ပူဇော်သကာကိုထားခဲ့ပြီးလျှင်ထိုသူ၏ကျေ နပ်မှုကိုရယူလော့။ ထိုနောက်ပြန်၍သင်၏ပူဇော် သကာကိုဆက်သလော့။
ပူ ဇော် သ က္ကာ ကို ပ လ္လင် တော် ရှေ့ ထား ခဲ့၍ သွား ဦး လော့။ ထို သူ နှင့် ကြေ ဧ ပြီး မှ ပြန် လာ ဆက် ကပ် လော့။
ညီအစ်ကိုနှင့် သင့်တင့်ပြီးမှ ပြန်၍ ပူဇော်သကာကို တင်လော့။-
သင်၏ပူဇော်သက္ကာကို ယဇ်ပလ္လင်ရှေ့တွင်ထားခဲ့ပြီး သင်၏ညီအစ်ကိုထံသို့ ဦးစွာသွား၍ သူနှင့်ပြန်လည်သင့်မြတ်အောင်ပြုလော့။ ထို့နောက်မှ ပြန်လာ၍ သင်၏ပူဇော်သက္ကာကို ဆက်သလော့။
ထိုပူဇော်စရာကို ယဇ်ပလ္လင်ရှေ့တွင် ချထား၍ ထိုသူထံသို့ သွားလော့။ သူနှင့် ပြန်လည်သင့်မြတ်ရန် ဦးစွာလုပ်ဆောင်ပြီးနောက် ပြန်လာ၍ ပူဇော်စရာကို ဘုရားသခင်ထံ ဆက်သလော့။
သို့ဖြစ်၍ နွားထီးခုနစ်ကောင်နှင့် သိုးထီးခုနစ် ကောင်တို့ကိုယူ ပြီးလျှင်၊ ငါ့ကျွန်ယောဘ ထံသို့သွား၍၊ မိမိတို့မီးရှို့ရာယဇ်ကို ပူဇော်ကြလော့။ ငါ့ကျွန်ယောဘသည် သင်တို့အဘို့ ဆုတောင်းရမည်။ သူ၏မျက်နှာကို ငါထောက်မည်။ သို့မဟုတ်ငါ့ကျွန်ယောဘသည် ငါ့ အကြောင်းအရာတို့ကို ဟုတ်မှန်စွာပြောသကဲ့သို့၊ သင်တို့ သည် မပြောသောအပြစ်နှင့် အလျောက်ငါစီရင်မည်ဟု မိန့်တော်မူ၏။
``ကြောင်သူတော်ဖာရိရှဲနှင့်ကျမ်းတတ်ဆရာတို့၊ သင်တို့သည်အမင်္ဂလာရှိကြ၏။ သင်တို့သည် ပင်စိမ်း၊စမွတ်နှင့်ဇီယာတို့ကိုဆယ်ဖို့တစ်ဖို့ ပေးလှူကြသော်လည်းတရားမျှတမှု၊ သနား ကြင်နာမှု၊ ရိုးသားဖြောင့်မတ်မှုစသည့်ပညတ် ကျမ်းမှအကယ်ပင်အရေးကြီးသောသွန်သင် ချက်များကိုမူကားလျစ်လူပြုကြ၏။-
သို့ဖြစ်၍သင်သည်ယဇ်ပလ္လင်တော်တွင်ပူဇော် သကာဆက်သမည်ပြုစဉ် မိမိအပေါ်၌ညီအစ်ကို တစ်ဦးတစ်ယောက်၏မကျေနပ်မှုကိုသတိရ ခဲ့သော်၊-
ဆားသည်အသုံးဝင်၏။ သို့သော်ဆားမှအငန်ကင်း ပျောက်သွားပါမူ သင်တို့သည်ယင်းကိုအဘယ်သို့ ပြန်၍ငန်အောင်ပြုနိုင်ပါမည်နည်း။ ``သင်တို့၌မိတ်ဖွဲ့ခြင်းတည်းဟူသောဆားရှိစေ ပြီးလျှင် အချင်းချင်းငြိမ်းချမ်းစွာနေကြလော့'' ဟုမိန့်တော်မူ၏။
ထို့ကြောင့်လူတိုင်းမိမိကိုယ်ကိုစစ်ဆေးပြီးမှ မုန့်ကိုစား၍ ခွက်ဖလားမှစပျစ်ရည်ကိုသောက် စေ။-
ကိုးကွယ်ဝတ်ပြုရန်စုဝေးသည့်အခါတိုင်း ၌အမျိုးသားတို့အားဆုတောင်းပတ္ထနာပြု စေလို၏။ သူတို့သည်ဘုရားသခင်အား ဆက်ကပ်ထားသူများဖြစ်ပြီးလျှင်အမျက် ထွက်ခြင်း၊ ငြင်းခုံခြင်းသဘောမရှိဘဲ လက်အုပ်ချီ၍ဆုတောင်းပတ္ထနာပြုရ ကြမည်။-
သို့ဖြစ်၍သင်တို့အချင်းချင်းမိမိတို့၏ အပြစ်များကိုဖော်ပြဝန်ခံ၍ အချင်းချင်း အတွက်ဆုတောင်းသဖြင့်သင်တို့၏ရောဂါ များပျောက်ကင်းလိမ့်မည်။ သူတော်ကောင်း၏ ဆုတောင်းပတ္ထနာသည်အလွန်တန်ခိုးပါ၏။-