ငါ့စကားကိုကြား၍ ငါ့တံခါးနားမှာ နေ့တိုင်း စောင့်လျက်၊ တံခါးတိုင်နားမှာ မြော်လင့်လျက်နေသော သူသည်မင်္ဂလာရှိ၏။
ဗျာဒိတ် 1:3 - Common Language Bible ဖော်ပြပါအမှုအရာများဖြစ်ပျက်မည့် အချိန်နီးကပ်လျက်ရှိပြီဖြစ်ရာ ဤဗျာဒိတ် ကျမ်းကိုဖတ်ရှုသူများနှင့်အဆိုပါအနာ ဂတ်ကျမ်းတွင် ရေးသားပါရှိသည့်တရား စကားများကိုနာယူကျင့်သုံးသူတို့သည် မင်္ဂလာရှိကြ၏။ Garrad Bible အ ချိန် တိုင် လု ပြီ ဖြစ် သည့် အ လျောက် ဤ ပ ရော ဖက် ကျမ်း ချက် များ ကို ဖတ် ရွတ် သူ၌ လည်း ကောင်း၊ ကြား နာ၍ ပါ ရှိ သည့် အ တိုင်း စောင့် ရှောက် သူ တို့၌ လည်း ကောင်း မင်္ဂ လာ ရှိ၏။ Judson Bible ကာလအချိန် ရောက်လုနီးပြီဖြစ်၍၊ ဤအနာဂတ္တိကျမ်းစကားကို ကြည့်ရှုဖတ်ရွတ် နားထောင်၍၊ ရေးထားသမျှတို့ကို စောင့်ရှောက်သောသူတို့သည် မင်္ဂလာရှိကြ၏။ မြန်မာ့စံမီသမ္မာကျမ်း အချိန်နီးကပ်ပြီဖြစ်၍ ဤပရောဖက်ပြုဟောပြောသောစကားကို ဖတ်ကြားသောသူနှင့် ဤစကားကိုကြားနာ၍ ၎င်းတွင်ရေးထားသောအရာများကို လိုက်နာစောင့်ထိန်းသောသူတို့သည် မင်္ဂလာရှိကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤပရောဖက်ပြုဟောပြောချက်သည် ဖြစ်ပျက်ရန် အချိန်နီးလာသောကြောင့် ၎င်းကို ဖတ်သောသူနှင့် ကြားနာ၍ လိုက်နာသောသူတို့သည် မင်္ဂလာရှိကြ၏။ |
ငါ့စကားကိုကြား၍ ငါ့တံခါးနားမှာ နေ့တိုင်း စောင့်လျက်၊ တံခါးတိုင်နားမှာ မြော်လင့်လျက်နေသော သူသည်မင်္ဂလာရှိ၏။
ငါသည်စရာယအား``ဗာဗုလုန်မြို့သို့ သင်ရောက်ရှိသောအခါဤစာစောင်တွင် ရေးသားဖော်ပြထားသမျှသောအကြောင်း အရာတို့ကိုလူတို့အားအော်၍ဖတ်ပြရန် မမေ့နှင့်။-
``ပရောဖက်ဒံယေလဟောကြားခဲ့သည့်ထိတ်လန့် စက်ဆုတ်ဖွယ်ကောင်းသည့်အရာသည်မရှိအပ်သည့် အရပ်တွင်ရှိနေသည်ကိုသင်တို့မြင်ကြလိမ့်မည်။ (စာဖတ်သူသည်ဤအချက်ကိုသတိပြုအပ်၏။)-
သို့ရာတွင်ကိုယ်တော်က ``ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုကြား၍လိုက်နာသူသည် မင်္ဂလာရှိ၏ဟုဆိုလျှင်ပို၍သင့်မြတ်လိမ့်မည်'' ဟူ၍မိန့်တော်မူ၏။
သင်တို့သည်မိမိတို့အိပ်ရာမှနိုးထကြရမည့် နေ့ရက်ရောက်ရှိနေပြီဖြစ်ကြောင်းကိုသိသဖြင့် မေတ္တာတရားကိုကျင့်သုံးကြရမည်။ အဘယ် ကြောင့်ဆိုသော်ငါတို့ကယ်တင်ခြင်းခံရမည့် နေ့ရက်ကာလသည် သခင်ယေရှုကိုငါတို့ စတင်ယုံကြည်ချိန်ကထက်ပို၍နီးကပ် လာပြီဖြစ်သောကြောင့်တည်း။-
ညဥ့်အချိန်ကုန်လုပြီ။ နေ့အချိန်ရောက်တော့ မည်။ သို့ဖြစ်၍ငါတို့သည်အမှောင်နှင့်ဆိုင် သောအလေ့အကျင့်တို့ကိုမပြုတော့ဘဲ အလင်းတွင်တိုက်ခိုက်ရန်လက်နက်တို့ကို ယူဆောင်ကြရမည်။-
အမှုအရာခပ်သိမ်းတို့အတွက်နောက်ဆုံး သောအချိန်နီးကပ်လာပြီဖြစ်၍ သင်တို့သည် ဆုတောင်းနိုင်ကြရန် မိမိတို့၏စိတ်ကိုထိန်း ချုပ်လျက်နိုးနိုးကြားကြားရှိရကြမည်။-
သို့ရာတွင်ငါ၏ချစ်ဆွေတို့၊ ထာဝရဘုရား ၏အဖို့တစ်ရက်သည်နှစ်တစ်ထောင်ကဲ့သို့လည်း ကောင်း၊ နှစ်တစ်ထောင်သည်တစ်ရက်ကဲ့သို့လည်း ကောင်းဖြစ်သည်ကိုမမေ့လျော့ကြနှင့်။-
ထိုနောက်ကောင်းကင်တမန်က``ဤအမှုအရာ အားလုံးဖြစ်ပျက်မည့်အချိန်သည်နီးကပ်လာ ပြီဖြစ်၍ ဤကျမ်းစောင်တွင်ဖော်ပြပါရှိသည့် ပရောဖက်စကားများကိုလျှို့ဝှက်၍မထား နှင့်။-
သခင်ယေရှုက``နားထောင်လော့။ မကြာမီငါ ကြွလာမည်။ လူအသီးသီးတို့အား မိမိတို့၏ အကျင့်အလျောက်ပေးအပ်ရန်ဆုကိုငါယူ လာမည်။-
ဤအကြောင်းအရာများကိုသက်သေခံတော်မူ သောအရှင်က``မုချမကြာမီငါကြွလာမည်'' ဟုမိန့်တော်မူ၏။ ဤအတိုင်းပင်ဖြစ်ပါစေ သော။ သခင်ယေရှုကြွလာတော်မူပါ။
ငါသည်မကြာမီကြွလာမည်။ သင်၏ဆု သရဖူကိုအဘယ်သူမျှမလုမယူနိုင်စေရန် သင်ရရှိထားသောအရာကိုလုံခြုံစွာထိန်း သိမ်း၍ထားလော့။-