ထိုသို့စားကြသည့်ခဏခြင်းတွင်သူတို့သည် အသိဉာဏ်ပွင့်လာ၍အဝတ်အချည်းစည်းရှိ သည့်အဖြစ်ကိုသိမြင်လာကြ၏။ ထို့ကြောင့် သူတို့သည် သဖန်းရွက်များကိုသီချုပ်၍ ကိုယ်ပေါ်တွင်ဝတ်ဆင်ထားကြ၏။
ဗျာဒိတ် 3:17 - Common Language Bible ``ငါသည်ချမ်းသာကြွယ်ဝ၏။ ငါ့မှာလိုလေ သေးမရှိ'' ဟုသင်ဆို၏။ သို့ရာတွင်မိမိသည် အဘယ်မျှဆင်းရဲငြိုငြင်သနားစရာကောင်း သည်ကိုသင်သိ၏။ သင်သည်ချို့တဲ့လျက်၊ မျက် စိကန်းလျက်အဝတ်အချည်းစည်းဖြစ်လျက် နေပါသည်တကား။- Garrad Bible စည်း စိမ် ချမ်း သာ ရ လျက် ကြွယ် ဝ ပြီ၊ လို ဖွယ် မ ရှိ ဟု သင် ဆို ရာ ကိုယ် တိုင် ဒု က္ခ ရောက်၍ သ နား ဖွယ် ကောင်း သော ခြုံ ရာ မဲ့၊ မျက် မ မြင် သူ ဆင်း ရဲ ဖြစ် ကြောင်း မ သိ သော ကြောင့်၊ Judson Bible သင်ကလည်း၊ ငါသည် ဥစ္စာရတတ်၏။ ဘဏ္ဍာများကို ဆည်းပူးပြီ။ တစ်စုံတစ်ခုကိုမျှမလိုဟုပြောဆို၍ ကိုယ်တိုင်ပင်ပန်းခြင်း၊ သနားဖွယ်ဖြစ်ခြင်း၊ ဆင်းရဲခြင်း၊ မျက်စိကန်းခြင်း၊ အဝတ်အချည်းစည်းရှိခြင်း ဖြစ်သည်ကို မသိပါတကား။- မြန်မာ့စံမီသမ္မာကျမ်း သင်က ‘ငါသည် ချမ်းသာ၍ကြွယ်ဝသောကြောင့် မည်သည့်လိုအပ်ချက်မျှမရှိ’ဟု ဆိုနေ၏။ သို့သော် သင်သည် အလွန်စိတ်ပျက်ဖွယ်ကောင်းသောသူ၊ သနားစရာကောင်းသောသူ၊ ဆင်းရဲသောသူ၊ မျက်စိမမြင်သောသူနှင့် အဝတ်မပါအချည်းစည်းဖြစ်သောသူဖြစ်ကြောင်းကို သင်မသိ။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်က ‘ငါသည် ချမ်းသာ၍ ကြွယ်ဝသောကြောင့် မည်သည့်အရာကိုမျှ မလို’ ဟု ဆို၏။ သို့သော် သင်သည် စက်ဆုပ်ရွံရှာဖွယ်ကောင်းသူ၊ သနားစရာကောင်းသူ၊ ဆင်းရဲသောသူ၊ မျက်စိမမြင်သောသူ၊ အဝတ်မပါသောသူဖြစ်ကြောင်းကို မသိ။ |
ထိုသို့စားကြသည့်ခဏခြင်းတွင်သူတို့သည် အသိဉာဏ်ပွင့်လာ၍အဝတ်အချည်းစည်းရှိ သည့်အဖြစ်ကိုသိမြင်လာကြ၏။ ထို့ကြောင့် သူတို့သည် သဖန်းရွက်များကိုသီချုပ်၍ ကိုယ်ပေါ်တွင်ဝတ်ဆင်ထားကြ၏။
ထို့ကြောင့်ထာဝရဘုရားသည် ဣသရေလ အမျိုးသားတို့တွင်ကပ်ရောဂါဆိုက်ရောက် စေတော်မူ၏။ အဘယ်ကြောင့်ဆိုသော်သူတို့ သည်အာရုန်အား ရွှေနွားငယ်ရုပ်ကိုသွန်း လုပ်စေသောကြောင့်ဖြစ်သည်။
အလွန်ဆင်းရဲလျက်နှင့် ရတတ်ဟန်ဆောင် သော သူရှိ၏။ အလွန်ရတတ်လျက်နှင့် ဆင်းရဲဟန် ဆောင်သောသူလည်းရှိ၏။
သို့မဟုတ်၊ အကျွန်ုပ်သည် ကြွယ်ဝ၍၊ ထာဝရ ဘုရားကား၊ အဘယ်သူနည်းဟုဆိုလျက်၊ ကိုယ်တော်ကို ငြင်းပယ်မည်ဟု ဆိုးရိမ်စရာရှိပါ၏။ သို့မဟုတ်၊ ဆင်းရဲ၍ သူ့ဥစ္စာကိုခိုးသဖြင့်၊ အကျွန်ုပ်၏ ဘုရားသခင် နာမ တော်ကို မုသာနှင့်ဆိုင်၍ မြွက်ဆိုမည်ဟု စိုးရိမ်စရာ ရှိပါ၏။
ငါ၏အစေခံထက်ပို၍မျက်စိကန်းသူ၊ ငါစေလွှတ်လိုက်သည့်တမန်တော်ထက်ပို၍ နားဆွံ့သူတစ်စုံတစ်ယောက်ရှိပါသလော။
ဣသရေလပြည်သူတို့၊ သင်တို့သည်ထာဝရ ဘုရား၏စကားကိုနားထောင်ကြလော့။ ငါ သည်သင်တို့အဖို့တောကန္တာရကဲ့သို့လည်း ကောင်း၊ မှောင်အတိလွှမ်းနေသည့်ပြည်ကဲ့သို့ လည်းကောင်းဖြစ်၍နေလေပြီလော။ ယင်းသို့ မဟုတ်ပါမူသင်တို့သည်အဘယ်ကြောင့် ထင်သလိုပြုကျင့်ကာ ငါ့ထံသို့အဘယ် အခါမျှပြန်မလာဘဲနေတော့မည်ဟု ဆိုကြသနည်း။-
သူတို့က`ငါတို့သည်ကြွယ်ဝချမ်းသာကြ၏။ ငွေကြေးအမြောက်အမြားစုဆောင်းမိပြီ။ မည်သူကမျှငါတို့အားမတရားရသော ငွေဖြင့်ကြွယ်ဝချမ်းသာသည်ဟုမစွပ်စွဲ နိုင်' ဟုဆိုကြ၏။-
သိုးရှင်များသည်ထိုသိုးတို့ကိုသတ်ဖြတ် ကြသော်လည်း အဘယ်သို့မျှအပြစ်မသင့် ကြ။ သူတို့သည်သိုးသားကိုရောင်းပြီး လျှင်`ငါတို့ကားချမ်းသာကြွယ်ဝလာလေ ပြီ။ ထာဝရဘုရားသည်မင်္ဂလာရှိတော်မူ စေသတည်း။' သိုးထိန်းများပင်လျှင်မိမိ တို့၏သိုးများကိုသနားဖော်မရကြဟု ဆိုကြ၏'' ဟူ၍မိန့်တော်မူ၏။
``စိတ်နှလုံးနှိမ့်ချသောသူတို့သည်မင်္ဂလာ ရှိကြ၏။ ကောင်းကင်နိုင်ငံတော်သည်ထိုသူတို့၏နိုင်ငံ ဖြစ်၏။
ယင်းသို့မေးမြန်းသည်ကိုသခင်ယေရှုကြား တော်မူလျှင် ``ကျန်းမာသူသည်ဆရာဝန်ကို မလို။ ဖျားနာသူသာလျှင်လို၏။-
ငတ်မွတ်သူအားချိုမြိန်သောအစားအစာကို ကျွေးမွေး၍၊ ချမ်းသာကြွယ်ဝသူများကို လက်ချည်းလွှတ်တော်မူပြီ။
``သို့သော်ကြွယ်ဝချမ်းသာသူတို့၊သင်တို့သည် အမင်္ဂလာရှိကြ၏။ သင်တို့သည်ယခုဘဝ၌သက်သာစွာနေထိုင် ရကြ၏။
သင်တို့ဆိုသည်အတိုင်းလည်းမှန်၏။ ထိုသူတို့ ခုတ်ဖြတ်ခြင်းခံရကြသည်မှာသူတို့သည် ဘုရားသခင်ကိုယုံကြည်မှုမရှိကြသော ကြောင့်ဖြစ်၏။ သင်တို့မူကားကိုယ်တော်ကို ယုံကြည်သဖြင့်သံလွင်ပင်၏တစ်စိတ်တစ် ဒေသဖြစ်လာရ၏။ သို့သော်သင်တို့ကိုယ်ကို အထင်မကြီးဘဲကြောက်ရွံ့ခြင်းရှိကြလော့။-
ညီအစ်ကိုတို့၊ သင်တို့သည်မိမိတို့ကိုယ်ကို တတ်သိလိမ္မာလှပြီဟုမထင်မမှတ်ကြစေရန် ငါသည်ဘုရားသခင်၏လျှို့ဝှက်နက်နဲသော အရာကိုသင်တို့အားဖော်ပြလို၏။ ထိုလျှို့ဝှက် နက်နဲသောအရာမှာဤသို့တည်း။ ယုဒအမျိုး သားတို့သည်အမြဲစိတ်နှလုံးထိုင်းမှိုင်းလျက် နေကြမည်မဟုတ်ဘဲ ကယ်တင်ခြင်းကိုခံရ မည့်လူမျိုးခြားတို့အရေအတွက်ပြည့်စုံ လာသည့်ကာလအထိသာဖြစ်၏။-
သင်တို့သည်မိမိတို့ကိုယ်ကိုထင်သင့်သည် ထက်ပို၍အထင်မကြီးကြစေရန် ငါခံစား ရသောဘုရားသခင်၏ကျေးဇူးတော်ကြောင့် သင်တို့အပေါင်းအားငါမှာကြားလို၏။ သင် တို့အသီးသီးတို့အားဘုရားသခင်ချ ပေးတော်မူသောယုံကြည်ခြင်းပမာဏ အတိုင်းမိမိတို့ကိုယ်ကိုသင့်လျော်စွာထင် ကြလော့။-
သြော် ဒုက္ခပါတကား။ သေစေသည့်ဤကိုယ်ခန္ဓာ မှအဘယ်သူသည်ငါ့ကိုကယ်ဆယ်မည်နည်း။-
ဤအရည်အချင်းများနှင့်ကင်းသူသည် အမြင်တို၍မျက်စိကန်းသူဖြစ်၏။ သူသည် ယခင်ကမိမိ၏အပြစ်များမှပြေလွတ်ခွင့် ရရှိသည်ကိုမေ့လျော့လေပြီ။
``ငါသည်သူခိုးလာသကဲ့သို့အမှတ်မထင် လာမည်။ သို့ဖြစ်၍အဝတ်အချည်းစည်းနှင့် သွားလာ၍လူတို့၏ရှေ့၌အရှက်မရစေ ရန်နိုးလျက်နေ၍ မိမိ၏အဝတ်များကို သတိနှင့်စောင့်ကြပ်သောသူသည်မင်္ဂလာရှိ၏။
သင်သည်အဘယ်မျှဆင်းရဲ၍အဘယ်မျှဒုက္ခ ရောက်သည်ကိုငါသိ၏။ သို့ရာတွင်အမှန်စင်စစ် သင်သည်ကြွယ်ဝသူဖြစ်၏။ မိမိတို့ကိုယ်ကို ဟေဗြဲအမျိုးသားများဟုဆိုကြသောသူတို့ သည်သင့်အားအသရေပျက်စေသည့်စကား များကိုပြောဆိုကြကြောင်းငါသိ၏။ သူတို့ သည်စင်စစ်အားဖြင့်ဟေဗြဲအမျိုးသားများ မဟုတ်။ စာတန်၏အဖွဲ့ဝင်များဖြစ်ကြ၏။-
သို့ရာတွင်သင်သည်မပူမအေးနွေးရုံသာရှိ သဖြင့် သင့်အားငါ၏ခံတွင်းမှထွေးထုတ်မည်။-