ဤကလေးသူငယ်ကဲ့သို့စိတ်နှိမ့်ချသူသည် ကောင်းကင်နိုင်ငံတော်တွင်အကြီးမြတ်ဆုံး ဖြစ်လိမ့်မည်။-
မဿဲ 18:5 - Common Language Bible ငါ၏နာမကိုထောက်၍ဤသို့သောကလေး သူငယ်တစ်စုံတစ်ယောက်ကိုလက်ခံသူသည် ငါ့ကိုလက်ခံ၏။ Garrad Bible ငါ့ နာ မ ကို ထောက်၍ ဤ သို့ သော သူ ငယ် တစ် ယောက် ကို လက် ခံ လျှင် ငါ့ ကို လက် ခံ၏။ Judson Bible အကြင်သူသည် ငါ့မျက်နှာကိုထောက်၍ ဤကဲ့သို့သော သူငယ်တစ်စုံတစ်ယောက်ကို လက်ခံ၏၊ ထိုသူသည် ငါ့ကိုပင် လက်ခံ၏။- မြန်မာ့စံမီသမ္မာကျမ်း ဤသို့သောသူငယ်တစ်ယောက်ကို ငါ၏နာမ၌ လက်ခံသောသူသည်လည်း ငါ့ကိုလက်ခံ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ငါ့မျက်နှာကိုထောက်၍ ဤကဲ့သို့သောကလေးငယ်ကို လက်ခံသောသူသည် ငါ့ကိုလည်းလက်ခံ၏။ မြန်မာ အကြင်သူသည် ငါ့မျက်နှာကိုထောက်၍ ဤကဲ့သို့သော သူငယ်တစ်စုံတစ်ယောက်ကို လက်ခံ၏၊ ထိုသူသည် ငါ့ကိုပင် လက်ခံ၏။- |
ဤကလေးသူငယ်ကဲ့သို့စိတ်နှိမ့်ချသူသည် ကောင်းကင်နိုင်ငံတော်တွင်အကြီးမြတ်ဆုံး ဖြစ်လိမ့်မည်။-
``ငါ့ကိုယုံကြည်ကိုးစားသည့်ကလေးသူငယ် တစ်စုံတစ်ယောက်အားယုံကြည်ခြင်းပျက်ပြယ် စေသောသူမူကား လည်တွင်ကြိတ်ဆုံကျောက်ကြီး ကိုဆွဲလျက်ပင်လယ်နက်ထဲသို့အချခံရလျှင် သူ့အဖို့သာ၍ကောင်း၏။-
ထိုအခါဘုရင်မင်းမြတ်က `အမှန်အကန်သင် တို့အားငါဆိုသည်ကား၊ ဤငါ၏ညီများအနက် အသိမ်ငယ်ဆုံးဖြစ်သူတစ်စုံတစ်ယောက်အား သင်တို့ပြုစုခဲ့သမျှသည်ငါ့အားပြုစုခြင်း ပင်မည်၏' ဟုမိန့်တော်မူလိမ့်မည်။
ထိုအခါဘုရင်မင်းမြတ်က `အမှန်အကန် သင်တို့အားငါဆိုသည်ကား၊ သိမ်ငယ်သည့် ဤသူများအနက်ကတစ်စုံတစ်ယောက်သော သူကိုသင်တို့မပြုမစုဘဲနေခဲ့သမျှသည် ငါ့ကိုမပြုမစုဘဲနေခဲ့ခြင်းပင်မည်၏' ဟု မိန့်တော်မူလိမ့်မည်။-
တောင်းသောသူသည်ရ၏။ ရှာသောသူသည်တွေ့၏။ တံခါးခေါက်သူအား တံခါးကိုဖွင့်၍ပေးလိမ့်မည်။-
ထိုနောက်ထိုသူငယ်ကိုပွေ့တော်မူလျက် ``ငါ ၏နာမကိုထောက်၍ ဤသို့သောသူငယ်တစ်စုံ တစ်ယောက်ကိုလက်ခံသူသည်ငါ့ကိုလက်ခံ၏။ ငါ့ကိုလက်ခံသူသည်ငါ့ကိုသာလက်ခံသည် မဟုတ်။ ငါ့ကိုစေလွှတ်တော်မူသောအရှင်ကို လည်းလက်ခံ၏'' ဟုမိန့်တော်မူ၏။
အမှန်အကန်သင်တို့အားငါဆိုသည်ကား ငါ၏ တပည့်များဖြစ်သည်ကိုထောက်လျက် သင်တို့အား သောက်ရေတစ်ခွက်ကိုပေးသူသည်မုချအကျိုး ခံစားရလိမ့်မည်။
ထိုနောက်ကိုယ်တော်က ``ငါ၏နာမကိုထောက် ၍ဤကလေးသူငယ်ကိုလက်ခံသောသူသည် ငါ့ကိုလက်ခံ၏။ ငါ့ကိုလက်ခံသောသူသည် ငါ့ကိုစေလွှတ်တော်မူသောအရှင်ကိုလက်ခံ ၏။ သင်တို့တွင်အသိမ်ငယ်ဆုံးသောသူသည် အကြီးမြတ်ဆုံးဖြစ်၏'' ဟုမိန့်တော်မူ၏။
အမှန်အကန်သင်တို့အားငါဆိုသည်ကား ငါစေလွှတ်သောသူကိုလက်ခံသူသည်ငါ့ ကိုလက်ခံ၏။ ငါ့ကိုလက်ခံသောသူသည် လည်းငါ့ကိုစေလွှတ်တော်မူသောအရှင်ကို လက်ခံ၏'' ဟုမိန့်တော်မူ၏။
ငါ၏ကျန်းမာရေးအခြေအနေကြောင့်သင်တို့ အတွက်အနှောင့်အယှက်ဖြစ်သော်လည်း သင်တို့ သည်ငါ့ကိုအထင်အမြင်မသေးကြ။ မပစ် ပယ်ကြ။ ငါသည်ဘုရားသခင်၏ကောင်းကင် တမန်တစ်ပါးဖြစ်သကဲ့သို့လည်းကောင်း၊ ခရစ် တော်ယေရှုအားကြိုဆိုသကဲ့သို့လည်းကောင်း သင်တို့ကငါ့အားကြိုဆိုလက်ခံကြ၏။-