ကိုယ်တော်သည် သူ့ကိုယ်မှစ၍ သူ့အိမ်နှင့် သူ့ဥစ္စာ ရှိသမျှ ပတ်လည်၌ စောင်ရန်းကာတော်မူသည် မဟုတ်လော။ သူပြုလေသမျှတို့ကို ကောင်းကြီးပေးတော်မူပြီ။ သူ့သို့းနွားအစရှိသော တိရစ္ဆာန်တို့သည် မြေပေါ်မှာ အလွန်ပွားများကြပြီ။
ယောဘဝတ္တု။ 1:9 - Common Language Bible စာတန်ကလည်း၊ ယောဘသည် အကျိုးမရဘဲ ဘုရားဝတ်ကို ပြုသလော။ Garrad Bible စာ တန် က ယော ဘ သည်၊ ဘု ရား သ ခင် ကို အ ကျိုး မဲ့ ခန့် ညား ပါ သ လော။ Judson Bible စာတန်ကလည်း၊ ယောဘသည်အကျိုးမရဘဲ ဘုရားဝတ်ကို ပြုသလော။ မြန်မာ့စံမီသမ္မာကျမ်း စာတန်ကလည်း ထာဝရဘုရားအား “ယောဘသည် ဘုရားသခင်ကို အကြောင်းမဲ့ကြောက်ရွံ့ရိုသေပါမည်လော။ |
ကိုယ်တော်သည် သူ့ကိုယ်မှစ၍ သူ့အိမ်နှင့် သူ့ဥစ္စာ ရှိသမျှ ပတ်လည်၌ စောင်ရန်းကာတော်မူသည် မဟုတ်လော။ သူပြုလေသမျှတို့ကို ကောင်းကြီးပေးတော်မူပြီ။ သူ့သို့းနွားအစရှိသော တိရစ္ဆာန်တို့သည် မြေပေါ်မှာ အလွန်ပွားများကြပြီ။
အဝတ်မပါဘဲ အမိဝမ်းထဲသို့ ပြန်သွားတော့မည်။ ထာဝရဘုရားပေးတော်မူ၏။ ထာဝရဘုရားလည်း ရုပ်သိမ်းတော်မူ၏။ ထာဝရဘုရား၏ နာမတော်သည် မင်္ဂလာရှိပါစေသတည်းဟု ဆိုလေ၏။
ယောဘကလည်း၊ မိန်းမမိုက်ပြောတတ်သကဲ့သို့ သင်သည်ပြော၏။ အဘယ်သို့နည်း။ ငါတို့သည် ဘုရား သခင်၏လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလောဟုဆို၏။ ယောဘ သည် ဤအမှုများနှင့် တွေ့ကြုံသော်လည်း နှုတ်ဖြင့်မျှမမှားယွင်း။
အနန္တတန်ခိုးရှင်ထာဝရဘုရားက``ငါ ၏ယဇ်ပလ္လင်ပေါ်တွင်ညစ်ညမ်းသည့်မီးများ ကိုသင်တို့မထည့်နိုင်စေရန် ဗိမာန်တော် တံခါးများကိုပိတ်ထားမည့်သူရှိလျှင် အဘယ်မျှကောင်းလိမ့်မည်နည်း။ ငါသည် သင်တို့ကိုမနှစ်သက်။ ငါ့ထံသို့သင်တို့ ယူဆောင်လာသောပူဇော်သကာကိုလည်း လက်မခံလို။-
လူသည်လောကတစ်ခုလုံးကိုအစိုးရသော်လည်း မိမိ၏အသက်ဆုံးရှုံးလျှင်အဘယ်အကျိုးရှိ မည်နည်း။ မိမိ၏အသက်ကိုအဘယ်အရာနှင့် လဲလှယ်နိုင်မည်နည်း။-
ကာယဆိုင်ရာလေ့ကျင့်မှုသည်အကျိုးပေးသင့် သလောက်ပေး၏။ ဝိညာဉ်ရေးဆိုင်ရာလေ့ကျင့်မှု သည်ကားယခုဘဝနောင်ဘဝအတွက်အရာ ရာ၌အကျိုးကိုပေး၏။-
ငါတို့သည်ရှိသမျှဖြင့်တင်းတိမ်ရောင့်ရဲ တတ်ကြပါမူ ဘာသာရေးမှကြီးမားသော အမြတ်အစွန်းကိုအမှန်ပင်ရရှိနိုင်ကြ ပေသည်။-
ကမ္ဘာသူကမ္ဘာသားတို့အားလှည့်ဖြားသူနတ် မိစ္ဆာဘုရင်ဟူ၍လည်းကောင်း၊ စာတန်ဟူ၍ လည်းကောင်းခေါ်ဝေါ်ခြင်းခံရသူရှေးမြွေ နဂါးကြီးသည် မိမိ၏ဘက်သားကောင်းကင် တမန်များနှင့်အတူကမ္ဘာမြေပေါ်သို့ပစ်ချ ခြင်းကိုခံရလေသည်။