ယောဘဝတ္တု။ 10:5 - Common Language Bible ကိုယ်တော်၏နေ့ရက်တို့သည် လူနေ့ရက်ကဲ့သို့ ဖြစ်ပါသလော။ ကိုယ်တော်၏နှစ်တို့သည် လူယောက်ျား နေ့ရက်ကဲ့သို့ ဖြစ်ပါသလော။ Garrad Bible အ ကျွန်ုပ် သည် လူ ဆိုး မ ဟုတ် ကြောင်း ကို လည်း ကောင်း၊ လက် တော် မှ ကယ် လွှတ် နိုင် သူ မ ရှိ ကြောင်း ကို လည်း ကောင်း၊ သိ တော် မူ ပါ လျက်၊ အ ကျွန်ုပ်၏ အ ပြစ် ဒု စ ရိုက် ကို စီ စစ် ရှာ ဖွေ တော် မူ သည် မှာ၊ ကိုယ် တော်၏ အ သက် တာ နှစ် များ သည်၊ လူ တို့၏ အ သက် တန်း နှင့် တူ မျှ ပါ သ လော။ Judson Bible ကိုယ်တော်၏နေ့ရက်တို့သည် လူနေ့ရက်ကဲ့သို့ ဖြစ်ပါသလော။ ကိုယ်တော်၏နှစ်တို့သည် လူယောက်ျားနေ့ရက်ကဲ့သို့ ဖြစ်ပါသလော။ မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်၏နေ့ရက်တို့သည် လူ၏နေ့ရက်တို့နှင့် တူသလော။ ကိုယ်တော်၏နှစ်တို့သည် လူ၏နှစ်တို့နှင့် တူသလော။ |
ဘုရားသခင်သည် ကြီးမြတ်တော်မူ၏။ ငါတို့ သည် ဘုရားသခင်ကို မသိနိုင်။ အသက်တော်နှစ်ပေါင်း ကို စစ်၍မကုန်နိုင်ကြ။
သို့ရာတွင် အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ထာဝရဘုရင်ဖြစ် တော်မူပါ၏။ နာမတော်သည်ကာလအစဉ်အဆက်တည်လိမ့်မည်။
ကျွန်တော်မျိုးတို့၏သားမြေးများသည် ဘေးမဲ့လုံခြုံစွာနေရပါလိမ့်မည်။ သူတို့၏အမျိုးအနွယ်များသည်လည်း ကိုယ်တော်ရှင်၏ထံတော်၌လုံခြုံစွာခိုလှုံ ရပါလိမ့်မည်။
ကိုယ်တော်ရှင်သည်ဝတ်လုံအင်္ကျီကိုလိပ်သကဲ့သို့ ထိုအရာများကိုလိပ်တော်မူလိမ့်မည်။ ထိုအရာများသည်အဝတ်အထည်များကဲ့သို့ ပြောင်းလဲလိမ့်မည်။ သို့ရာတွင်ကိုယ်တော်မူကားပြောင်းလဲတော် မမူပါ။ အသက်တော်သည်ကုန်ဆုံးလိမ့်မည်မဟုတ်ပါ'' ဟုမိန့်တော်မူ၏။
သို့ရာတွင်ငါ၏ချစ်ဆွေတို့၊ ထာဝရဘုရား ၏အဖို့တစ်ရက်သည်နှစ်တစ်ထောင်ကဲ့သို့လည်း ကောင်း၊ နှစ်တစ်ထောင်သည်တစ်ရက်ကဲ့သို့လည်း ကောင်းဖြစ်သည်ကိုမမေ့လျော့ကြနှင့်။-