသနည်း။ ငါတို့၌မပါ၊ သင်နားလည်သောအရာမည်မျှရှိသနည်း။ Garrad Bible အ ကျွန်ုပ် တို့ မ သိ ဘဲ၊ မည် သည် ကို သိ သ နည်း။ အ ကျွန်ုပ် တို့ နား မ လည် ဘဲ၊ မည် သည် ကို နား လည် သ နည်း။ Judson Bible ငါတို့မသိ၊ သင်သိသောအရာ မည်မျှရှိသနည်း။ ငါတို့၌မပါ၊ သင်နားလည်သောအရာ မည်မျှရှိသနည်း။ မြန်မာ့စံမီသမ္မာကျမ်း ငါတို့မသိဘဲ သင်သာသိသောအရာရှိသလော။ ငါတို့နားမလည်ဘဲ သင်သာနားလည်သောအရာရှိသလော။ |
သို့သော်လည်း ငါသည် သင်တို့ကဲ့သို့ဥာဏ်ရှိ၏။ သင်တို့ထက် ငါယုတ်ညံ့သည်မဟုတ်။ ဤကဲ့သို့သော အရာများကို အဘယ်သူသည် နားမလည်းဘဲနေသနည်း။
ငါက``ဤပရောဖက်များအနက်အဘယ်သူ မျှ ထာဝရဘုရား၏လျှို့ဝှက်သောအကြံ အစည်တော်တို့ကိုသိရှိသည်ဟူ၍မရှိ။ အဘယ်သူမျှကိုယ်တော်၏ဗျာဒိတ်တော် ကိုကြားသည်၊ နားလည်သည်ဟူ၍မရှိကြ။ သူတို့သည်အဘယ်အခါ၌မျှထာဝရ ဘုရားမိန့်တော်မူသောစကားကိုနား မထောင်။ ပမာဏလည်းမပြုကြ။-
သင်တို့သည်အပြင်အပလက္ခဏာများကိုသာ ကြည့်ရှုတတ်ကြ၏။ သင်တို့အနက်မိမိကိုယ် ကိုခရစ်တော်၏တပည့်ဖြစ်သည်ဟုစိတ်ချသူ ရှိလျှင် ထိုသူသည်ခရစ်တော်၏တပည့်ဖြစ် သကဲ့သို့ ငါတို့သည်လည်းခရစ်တော်၏တပည့် များဖြစ်ကြောင်းကိုပြန်လည်စဉ်းစားကြည့် စေ။-
ငါသည်သင်တို့၏ထူးမြတ်လှသည့်တမန် တော်များထက်အနည်းငယ်မျှမနိမ့်ဟုငါ ယူဆ၏။-