ရှောလမုန်သည်ဥဖရတ်မြစ်မှသည်ဖိလိတ္တိ ပြည်နှင့်အီဂျစ်ပြည်နယ်စပ်တိုင်အောင် အရပ် ရပ်ရှိဘုရင်တို့ကိုအုပ်စိုးရ၏။-
နေဟမိ 12:26 - Common Language Bible ဤသူအပေါင်းတို့သည်ယောဇဒက်၏မြေး၊ ယောရှု၏သားယောယကိန်၊ ဘုရင်ခံနေဟမိ၊ ပညတ်ကျမ်းတတ်မြောက်သူယဇ်ပုရောဟိတ်ဧဇရတို့၏လက်ထက်၌နေထိုင်ကြသူများဖြစ်ပေသည်။ Garrad Bible ထို သူ တို့ သည်၊ ယော ဇ ဒက် မြေး ယော ရှု သား ယော ယ ကိမ်၊ ဘု ရင် ခံ နေ ဟ မိ၊ ကျမ်း တတ် ပ ရော ဟိတ် ဧ ဇ ရ တို့ လက် ထက်၌ ဆောင် ရွက် ရ ကြ၏။ Judson Bible ထိုသူတို့သည် ယောဇဒက်သား ယောရှု၏သား ယောယကိမ်လက်ထက်၊ မြို့ဝန်နေဟမိလက်ထက်၊ ကျမ်းတတ်ယဇ်ပုရောဟိတ် ဧဇရလက်ထက်၌ ရှိကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ဤသူတို့သည် ယောဇဒက်၏မြေး၊ ယေရွှာ၏သား ယောယကိမ်လက်ထက်၊ ဘုရင်ခံနေဟမိနှင့် ကျမ်းပြုဆရာယဇ်ပုရောဟိတ်ဧဇရတို့ခေတ်တွင် အမှုတော်ကို ထမ်းဆောင်သူများဖြစ်ကြ၏။ |
ရှောလမုန်သည်ဥဖရတ်မြစ်မှသည်ဖိလိတ္တိ ပြည်နှင့်အီဂျစ်ပြည်နယ်စပ်တိုင်အောင် အရပ် ရပ်ရှိဘုရင်တို့ကိုအုပ်စိုးရ၏။-
အာတဇေရဇ်မင်းသည်ဣသရေလအမျိုး သားတို့အား ထာဝရဘုရားပေးအပ်တော် မူသည့်တရားတော်များနှင့် ပညတ်တော်တို့ ကိုကြေညက်စွာတတ်မြောက်သောယဇ်ပုရော ဟိတ်ဧဇရအား အမိန့်တော်စာကိုပေးတော် မူ၏။ ထိုစာတွင်၊
ဧဇရသည်မောရှေအားဣသရေလအမျိုး သားတို့၏ဘုရားသခင်ထာဝရဘုရား ပေးအပ်တော်မူသည့်ပညတ်ကျမ်းကိုကြေ ညက်စွာတတ်မြောက်သူပညာရှိကြီးဖြစ် ၏။ ဧဇရသည်ဘုရားသခင်၏ကောင်းချီး မင်္ဂလာကိုခံစားရသူဖြစ်သဖြင့် မင်း ကြီးသည်သူတောင်းသမျှသောအရာ တို့ကိုပေးသနားတော်မူလေသည်။-
သတ္တမလရောက်ချိန်၌ဣသရေလအမျိုး သားတို့သည် မိမိတို့မြို့ရွာများတွင်အတည် တကျနေထိုင်လျက်ရှိကြ၏။ ထိုလပထမ ရက်နေ့၌သူတို့သည်ယေရုရှလင်မြို့ရေ တံခါးအတွင်းကွက်လပ်တွင်စုဝေးကြ၏။ သူတို့သည်ဣသရေလအမျိုးသားတို့အား မောရှေမှတစ်ဆင့် ထာဝရဘုရားပေးအပ် တော်မူခဲ့သောပညတ်တရားတော်ကို ကျွမ်းကျင်သူ ယဇ်ပုရောဟိတ်ဧဇရအား ပညတ်ကျမ်းကိုဆောင်ခဲ့ရန်တောင်းပန် ကြ၏။-
သူတို့သည်ပညတ်တရားပြဋ္ဌာန်းချက်များ ကိုကြားသောအခါ စိတ်ထိခိုက်သဖြင့်ငို ကြွေးကြကုန်၏။ သို့ဖြစ်၍ဘုရင်ခံနေဟမိ၊ ပညတ်ကျမ်းတတ်ယဇ်ပုရောဟိတ်ဧဇရနှင့် ပညတ်ကျမ်းစာတော်၏အနက်အဋ္ဌိပ္ပါယ်ကို ရှင်းပြသူလေဝိအနွယ်ဝင်တို့က``ဤနေ့ သည်သင်တို့ဘုရားသခင်ထာဝရဘုရား ၏နေ့မြတ်ဖြစ်၏။ သင်တို့သည်ငိုကြွေးမြည် တမ်းမှုကိုမပြုကြနှင့်။-