အပြစ်ကူးသူတို့သည်ဘုရားသခင် အပြစ်ဒဏ်စီရင်ခြင်းကိုခံရကြလိမ့်မည်။ သူတို့သည်ဘုရားသခင်၏လူစုတော်အပေါင်းအသင်းထဲသို့မဝင်ရကြ။
ဒံယေလ 12:13 - Common Language Bible ``ဒံယေလ၊ သင်သည်လည်းအဆုံးတိုင်အောင် သစ္စာရှိလော့။ ထိုနောက်သင်သည်သေလိမ့်မည်။ သို့ရာတွင်သင်သည်ကပ်ကာလကုန်ဆုံးချိန် ၌ ဆုတော်လာဘ်တော်ကိုခံယူရန်ရှင်ပြန် ထမြောက်လိမ့်မည်'' ဟုဆို၏။ ပရောဖက်ဒံယေလစီရင်ရေးသား သောအနာဂတ္တိကျမ်းပြီး၏။ Garrad Bible သင် မူ ကား၊ အ ဆုံး တိုင် အောင် သွား လော့။ ငြိမ် ဝပ် စွာ နေ ပြီး မှ အ န္တိ မ နေ့ ရက် ကာ လ၌ ကိုယ်၏ ရိုက် ရာ ကို ခံ၍၊ ရပ် ရ လိမ့် မည် ဟု မြွက် ဆို လေ၏။ Judson Bible သင်မူကား အဆုံးမဖြစ်မီတိုင်အောင် သွားလော့။ ငြိမ်ဝပ်စွာနေရလိမ့်မည်။ နေ့ရက်ကာလ ကုန်စင်ပြီးမှ ကိုယ်အရိုက်အရာကိုခံ၍ ပေါ်ရလိမ့်မည်ဟုဆို၏။ ပရောဖက်ဒံယေလစီရင်ရေးထားသောအနာဂတ္တိကျမ်းပြီး၏။ မြန်မာ့စံမီသမ္မာကျမ်း သင်မူကား အဆုံးတိုင်အောင် ဆက်လျှောက်လော့။ သင်သည် ငြိမ်းချမ်းစွာနေရမည်။ နောက်ဆုံးသောနေ့ရက်ကာလ၌ သင်သည် ရပ်၍ အမွေဝေစုကိုခံယူရလိမ့်မည်”ဟု ငါ့အား ဆို၏။ |
အပြစ်ကူးသူတို့သည်ဘုရားသခင် အပြစ်ဒဏ်စီရင်ခြင်းကိုခံရကြလိမ့်မည်။ သူတို့သည်ဘုရားသခင်၏လူစုတော်အပေါင်းအသင်းထဲသို့မဝင်ရကြ။
အို ထာဝဘုရား၊ ကျွန်တော်မျိုးမှီခိုရာကိုယ်တော်ရှင်တစ်ပါး သာလျှင် ရှိပါ၏။ ကျွန်တော်မျိုးလိုသောအရာရှိသမျှတို့ကိုလည်း ကိုယ်တော်ရှင်ပေးတော်မူပါ၏။ ကျွန်တော်မျိုး၏အနာဂတ်သည်ကိုယ်တော်၏ လက်ဝယ်ရှိပါ၏။
သို့ဖြစ်၍ကျွန်တော်မျိုးသည်ရွှင်လန်းဝမ်းမြောက် ပါ၏။ ကျွန်တော်မျိုးသည်ဘေးကင်းလုံခြုံလျက်ရှိပါ၏။
ထိုအခါထာဝရဘုရားက``ငါသည်သင် နှင့်အတူကြွသွား၍၊ သင့်အားအောင်မြင် ခွင့်ပေးမည်'' ဟုမိန့်တော်မူ၏။
ခေါင်းဆောင်ပညာရှိတို့သည် မိုးကောင်းကင် ၏အလင်းရောင်ကဲ့သို့ကြည်လင်တောက်ပ ကြလိမ့်မည်။ လူအမြောက်အမြားအား အမှန်တရားကိုကျင့်သုံးရန် သွန်သင်ပေး ကြသူတို့သည်လည်းကြယ်တာရာများကဲ့ သို့ ထာဝစဉ်ထွန်းလင်းတောက်ပကြလိမ့် မည်။'' ဟုဆို၏။
ထိုသူက``အချင်းဒံယေလ၊ သင်သည်ဤစာ စောင်ကိုပိတ်၍ ကမ္ဘာကုန်ဆုံးချိန်တိုင်အောင် တံဆိပ်ခတ်နှိပ်ထားလော့။ ဤအတောအတွင်း ၌လူအများပင်ဖြစ်ပျက်နေဆဲအမှု အရာတို့ကိုသိရှိနားလည်နိုင်ရန် အချည်း နှီးကြိုးစားအားထုတ်ကြလိမ့်မည်'' ဟု ဆို၏။
အနန္တတန်ခိုးရှင်ထာဝရဘုရားက``အကယ် ၍သင်သည်ငါ၏ပညတ်တော်တို့ကိုလိုက်နာ ၍ သင့်အားငါပေးအပ်သည့်တာဝန်ဝတ္တရား များကိုဆောင်ရွက်မည်ဆိုပါမူ ငါ၏ဗိမာန် တော်နှင့်ဗိမာန်တော်တံတိုင်းတို့ကိုဆက်လက် စောင့်ထိန်းကြည့်ရှုခွင့်ရလိမ့်မည်။ ငါသည်လည်း မိမိ၏ရှေ့တော်တွင်ရှိသည့်ကောင်းကင်တမန် တို့၏ဆုတောင်းပတ္ထနာများကိုကြားတော် မူသည့်နည်းတူသင်၏ဆုတောင်းပတ္ထနာကို လည်းကြားတော်မူမည်။-
သခင်ယေရှုက ``ငါအမှန်အကန်ဆိုသည် ကားအသစ်ပြုပြင်ရာကာလတွင်လူသားသည် ဘုန်းအသရေနှင့်ပြည့်စုံသည့်ပလ္လင်တော်မှာ ထိုင်တော်မူသောအခါ ငါ၏တပည့်ဖြစ်သူ သင်တို့သည်လည်းပလ္လင်တစ်ဆယ့်နှစ်ခုပေါ်မှာ ထိုင်၍ ဣသရေလအနွယ်တစ်ဆယ့်နှစ်ပါးကို တရားစီရင်ရကြလတ္တံ့။-
နိုးနိုးကြားကြားရှိကြလော့။ ကျရောက်လတ္တံ့ သောဘေးများကိုခံရပ်၍ လူသား၏ရှေ့တော် တွင်မတ်မတ်ရပ်၍တရားစီရင်ခြင်းကိုခံနိုင် ကြရန်အမြဲဆုတောင်းပတ္ထနာပြုကြလော့'' ဟုမိန့်တော်၏။
ငါတို့၏နေအိမ်ဖြစ်သည့်ကိုယ်ခန္ဓာတည်း ဟူသောယာယီတဲသည်ပျက်လျှင် ကောင်းကင် ဘုံတွင်ဘုရားသခင်ကိုယ်တော်တိုင်ဖန်ဆင်း တော်မူသောနိစ္စထာဝရနေအိမ်ကို ငါတို့ အားပေးသနားတော်မူမည်ဖြစ်ကြောင်းငါ တို့သိကြ၏။-
ယခုဆင်းရဲဒုက္ခရောက်လျက်ရှိသောသင်တို့ နှင့်အတူငါတို့ကိုလည်းစိတ်သက်သာရာ ရစေတော်မူလိမ့်မည်။ သခင်ယေရှုသည် တန်ခိုးကြီးသောကောင်းကင်တမန်များ ခြံရံလျက်မီးလျှံနှင့်တကွ ကောင်းကင်ဘုံ မှကြွလာတော်မူသောအခါ၌ဘုရား သခင်သည် မိမိကိုပစ်ပယ်သူတို့နှင့်ငါ တို့သခင်ယေရှုအကြောင်းသတင်းကောင်း ကိုမလိုက်နာသူတို့အားအပြစ်စီရင် တော်မူလိမ့်မည်။-
ထိုနောက်ကောင်းကင်မှ``ရေးမှတ်လော့။ ယခုအချိန် မှစ၍သခင်ဘုရား၏အမှုတော်ကိုဆောင်ရွက် လျက် သေဆုံးသူတို့သည်မင်္ဂလာရှိကြ၏'' ဟုဆို သောအသံကိုငါကြားရ၏။ ဝိညာဉ်တော်ကလည်း ``ဤအတိုင်းမှန်ပေ၏။ သူတို့သည်ဆင်းရဲပင်ပန်း စွာလုပ်ဆောင်ခြင်းမှ ရပ်နားခွင့်ကိုရရှိကြလိမ့် မည်။ အဘယ်ကြောင့်ဆိုသော်သူတို့၏လုပ်ဆောင် ချက်အကျိုးသည် သူတို့နှင့်အတူလိုက်ပါ လျက်ရှိသောကြောင့်ဖြစ်၏'' ဟုမိန့်တော်မူ၏။