သူ၏စကားကိုယောယကိမ်မင်းနှင့်သူ၏ မှူးမတ်များနှင့်စစ်သည်တော်များကြားသော အခါ မင်းကြီးသည်သူ့အားကွပ်မျက်ရန် ကြိုးစား၏။ သို့ရာတွင်ဥရိယသည်ထိုသတင်း ကိုကြားသဖြင့်ကြောက်၍အီဂျစ်ပြည်သို့ ထွက်ပြေးသွားလေသည်။-
မဿဲ 14:5 - Common Language Bible ဟေရုဒ်သည်ယောဟန်ကိုသတ်လိုသော်လည်း ယုဒအမျိုးသားတို့ကိုကြောက်သဖြင့်မသတ် ရဲချေ။ အဘယ်ကြောင့်ဆိုသော်သူတို့သည်ယောဟန် ကိုပရောဖက်တစ်ပါးဟုမှတ်ယူနေကြသော ကြောင့်ဖြစ်၏။ Garrad Bible သတ် လို သော် ပြည် သူ ပြည် သား တို့ သည် ယော ဟန် ကို ပ ရော ဖက် အ ဖြစ် မှတ် ယူ ကြ သော ကြောင့် ကြောက် ရွံ့၏။ Judson Bible ယောဟန်ကိုသတ်ခြင်းငှာ အလိုရှိသော်လည်း၊ လူအပေါင်းတို့၏မျက်နှာကို ထောက်၍ မသတ်ဝံ့ဘဲနေ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ယောဟန်ကို ပရောဖက်ကဲ့သို့ ထင်မှတ်ကြသတည်း။ မြန်မာ့စံမီသမ္မာကျမ်း ဟေရုဒ်သည် ယောဟန်ကိုသတ်လိုသော်လည်း လူထုကိုကြောက်လေ၏။ အကြောင်းမူကား သူတို့သည် ယောဟန်ကို ပရောဖက်တစ်ပါးအဖြစ် မှတ်ယူကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဟေရုဒ်မင်းသည် ယောဟန်ကို သတ်လိုသော်လည်း ဆူပူအုံကြွမည်ကို ကြောက်ရွံ့သဖြင့် မသတ်ဝံ့ပေ။ အဘယ်ကြောင့်ဆိုသော် လူထုသည် ယောဟန်အား ပရောဖက်တစ်ပါးအဖြစ် သတ်မှတ်ထားသောကြောင့် ဖြစ်၏။ မြန်မာ ယောဟန်ကိုသတ်ခြင်းငှာ အလိုရှိသော်လည်း၊ လူအပေါင်းတို့၏မျက်နှာကို ထောက်၍ မသတ်ဝံ့ဘဲနေ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ယောဟန်ကို ပရောဖက်ကဲ့သို့ ထင်မှတ်ကြသတည်း။ |
သူ၏စကားကိုယောယကိမ်မင်းနှင့်သူ၏ မှူးမတ်များနှင့်စစ်သည်တော်များကြားသော အခါ မင်းကြီးသည်သူ့အားကွပ်မျက်ရန် ကြိုးစား၏။ သို့ရာတွင်ဥရိယသည်ထိုသတင်း ကိုကြားသဖြင့်ကြောက်၍အီဂျစ်ပြည်သို့ ထွက်ပြေးသွားလေသည်။-
ထိုသူတို့ကိုကြည့်ရှုရန်မဟုတ်ပါမူအဘယ် ကြောင့်သွားကြသနည်း။ ပရောဖက်ကိုကြည့်ရှု ကြရန်လော။ မှန်ပေ၏။ သင်တို့သည်ပရောဖက် ထက်ကြီးမြတ်သူကိုမြင်ရကြလေပြီဟု သင်တို့အားငါဆို၏။-
သို့ရာတွင်လူတို့၏အခွင့်အာဏာနှင့်ပေးသည် ဟုဆိုရမည်မှာလည်းလူအပေါင်းတို့သည်ယောဟန် ကို ပရောဖက်တစ်ပါးဟုယုံကြည်ကြသဖြင့်လူ ပရိသတ်ကိုငါတို့ကြောက်ရ၏'' ဟုအချင်းချင်း ဆွေးနွေးကြ၏။-
ယောဟန်သည်သင်တို့ထံလာ၍လမ်းမှန်ကိုညွှန်ပြ သော်လည်းသင်တို့သည်သူ့ကိုမယုံကြည်ကြ။ သို့ ရာတွင်အခွန်ခံသူများနှင့်ပြည့်တန်ဆာများမူ ကားယုံကြည်ကြ၏။ ဤအခြင်းအရာကိုတွေ့မြင် ရကြသောအခါ၌ပင်လျှင် သင်တို့သည်စိတ်ပြောင်း လဲ၍ယောဟန်ကိုယုံကြည်လာခြင်းမရှိကြ။''
သို့ရာတွင်လူတို့အခွင့်အာဏာအရဟု ငါတို့ဆိုလျှင် လူအပေါင်းတို့ကယောဟန် ကိုပရောဖက်တစ်ပါးဟုအမှန်ပင်ယုံကြည် ကြသဖြင့် ငါတို့အားခဲနှင့်ပေါက်ကြလိမ့် မည်'' ဟုအချင်းချင်းဆွေးနွေးကြ၏။-
ထိုအခါတရားလွှတ်တော်အဖွဲ့ဝင်တို့သည် သူတို့ကိုထပ်မံကျပ်တည်းစွာသတိပေးပြီး နောက်ထွက်ခွာသွားစေကြ၏။ လူအပေါင်း တို့သည်ဖြစ်ပျက်ခဲ့သည့်အမှုအရာကြောင့် ဘုရားသခင်၏ဘုန်းအသရေတော်ကို ချီးကူးလျက်နေကြသဖြင့် တရားလွှတ် တော်အဖွဲ့ဝင်တို့သည်တမန်တော်တို့ကို မည်သို့မျှအပြစ်ဒဏ်မစီရင်နိုင်ကြ။-
ထိုအခါဗိမာန်တော်အစောင့်တပ်မှူးသည် မိမိ၏တပ်သားများနှင့်သွားရောက်၍ တမန် တော်တို့ကိုခေါ်ဆောင်ခဲ့၏။ သို့ရာတွင်မိမိ တို့အားလူထုကခဲနှင့်ပေါက်မည်ကိုစိုးရိမ် သဖြင့် တမန်တော်တို့အားအကြမ်းဖက်မှု ကိုမပြုကြ။