ထိုအခါသခင်ယေရှုသည်လက်တော်ကိုဆန့်၍ ပေတရုကိုဆွဲကိုင်တော်မူပြီးလျှင် ``ယုံကြည်ခြင်း နည်းလှပါတကား။ အဘယ်ကြောင့်ယုံမှားသနည်း'' ဟုမိန့်တော်မူ၏။
မဿဲ 16:8 - Common Language Bible ယင်းသို့ပြောဆိုနေသည်ကိုသခင်ယေရှုသိတော် မူသဖြင့် ``သင်တို့သည်အစားအစာမပါသည် ကိုအဘယ်ကြောင့်ဆွေးနွေးနေကြသနည်း။- Garrad Bible အ ချင်း ယုံ ကြည် ခြင်း နည်း ပါး သူ တို့ သင် တို့ သည် မုန့် မ ယူ ခဲ့ မိ သည့် အ ကြောင်း ကို အ ဘယ် ကြောင့် အ ချင်း ချင်း ဆွေး နွေး ကြ သ နည်း။ Judson Bible ယေရှုသည် သိတော်မူလျှင်၊ ယုံကြည်အားနည်းသောသူတို့၊ သင်တို့၌မုန့်မပါသည်ကို ထောက်၍ အဘယ်ကြောင့် အချင်းချင်း ဆွေးနွေးပြောဆိုကြသနည်း။- မြန်မာ့စံမီသမ္မာကျမ်း ထိုသို့ပြောဆိုကြသည်ကို ယေရှုသိတော်မူလျှင်“ယုံကြည်ခြင်းအားနည်းသောသူတို့၊ သင်တို့၌မုန့်မပါကြောင်းကို အဘယ်ကြောင့် အချင်းချင်းအချေအတင်ပြောဆိုကြသနည်း။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့ပြောဆိုကြသည်ကို ယေရှုသိတော်မူသဖြင့် “ယုံကြည်ခြင်းအားနည်းသောသူတို့… သင်တို့၌ စားစရာမပါသည့်အကြောင်းကို အဘယ်ကြောင့်ပြောဆိုနေကြသနည်း။ မြန်မာ ယေရှုသည် သိတော်မူလျှင်၊ ယုံကြည်အားနည်းသောသူတို့၊ သင်တို့၌မုန့်မပါသည်ကို ထောက်၍ အဘယ်ကြောင့် အချင်းချင်း ဆွေးနွေးပြောဆိုကြသနည်း။- |
ထိုအခါသခင်ယေရှုသည်လက်တော်ကိုဆန့်၍ ပေတရုကိုဆွဲကိုင်တော်မူပြီးလျှင် ``ယုံကြည်ခြင်း နည်းလှပါတကား။ အဘယ်ကြောင့်ယုံမှားသနည်း'' ဟုမိန့်တော်မူ၏။
တပည့်တော်တို့သည်မိမိတို့၌စားစရာမပါ လာသည့်အတွက်ဤသို့ကိုယ်တော်မိန့်တော်မူခြင်း ဖြစ်သည်ဟုအချင်းချင်းပြောဆိုလျက်နေကြ၏။
ဘုရားသခင်အပေါ်ယုံကြည်ကိုးစားမှုနည်း သူတို့၊ ယနေ့တောထဲတွင်ရှိ၍နက်ဖြန်မီးထဲသို့ ရောက်ရသောတောမြက်မျိုးကိုဘုရားသခင်သည် ဤသို့ဆင်ယင်ပေးပါလျှင်သင်တို့အားထိုထက် မကဆင်ယင်ပေးတော်မူမည်မဟုတ်လော။
ကိုယ်တော်က ``ယုံကြည်မှုနည်းသူတို့၊ သင်တို့ အဘယ်ကြောင့်ကြောက်လန့်သနည်း'' ဟုမိန့်တော် မူပြီးနောက် အိပ်စက်ရာမှထတော်မူ၍လေနှင့် လှိုင်းများကိုဆုံးမတော်မူ၏။ လေနှင့်လှိုင်းတို့ သည်ငြိမ်သက်သွားကြ၏။
ထိုနောက်တစ်ကျိပ်တစ်ပါးသောတမန်တော်တို့သည် စားပွဲမှာထိုင်၍စားသောက်နေကြစဉ် ကိုယ်တော် သည်သူတို့ကိုကိုယ်ထင်ပြတော်မူ၏။ သူတို့တွင် ယုံကြည်ြခင်းမရှိသြဖင့်လည်းကောင်း၊ ကိုယ်တော် သြေခင်းမှရှင်ပြန်ထမြောက်တော်မူပြီးနောက် ကိုယ်တော်အားဖူးတွေ့ရသူတို့၏စကားကို မယုံနိုင်သည်တိုင်အောင် သူတို့သည်အပြော ရခက်သြဖင့်လည်းကောင်း ကိုယ်တော်သည် သူတို့အားပြစ်တင်ဆုံးမတော်မူ၏။-
ကိုယ်တော်သည်ခပ်သိမ်းသောအရာတို့ကိုသိ တော်မူကြောင်း ယခုအကျွန်ုပ်တို့သိကြပါပြီ။ ကိုယ်တော်အားအဘယ်သူမျှမေးလျှောက်ရန် မလိုတော့ပါ။ သို့ဖြစ်၍ကိုယ်တော်သည်ဘုရား သခင်ထံတော်မှကြွလာတော်မူသောအရှင် ဖြစ်သည် ကိုအကျွန်ုပ်တို့ယုံကြည်ပါ၏'' ဟု လျှောက်ထားကြ၏။
ဘုရားသခင်၏မျက်မှောက်၌မထင်ရှားသော အရာဟူ၍တစ်စုံတစ်ရာမျှမရှိ။ ဖန်ဆင်း တော်မူသောအရာခပ်သိမ်းသည်မျက်မှောက် တော်၌ထင်ရှားလျက်ရှိ၏။ ငါတို့အားလုံး သည်မိမိတို့ပြုသမျှအတွက် ကိုယ်တော်၏ စစ်ကြောစီရင်ခြင်းကိုခံကြရလိမ့်မည်။
သူ၏နောက်လိုက်တို့သည်အသတ်ခံကြရ လိမ့်မည်။ ထိုအခါ၌ငါသည်လူတို့၏စိတ် နှလုံးနှင့်အကြံအစည်တို့ကိုသိမြင် တော်မူသောအရှင်ဖြစ်ကြောင်း အသင်းတော် အပေါင်းတို့သိရှိကြလိမ့်မည်။ သင်တို့ အသီးသီး၏အကျင့်အလျောက်အကျိုး အပြစ်ကိုငါပေးမည်။