ငါသည်ဘုရားများကိုကြည့်လိုက်သောအခါ သူတို့သည်ငါ့အားစကားတစ်ခွန်းတစ်လေ ကိုမျှမပြောကြ။ ငါမေးသည့်မေးခွန်းများကိုလည်းအဘယ် သူမျှ ပြန်၍မဖြေနိုင်ကြ။
ဗျာဒိတ် 5:3 - Common Language Bible သို့ရာတွင်ကောင်းကင်၊ ကမ္ဘာမြေကြီး၊ မြေကြီး အောက်၌ ထိုစာလိပ်ကိုဖွင့်နိုင်သူသို့မဟုတ် ကြည့်နိုင်သူတစ်ယောက်မျှမရှိ။- Garrad Bible မိုး မြေ နှင့် မြေ အောက် တွင် ထို စာ လိပ် ကို ဖြန့် ကြည့် နိုင် သူ မ ရှိ သည် ကို ငါ မြင် ရ၏။ Judson Bible ထိုစာစောင်ကို ဖွင့်၍ကြည့်ခြင်းငှာ ကောင်းကင်၊ မြေကြီး၊ မြေကြီးအောက်၌ အဘယ်သူမျှမတတ်နိုင်။ ထိုစာစောင်ကိုဖွင့်၍ ကြည့်ထိုက်သောသူ တစ်ယောက်ကိုမျှ ရှာ၍မတွေ့သောကြောင့်၊ ငါသည် များစွာငိုကြွေးလေ၏။- မြန်မာ့စံမီသမ္မာကျမ်း သို့သော် ကောင်းကင်၌ဖြစ်စေ၊ မြေကြီးပေါ်၌ဖြစ်စေ၊ မြေကြီးအောက်၌ဖြစ်စေ စာလိပ်ကိုဖွင့်ရန်၊ သို့မဟုတ် ကြည့်ရန် တတ်နိုင်သူတစ်စုံတစ်ဦးမျှမရှိ။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် ကောင်းကင်၌ဖြစ်စေ၊ မြေကြီး၌ဖြစ်စေ၊ မြေကြီးအောက်၌ဖြစ်စေ ထိုစာလိပ်ကို ဖွင့်ကြည့်ရန် မည်သူမျှ မတတ်စွမ်းနိုင်ပေ။ |
ငါသည်ဘုရားများကိုကြည့်လိုက်သောအခါ သူတို့သည်ငါ့အားစကားတစ်ခွန်းတစ်လေ ကိုမျှမပြောကြ။ ငါမေးသည့်မေးခွန်းများကိုလည်းအဘယ် သူမျှ ပြန်၍မဖြေနိုင်ကြ။
ကျမ်းစာတော်က၊ ``အဘယ်သူသည်ထာဝရဘုရားရှင် အဘယ်သို့ စဉ်းစားဆင်ခြင်တော်မူသည်ကိုသိသနည်း။ အဘယ်သူသည်ကိုယ်တော်အားအကြံဉာဏ် ပေးနိုင်သနည်း။
ထို့ကြောင့်မိုးမြေနှင့်မြေအောက်ရှိ သတ္တဝါအပေါင်းတို့သည် သခင်ယေရှု၏နာမတော်ကိုရိုသေဦးညွှတ်လျက်၊
ထို့ပြင်ကောင်းကင်၊ ကမ္ဘာမြေကြီး၊ မြေကြီး အောက်ပင်လယ်အရပ်ရပ်၌ရှိသမျှသော သတ္တဝါအပေါင်းတို့က၊ ပလ္လင်ပေါ်တွင်ထိုင်နေတော်မူသောအရှင်နှင့် သိုးသူငယ်တော်သည် ကမ္ဘာအဆက်ဆက်ချီးမွမ်းခြင်းကို ခံရပါစေသတည်း။ ဂုဏ်အသရေ၊ဘုန်းအာနုဘော်၊တန်ခိုးတို့ဖြင့် ပြည့်စုံတော်မူပါစေသတည်း'' ဟုကြွေးကြော်ကြသည်ကိုငါကြားရ၏။-
ဤစာလိပ်ကိုဖွင့်ထိုက်သူသို့မဟုတ်ဖတ်ထိုက် သူ တစ်ယောက်မျှရှာ၍မတွေ့ရသဖြင့်ငါသည် လွန်စွာငိုကြွေး၏။-