ဘုရားသခင်နှင့် အကျွမ်းဝင်၍ မိဿဟာယဖွဲ့လော့။ ထိုသို့ပြုမှ ကောင်းစားခြင်းသို့ ရောက်ရလိမ့်မည်။
မဿဲ 5:25 - Common Language Bible ``တစ်စုံတစ်ယောက်သည်ရုံးတော်တွင်သင့်အား တရားစွဲလျှင်သူနှင့်အတူလမ်းခရီး၌ရှိနေ စဉ်သူနှင့်လျင်မြန်စွာပြန်လည်သင့်မြတ်အောင်ပြု လော့။ သို့မပြုပါမူသူသည်သင့်အားတရား သူကြီး၏လက်သို့အပ်၍ တရားသူကြီးသည် လည်းထောင်မှူးလက်သို့အပ်ပြီးလျှင်သင့်ကို ထောင်ချထားလိမ့်မည်။- Garrad Bible သင် သည် တ ရား ဘက် နှင့် အ တူ လမ်း သွား လျက် ရှိ စဉ် သင့် တင့် အောင် အ လျင် အ မြန် ပြု လော့။ သို့ မ ဟုတ် ထို သူ သည် တ ရား သူ ကြီး ထံ အပ် နှံ၍ တ ရား သူ ကြီး က လည်း အာ ဏာ သား ထံ အပ် သ ဖြင့် သင့် ကို ထောင် ချ မည့် စိုး ရိမ် ရန် ရှိ၏။ Judson Bible တရားတွေ့ဖက်နှင့်အတူ လမ်း၌သွားစဉ်တွင်ပင်၊ သူ၏စိတ်ကို ပြေစေခြင်းငှာ အလျင်အမြန်ပြုလော့။ သို့မဟုတ် တရားတွေ့ဖက်သည် တရားသူကြီး၌ အပ်မည်။ တရားသူကြီးသည်လည်း လုလင်ခေါင်း၌အပ်၍ ထောင်ထဲ၌ လှောင်ထားမည်။- မြန်မာ့စံမီသမ္မာကျမ်း သင်သည် သင့်ကိုတရားစွဲဆိုသူနှင့်အတူလမ်း၌ရှိစဉ် သူနှင့်သင့်မြတ်အောင် အလျင်အမြန်ပြုလော့။ သို့မဟုတ်ပါက ထိုတရားစွဲဆိုသူသည် သင့်ကို တရားသူကြီးထံအပ်၍ တရားသူကြီးသည် အစောင့်တပ်သားထံအပ်သဖြင့် သင်သည် ထောင်ထဲ၌ ထည့်ထားခြင်းခံရလိမ့်မည်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်သည် တရားလိုနှင့်အတူ တရားရုံးသို့ သွားသောအခါ ထိုသူနှင့် အမှုကျေအေးစေရန် လမ်း၌ပင် အလျင်အမြန်လုပ်ဆောင်လော့။ ထိုသို့မဟုတ်လျှင် တရားလိုသည် သင့်ကို တရားသူကြီးလက်သို့ အပ်လိမ့်မည်။ ထိုတရားသူကြီးသည်လည်း အရာရှိထံသို့အပ်သဖြင့် သင်သည် ထောင်ချခံရလိမ့်မည်။ မြန်မာ တရားတွေ့ဖက်နှင့်အတူ လမ်း၌သွားစဉ်တွင်ပင်၊ သူ၏စိတ်ကို ပြေစေခြင်းငှာ အလျင်အမြန်ပြုလော့။ သို့မဟုတ် တရားတွေ့ဖက်သည် တရားသူကြီး၌ အပ်မည်။ တရားသူကြီးသည်လည်း လုလင်ခေါင်း၌အပ်၍ ထောင်ထဲ၌ လှောင်ထားမည်။- |
ဘုရားသခင်နှင့် အကျွမ်းဝင်၍ မိဿဟာယဖွဲ့လော့။ ထိုသို့ပြုမှ ကောင်းစားခြင်းသို့ ရောက်ရလိမ့်မည်။
သို့ဖြစ်၍ကိုယ်တော်ရှင်အားသစ္စာစောင့်သူတို့သည် အရေးကြုံသည့်အခါများ၌ အထံတော်သို့ဆုတောင်းပတ္ထနာပြုသင့်ကြ ပါသည်။ အဟုန်ပြင်းစွာလွှမ်းမိုး၍လာသောရေသည် သူတို့ထံသို့ရောက်ရှိလိမ့်မည်မဟုတ်ပါ။
ပေတရုသည်ခပ်လှမ်းလှမ်းကနေ၍ယဇ်ပုရော ဟိတ်မင်း၏ကျောင်းတော်ဝင်းတိုင်အောင်ကိုယ်တော် ၏နောက်ကလိုက်လာခဲ့၏။ ထိုနောက်ဝင်းထဲသို့ ဝင်၍ကိုယ်တော်၏အမှုမည်သို့အဆုံးသတ်မည် ကိုသိရှိနိုင်ရန် ယဇ်ပုရောဟိတ်မင်း၏ကိုယ်ရံတော် တပ်သားများနှင့်အတူထိုင်လျက်နေ၏။-
ထိုမြို့မှာပင်မုဆိုးမတစ်ယောက်ရှိ၏။ သူသည် တရားသူကြီး၏ထံသို့အကြိမ်ကြိမ်လာ ၍ `ကျွန်မ၏တရားတွေ့ဘက်အပေါ်တွင် အနိုင်ရအောင်စီရင်တော်မူပါ' ဟုလျှောက် ထား၏။-
ဘုရားသခင်က၊ ``ငါသည်သင်တို့ကိုကျေးဇူးပြုရန် အချိန်ကျရောက်သောအခါ၊ သင်တို့လျှောက်ထားချက်ကိုနားညောင်းခဲ့ လေပြီ။ ကယ်တင်ရာနေ့ရက်ကျရောက်သောအခါ သင်တို့အားကူမခဲ့လေပြီ'' ဟုမိန့်တော်မူသည်ကိုနားထောင်ကြလော့။ ကိုယ် တော်၏ကျေးဇူးပြုခြင်းကိုခံယူရန်အချိန် ကားယခုပင်ဖြစ်၏။ ကယ်တင်ရာနေ့ရက်ကာလ သည်ယနေ့ပင်ဖြစ်သတည်း။
သင်တို့သိသည့်အတိုင်း သူသည်နောင်အခါမှ ဖခင်၏ကောင်းချီးကိုခံယူရန်အလိုရှိ၏။ သို့ရာတွင်မရရှိခဲ့။ အဘယ်ကြောင့်ဆိုသော် သူသည်မိမိပြုပြီးသည့်အမှုကိုပြန်လည် ပြင်ဆင်ရန် နည်းလမ်းကိုမျက်ရည်ကျလျက် ရှာသော်လည်းမတွေ့နိုင်သောကြောင့်ဖြစ်၏။
သင်တို့သည်အပြစ်ဒုစရိုက်၏လှည့်စားမှုကို ခံရကာခေါင်းမမာကြစေရန် ကျမ်းစာတွင် ဖော်ပြသည့်`ယနေ့' ဟူသောစကားရပ်သည် ငါတို့နှင့်ဆိုင်သမျှကာလပတ်လုံးနေ့စဉ် နေ့တိုင်း အချင်းချင်းတစ်ယောက်ကိုတစ် ယောက်ကူညီမစရမည်။-
သို့ဖြစ်၍သန့်ရှင်းသောဝိညာဉ်တော်က အောက်ပါအတိုင်းမိန့်တော်မူသည်။ ``ဘုရားသခင်၏အသံတော်ကိုယနေ့ကြား လျှင်