တန်ခိုးစွမ်းရည်ကြီးမား၍ကိုယ်တော်၏ အမိန့်တော်များကိုလိုက်နာလျက် ကိုယ်တော်၏စကားကိုနားထောင်သော ကောင်းကင်တမန်တို့၊ ထာဝရဘုရားအားထောမနာပြုကြလော့။
မဿဲ 22:30 - Common Language Bible လူတို့သည်သေခြင်းမှရှင်ပြန်ထမြောက်ကြသော အခါထိမ်းမြားစုံဖက်ခြင်းကိုမပြုတော့ပြီ။ သူ တို့သည်ကောင်းကင်တမန်များကဲ့သို့ဖြစ်ကြ လိမ့်မည်။- Garrad Bible အိမ် ထောင် ခြင်း၊ ပေး စား ခြင်း မ ရှိ၊ ကောင်း ကင် ဘုံ ရှိ စေ တ မန် တော် တို့ ကဲ့ သို့ ဖြစ် ကြ၏။ Judson Bible ထမြောက်ရာကာလ၌ စုံဖက်ခြင်းကို မပြု၊ ထိမ်းမြားပေးစားခြင်းကို မပြု။- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ရှင်ပြန်ထမြောက်ရာကာလ၌ လူတို့သည် ထိမ်းမြားစုံဖက်ခြင်းကိုမပြု၊ ပေးစားဆောင်နှင်းခြင်းလည်းမရှိဘဲ ကောင်းကင်၌ရှိသော ကောင်းကင်တမန်များကဲ့သို့ ဖြစ်ကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သေရာမှရှင်ပြန်ထမြောက်မည့်ကာလတွင် လူတို့သည် လက်ထပ်ယူခြင်းနှင့် လက်ထပ်ပေးစားခြင်းကို ပြုကြမည်မဟုတ်။ ထိုသူတို့သည် ကောင်းကင်ဘုံရှိ ကောင်းကင်တမန်များကဲ့သို့ဖြစ်ကြလိမ့်မည်။ မြန်မာ ထမြောက်ရာကာလ၌ စုံဖက်ခြင်းကို မပြု၊ ထိမ်းမြားပေးစားခြင်းကို မပြု။- |
တန်ခိုးစွမ်းရည်ကြီးမား၍ကိုယ်တော်၏ အမိန့်တော်များကိုလိုက်နာလျက် ကိုယ်တော်၏စကားကိုနားထောင်သော ကောင်းကင်တမန်တို့၊ ထာဝရဘုရားအားထောမနာပြုကြလော့။
အနန္တတန်ခိုးရှင်ထာဝရဘုရားက``အကယ် ၍သင်သည်ငါ၏ပညတ်တော်တို့ကိုလိုက်နာ ၍ သင့်အားငါပေးအပ်သည့်တာဝန်ဝတ္တရား များကိုဆောင်ရွက်မည်ဆိုပါမူ ငါ၏ဗိမာန် တော်နှင့်ဗိမာန်တော်တံတိုင်းတို့ကိုဆက်လက် စောင့်ထိန်းကြည့်ရှုခွင့်ရလိမ့်မည်။ ငါသည်လည်း မိမိ၏ရှေ့တော်တွင်ရှိသည့်ကောင်းကင်တမန် တို့၏ဆုတောင်းပတ္ထနာများကိုကြားတော် မူသည့်နည်းတူသင်၏ဆုတောင်းပတ္ထနာကို လည်းကြားတော်မူမည်။-
ထိုအခါသူတော်ကောင်းတို့သည်အဖဘုရား၏ နိုင်ငံတော်တွင်နေကဲ့သို့ထွန်းလင်းတောက်ပလျက် နေကြလတ္တံ့။ ကြားတတ်သောနားရှိသူကြားကြ ကုန်လော့။
``သင်တို့သည်အဘယ်ကလေးသူငယ်ကိုမျှ အထင်အမြင်မသေးမိစေရန်သတိထား ကြလော့။ သင်တို့အားငါဆိုသည်ကား၊ ထိုသူငယ် တို့၏ကောင်းကင်တမန်များသည်ကောင်းကင်ဘုံ ရှင်ငါ့ခမည်းတော်၏ရှေ့တော်မှောက်၌အစဉ် မပြတ်ခစားလျက်ရှိကြ၏။-
သေလွန်သူတို့ရှင်ပြန်ထမြောက်ခြင်းရှိရမည် အကြောင်းနှင့်ပတ်သက်၍ `ငါသည်အာဗြဟံ၏ ဘုရား၊ ဣဇက်၏ဘုရား၊ ယာကုပ်၏ဘုရားပေတည်း' ဟုဘုရားသခင်မိန့်တော်မူသည်ကိုသင်တို့မဖတ် ဖူးကြသလော။ ကိုယ်တော်သည်သေလွန်သူတို့၏ ဘုရားမဟုတ်။ ရှင်နေသူတို့၏ဘုရားဖြစ်၏' ဟု မိန့်တော်မူ၏။
ထိုနေ့ရက်ကာလ၌ရေမလွှမ်းမိုးမီ၊ သင်္ဘောထဲ သို့နောဧဝင်သည့်နေ့တိုင်အောင်လူတို့သည်စား လျက်ထိမ်းမြားစုံဖက်လျက်နေကြ၏။-
သင်္ဘောထဲကိုနောဧဝင်ပြီးနောက်ရေလွှမ်းမိုး သဖြင့် လူခပ်သိမ်းတို့သေကျေပျက်စီးကြ သည့်နေ့မတိုင်မီလူတို့သည်စားသောက် လျက်၊ ထိမ်းမြားစုံဖက်လျက်နေခဲ့ကြ၏။-
ထိုအခါငါသည်သူ၏ခြေရင်းတွင်ပျပ်ဝပ် လျက်သူ့အားရှိခိုးမည်ပြု၏။ သို့ရာတွင်ကောင်း ကင်တမန်က``ဤသို့မပြုနှင့်။ ငါသည်သင်နှင့် သင်၏ညီအစ်ကိုများမှစ၍သခင်ယေရှု ဖော်ပြသည့်သမ္မာတရားကိုစောင့်ထိန်းရသူ တို့နှင့်လုပ်ဖော်ဆောင်ဘက်အစေခံတစ်ဦး သာလျှင်ဖြစ်၏။ ဘုရားသခင်ကိုသာရှိခိုး လော့'' ဟုဆို၏။ အဘယ်ကြောင့်ဆိုသော်သခင်ယေရှုဖော်ပြ တော်မူသောသမ္မာတရားသည်ပရောဖက်တို့ အားလှုံ့ဆော်သောကြောင့်တည်း။