``ငါ၏အစေခံမောရှေ၏ပညတ်တရား များကိုလည်းကောင်း၊ ဣသရေလအမျိုး သားတို့လိုက်နာကြရန်သိနာတောင်ပေါ် တွင်သူ့အားငါပေးအပ်ခဲ့သည့်နည်းဥပဒေ များနှင့်ကျင့်ထုံးကျင့်နည်းများကိုလည်း ကောင်းအောက်မေ့သတိရကြလော့။
ယုဒ 1:17 - Common Language Bible သို့ရာတွင်ချစ်ဆွေတို့၊ ငါတို့အရှင်သခင် ယေရှုခရစ်၏တမန်တော်များက၊- Garrad Bible ချစ် သား ဖြစ် သော သင် တို့ မူ ကား အ န္တိ မ ကာ လ တွင် ကိုယ် မ တ ရား သော၊ တပ် မက် ခြင်း များ ကို လိုက် စား သော လူ သ ရော် တို့ ပေါ် လာ မည် ဟု ငါ တို့ အ ရှင် ယေ ရှု ခ ရစ်၏ တ မန် တော် တို့ အ ထက် ဟော ပြော သော စ ကား များ ကို သ တိ ရ ကြ လော့။ Judson Bible ချစ်သူတို့၊ နောက်ဆုံးသောကာလ၌၊ မိမိတို့မတရားသော တပ်မက်ခြင်းအတိုင်း ကျင့်နေ၍၊ ပြက်ရယ်ပြုတတ်သော သူတို့သည် ပေါ်ကြလိမ့်မည်ဟု ငါတို့သခင်ယေရှုခရစ်၏ တမန်တော်တို့သည် ဟောပြောနှင့်သော စကားများကို အောက်မေ့ကြလော့။- မြန်မာ့စံမီသမ္မာကျမ်း ချစ်ရသောသူတို့၊ သင်တို့မူကား ငါတို့သခင်ယေရှုခရစ်တော်၏တမန်တော်များ ကြိုတင်ပြောထားခဲ့သောစကားတို့ကို သတိရကြလော့။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ချစ်ရသောသူတို့… ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်၏ တမန်တော်များ ကြိုတင်ဟောပြောခဲ့သောစကားများကို သတိရကြလော့။ |
``ငါ၏အစေခံမောရှေ၏ပညတ်တရား များကိုလည်းကောင်း၊ ဣသရေလအမျိုး သားတို့လိုက်နာကြရန်သိနာတောင်ပေါ် တွင်သူ့အားငါပေးအပ်ခဲ့သည့်နည်းဥပဒေ များနှင့်ကျင့်ထုံးကျင့်နည်းများကိုလည်း ကောင်းအောက်မေ့သတိရကြလော့။
ငါ၏နည်းတူသင်တို့သည်လည်းခပ်သိမ်းသော အခြေအနေတွင် အလုပ်ကိုကြိုးစား၍လုပ် ပြီးလျှင် နွမ်းပါးသူတို့ကိုကူညီမစကြရန် ငါပြသခဲ့ပြီ။ သခင်ယေရှုက `စွန့်ကြဲခြင်း သည်အစွန့်ကြဲခံခြင်းထက်ပို၍မင်္ဂလာရှိ၏' ဟုမိန့်တော်မူခဲ့သည်ကိုသတိရကြလော့'' ဟုဆို၏။
သင်တို့သည်လည်းတမန်တော်များနှင့်ပရောဖက် များချမှတ်ခဲ့သည့်တိုက်မြစ်အပေါ်တွင်တည် ဆောက်လျက်ရှိသည့်အဆောက်အအုံဖြစ်ကြ၏။ ထိုအဆောက်အအုံ၏အရေးအကြီးဆုံးသော ထောင့်ချုပ်ကျောက်ကားခရစ်တော်ယေရှုပင်ဖြစ် သတည်း။-
လူသားတို့အားဆုကျေးဇူးများကိုချပေး တော်မူသောအရှင်သည်လည်း ကိုယ်တော်ပင်ဖြစ် ပေသည်။ ကိုယ်တော်သည်လူအချို့တို့ကိုတမန် တော်အရာ၌လည်းကောင်း၊ အချို့တို့ကိုပရော ဖက်အရာ၌လည်းကောင်း၊ အချို့တို့ကိုဧဝံ ဂေလိတရားဟောဆရာအရာ၌လည်းကောင်း၊ အချို့တို့ကိုသင်းအုပ်ဆရာနှင့်ဋ္ဌမ္မပညာဆရာ အရာ၌လည်းကောင်းခန့်ထားတော်မူ၏။-
ဤမျှထူးမြတ်သည့်ကယ်တင်ခြင်းတရား တော်ကိုငါတို့ဂရုမစိုက်ဘဲနေကြပါမူ အဘယ်သို့လျှင်ငါတို့သည်အပြစ်ဒဏ် စီရင်ခြင်းနှင့်ကင်းလွတ်နိုင်ကြပါမည်နည်း။ ထိုကယ်တင်ခြင်းတရားတော်ကိုသခင် ဘုရားကိုယ်တော်တိုင် ဦးစွာပထမဟော ကြားတော်မူ၍ကြားနာရသူတို့ကငါ တို့အား ထိုတရားတော်မှန်ကန်ကြောင်းကို သက်သေပြခဲ့ကြ၏။-
သို့ရာတွင်ငါတို့သည်ဘုရားသခင်၏ဘက် တော်သားများဖြစ်ကြ၏။ ဘုရားသခင်ကိုသိ သောသူသည်ငါတို့စကားကိုနားထောင်တတ်၏။ ဘုရားသခင်၏ဘက်တော်သားမဟုတ်သူမူ ကားငါတို့စကားကိုနားမထောင်တတ်။ ဤ သို့လျှင်ငါတို့သည်သမ္မာဝိညာဉ်နှင့်မိစ္ဆာ ဝိညာဉ်ကိုခွဲခြား၍သိရှိနိုင်ကြ၏။
ချစ်ဆွေတို့၊ ငါတို့အားလုံးယုံကြည်လက်ခံ ကြသည့်ကယ်တင်ခြင်းအကြောင်းကို ငါသည် သင်တို့ထံစာရေးရန်ကြိုးစားခဲ့၏။ သို့ရာ တွင်ကိုယ်တော်၏လူစုအား ဘုရားသခင် အပြီးအပိုင်ပေးအပ်တော်မူသည့်ယုံကြည် ခြင်းကိုကြံ့ကြံ့ခံကာကွယ်ကြရန် သင်တို့ ထံချက်ချင်းပင်စာရေး၍အားပေးတိုက် တွန်းရန်လိုအပ်လာ၏။-