ဧလိရှဲသည်လှည့်၍သူတို့အားစိမ်းစိမ်းကြည့် ပြီးလျှင် ထာဝရဘုရား၏နာမတော်ကိုအမှီ ပြု၍ကျိန်ဆဲလေသည်။ ထိုအခါတောအုပ်ထဲ မှဝက်ဝံမနှစ်ကောင်ထွက်လာကာ ထိုသူငယ် လေးဆယ့်နှစ်ယောက်တို့အားအပိုင်းပိုင်းကိုက် ဖြတ်ကြ၏။
နေဟမိ 13:25 - Common Language Bible သို့ဖြစ်၍ငါသည်ထိုအမျိုးသားတို့အား ပြစ်တင်ကျိန်ဆဲရိုက်နှက်၏။ သူတို့ဆံပင် ကိုလည်းဆွဲနုတ်၏။ ထိုနောက်``အကျွန်ုပ်တို့ သည်လည်းကောင်း၊ အကျွန်ုပ်တို့၏သားသမီး များသည်လည်းကောင်း နောင်အဘယ်အခါ ၌မျှလူမျိုးခြားများနှင့်အိမ်ထောင်မပြု တော့ပါ'' ဟုသူတို့အားဘုရားသခင်၏ နာမတော်ကိုတိုင်တည်၍ကျိန်ဆိုကတိ ပြုစေ၏။- Garrad Bible အ ပြစ် တင် ခြင်း၊ ကဲ့ ရဲ့ ခြင်း၊ ရိုက် နှက် ခြင်း၊ ဆံ ပင် ဆွဲ မွှေ့ ခြင်း များ ကို ပြု ပြီး လျှင်၊ သင် တို့ သ မီး ကို ချင်း တို့ သား နှင့်လည်း ကောင်း၊ ချင်း တို့ သ မီး ကို ကိုယ် နှင့် လည်း ကောင်း၊ သား နှင့် လည်း ကောင်း၊ မ ထိမ်း မြား မည့် အ ကြောင်း၊ ဘု ရား သ ခင် ကို တိုင် တည်၍ သ စ္စာ ဆို စေ လျက်၊ Judson Bible သူတို့ကို ငါအပြစ်တင်၍ ကဲ့ရဲ့၏။ အချို့တို့ကို ရိုက်လျက်၊ ဆံပင်နုတ်လျက် ဒဏ်ပေး၍၊ သင်တို့သည် ကိုယ်သမီးတို့ကို ပြည်သားတို့အား မပေးစားရ။ ပြည်သားသမီးတို့ကို ကိုယ်သားတို့အဖို့ မသိမ်းမယူရ။ မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ ငါသည် သူတို့ကို ဆူပူကြိမ်းမောင်းပြီး ကျိန်ဆဲ၏။ အချို့ကိုရိုက်နှက်ဆုံးမ၏။ ဆံပင်ကိုဆွဲနုတ်၏။ ဘုရားသခင်ရှေ့၌ကျိန်ဆိုစေပြီးလျှင် သူတို့အား “သင်တို့၏သမီးများကို သူတို့၏သားများနှင့်မပေးစားရ၊ သင်တို့နှင့် သင်တို့၏သားများသည်လည်း သူတို့၏သမီးများကို မယူရ။ |
ဧလိရှဲသည်လှည့်၍သူတို့အားစိမ်းစိမ်းကြည့် ပြီးလျှင် ထာဝရဘုရား၏နာမတော်ကိုအမှီ ပြု၍ကျိန်ဆဲလေသည်။ ထိုအခါတောအုပ်ထဲ မှဝက်ဝံမနှစ်ကောင်ထွက်လာကာ ထိုသူငယ် လေးဆယ့်နှစ်ယောက်တို့အားအပိုင်းပိုင်းကိုက် ဖြတ်ကြ၏။
ထို့ကြောင့်ဧဇရသည်ယဇ်ပုရောဟိတ်တို့ ၏ခေါင်းဆောင်များ၊ လေဝိအနွယ်ဝင်တို့၏ ခေါင်းဆောင်များ၊ ပြည်သူတို့၏ခေါင်းဆောင် များအားရှေကနိပေးသည့်အကြံအတိုင်း ဆောင်ရွက်ပါမည်ဟူသောသစ္စာကတိကို ပြုစေ၏။-
အကယ်၍သင့်ဘုရားသခင်၏ပညတ်တော် များကိုဖြစ်စေ၊ အင်ပါယာနိုင်ငံတော်၏ တရားဥပဒေများကိုဖြစ်စေချိုးဖောက် သူအားသေဒဏ်၊ ပြည်နှင်ဒဏ်၊ ထိုသူပိုင်ပစ္စည်း များကိုသိမ်းယူခြင်းဒဏ်၊ သို့မဟုတ်ထောင် ဒဏ်အလျင်အမြန်ခံစေ'' ဟူ၍ဖော်ပြ ပါရှိ၏။
ယင်းသို့ဗိမာန်တော်ကိုစွန့်ပစ်ထားခဲ့ရန် ခွင့်ပြုသူအုပ်ချုပ်ရေးမှူးတို့အား ငါသည် ပြစ်တင်ပြောဆိုကာလေဝိအနွယ်ဝင်များ နှင့်ဂီတပညာသည်များကိုဗိမာန်တော် သို့ခေါ်ယူပြီးလျှင်အမှုတော်ကိုတစ်ဖန် ပြန်လည်ထမ်းဆောင်စေ၏။-
ထိုအခါငါသည်ယုဒခေါင်းဆောင်များ အား``သင်တို့ပြုလျက်ရှိသည့်ဒုစရိုက်ကို ကြည့်ကြလော့။ သင်တို့သည်ဥပုသ်နေ့ကို ညစ်ညမ်းစေကြ၏။-
သူတို့၏သားသမီးတစ်ဝက်မျှသည်ငါတို့ ဘာသာစကားကိုမပြောတတ်။ အာဇုတ်သို့ မဟုတ်အခြားဘာသာစကားတစ်မျိုး မျိုးကိုသာပြောတတ်ကြ၏။-
ထိုနောက်ငါပတ်ထားသည့်ခါးစည်း ကိုချွတ်၍ခါပြီးလျှင်``ကတိမတည်သူသင် တို့ရှိသမျှကိုဘုရားသခင်သည်ဤသို့ ခါတော်မူလိမ့်မည်။ သင်တို့၏အိမ်များနှင့်သင် တို့ပိုင်ပစ္စည်းဥစ္စာဟူသမျှကိုသိမ်းယူတော် မူမည်ဖြစ်၍သင်တို့အတွက်အဘယ်အရာ မျှကျန်ရှိလိမ့်မည်မဟုတ်'' ဟုဆို၏။ ထိုအရပ်တွင်ရှိသောသူအပေါင်းတို့ က``အာမင်'' ဟုဝန်ခံပြီးလျှင်ထာဝရ ဘုရားကိုထောမနာပြုကြကုန်၏။ ထို နောက်ခေါင်းဆောင်တို့သည်မိမိတို့၏ ကတိအတိုင်းဆောင်ရွက်ကြလေသည်။
ကိုယ်တော်ရှင်၏တရားတော်ကိုသူယုတ်မာတို့ စွန့်ပယ်ကြသည်ကိုမြင်သောအခါ ကွန်တော်မျိုးသည်အမက်ထွက်ပါ၏။
သူသည်ဘုရားသခင်ပစ်ပယ်သူတို့ကို စက်ဆုပ်ရွံရှာ၍ ထာဝရဘုရား၏စကားကိုနားထောင် သူတို့အား ဂုဏ်ပြုချီးမြှင့်တတ်၏။ အဘယ်မျှပင်မိမိ၏အကျိုးထိခိုက်နစ်နာ စေကာမူ မိမိ၏ကတိများအတိုင်းအစဉ်ပြုတတ်၏။
သင်တို့၏သားများသည်ထိုပြည်ရှိအမျိုး သမီးများကိုထိမ်းမြားမိသဖြင့်၊ ထိုအမျိုး သမီးတို့သည်ငါ့ကိုစွန့်၍ သူတို့၏ဘုရား များကိုကိုးကွယ်ရန်၊ သင်တို့၏သားများ ကိုဖြားယောင်းကြလိမ့်မည်။
တရားကိုဖျက်သောသူသည် မတရားသောသူ တို့ကို ချီးမွမ်းတတ်၏။ တရားကို စောင့်သောသူမူကား၊ သူတို့နှင့် ဆန့်ကျင်ဘက်ပြုတတ်၏။
ငါသည်မိမိကိုရိုက်နှက်သူတို့အားကျောခင်း ၍ ပေးပါ၏။ ငါ၏မုတ်ဆိတ်မွေးတို့ကိုဆွဲနုတ်ပြီးလျှင် ငါ၏မျက်နှာကိုတံတွေးနှင့်ထွေး၍၊ ငါ့ကိုသူတို့စော်ကားကြသောအခါငါသည် သူတို့အားဆီးတားမှုကိုမပြု။
သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ကြောက်ရွံ့ရိုသေလော့။ ကိုယ်တော်ကိုသာကိုး ကွယ်လော့။ ကိုယ်တော်၏နာမတော်ကိုသာ တိုင်တည်လျက်ကတိသစ္စာပြုလော့။-
သူတို့နှင့်လက်ထပ်ထိမ်းမြားခြင်းမပြုရ။ သင်တို့၏သားသမီးများကိုလည်း သူတို့ နှင့်လက်ထပ်ထိမ်းမြားခြင်းမပြုစေရ။-
သင်တို့သည်သစ္စာဖောက်၍သင်တို့တွင်ကျန် ရှိနေသေးသော အခြားလူမျိုးများနှင့် ပေါင်းဖက်အိမ်ထောင်ဖက်ပြုကြလျှင်၊-