လူအမြောက်အမြားတို့သည်စိတ်နှလုံးသန့် ရှင်းဖြူစင်လာကြလိမ့်မည်။ သူယုတ်မာတို့ သည်ကားအသိတရားမရှိဘဲဆက်လက် ယုတ်မာလျက်နေကြလိမ့်မည်။ ပညာရှိသူ များသာလျှင်အသိတရားကိုရရှိကြ လိမ့်မည်။
ဒံယေလ 11:33 - Common Language Bible ပြည်သူတို့၏ခေါင်းဆောင်ပညာရှိတို့သည် ပြည်သူတို့အား ရှေ့ဆောင်လမ်းပြပေးကြ လိမ့်မည်။ သို့သော်ကာလအတန်ကြာမျှထို သူတို့အနက်အချို့သောသူတို့သည် စစ်ပွဲ တွင်ကျဆုံး၍အချို့မှာမီးလောင်တိုက် အသွင်းခံကြရလိမ့်မည်။ အချို့သောသူ တို့သည်လုယက်ခြင်းနှင့်ဖမ်းဆီးချုပ်နှောင် ခြင်းကိုခံရကြလိမ့်မည်။- Garrad Bible ပြည် သူ ပြည် သား တို့ အ နက် သ တိ ပ ညာ ရှိ သူ တို့ သည် လူ အ များ တို့ ကို သွန် သင် ကြ လျက် ဓား နှင့် ကွပ် မျက် ခြင်း၊ မီး ရှို့ ခြင်း၊ သိမ်း သွား ခြင်း၊ လု ယက် ခြင်း များ ကို ခံ၍ အ တန် ကြာ ပြို လဲ ကြ လိမ့် မည်။ Judson Bible လူစုထဲမှာ ပညာရှိသောသူတို့သည် အများသော သူတို့ကို သွန်သင်ကြရလိမ့်မည်။ ဓားနှင့်ကွပ်မျက်ခြင်း၊ မီးရှို့ခြင်း၊ သိမ်းသွားချုပ်ထားခြင်း၊ လုယက်ခြင်းအားဖြင့် အင်တန်ကာလပတ်လုံး လဲကြလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း လူမျိုးတော်ထဲမှ ပညာသတိရှိသောသူတို့သည် လူအများကို သွန်သင်လမ်းပြလိမ့်မည်။ သို့သော် သူတို့သည် ဓားဘေး၊ မီးဘေး၊ ဖမ်းခေါ်သွားခြင်းဘေး၊ တိုက်ခိုက်လုယက်ခြင်းဘေးတို့ကြောင့် ကာလအတန်ကြာပြိုလဲကြရလိမ့်မည်။ |
လူအမြောက်အမြားတို့သည်စိတ်နှလုံးသန့် ရှင်းဖြူစင်လာကြလိမ့်မည်။ သူယုတ်မာတို့ သည်ကားအသိတရားမရှိဘဲဆက်လက် ယုတ်မာလျက်နေကြလိမ့်မည်။ ပညာရှိသူ များသာလျှင်အသိတရားကိုရရှိကြ လိမ့်မည်။
ဘုရားသခင်အကြောင်းတော်ကိုမှန်ကန် စွာသိရှိနားလည်နိုင်ရန်ဟောပြောသွန် သင်မှုမှာ ယဇ်ပုရောဟိတ်များ၏တာဝန် ဖြစ်ပေသည်။ သူတို့သည်အနန္တတန်ခိုးရှင် ထာဝရဘုရား၏ တမန်တော်များဖြစ် သဖြင့် လူတို့သည်ငါ၏အလိုတော်ကို သိရှိနိုင်ရန်သူတို့ထံသို့သွားရကြ၏။
``ညီအစ်ကိုချင်းတစ်ယောက်ကိုတစ်ယောက်သေစေ ရန်အပ်ကြလိမ့်မည်။ မိဘတို့သည်သားသမီးများ သေစေရန်အပ်ကြလိမ့်မည်။ သားသမီးတို့သည်လည်း မိဘများကိုတော်လှန်၍သတ်ဖြတ်စေကြလိမ့်မည်။-
ကိုယ်တော်က ``သင်တို့သည်ကောင်းကင်နိုင်ငံတော် နှင့်ဆိုင်သောနက်နဲသည့်အကြောင်းအရာများ ကိုနားလည်ခွင့်ရကြ၏။ အခြားသူများမူ ကားထိုအခွင့်ကိုမရကြ။-
ကိုယ်တော်က ``သင်တို့သည်ငါ၏ခွက်မှအမှန်ပင် သောက်ရကြလိမ့်မည်။ သို့ရာတွင်ငါ၏လက်ယာရံ နှင့်လက်ဝဲရံအဖြစ်ကိုမူငါမပေးပိုင်။ ဤအခွင့် အရေးများသည်ငါ့ခမည်းတော်စီမံပြင်ဆင်ထား သူများအတွက်သာဖြစ်၏'' ဟုမိန့်တော်မူ၏။
``ထိုနောက်လူတို့သည်သင်တို့အားအပြစ်ဒဏ် ခံရကြစေရန်နှင့်အသတ်ခံရကြစေရန် အာဏာပိုင်တို့ထံသို့ပေးအပ်ကြလိမ့်မည်။ လူခပ်သိမ်းတို့သည်ငါ၏နာမကြောင့်သင် တို့ကိုမုန်းကြလိမ့်မည်။-
သင်တို့အားငါပေးသမျှသောပညတ်တို့ကို စောင့်ထိန်းကြစေရန်သူတို့အားသွန်သင်ကြလော့။ ငါသည်ကပ်ကမ္ဘာကုန်ဆုံးချိန်တိုင်အောင်သင်တို့ နှင့်အတူအစဉ်မပြတ်ရှိတော်မူမည်'' ဟု မိန့်တော်မူ၏။ ရှင်မဿဲခရစ်ဝင်ပြီး၏။
သင်တို့သည်တရားဇရပ်များမှနှင်ထုတ်ခြင်း ခံရလိမ့်မည်။ သင်တို့ကိုသတ်ဖြတ်ခြင်းသည် ဘုရားသခင်၏အမှုတော်ကိုဆောင်ရွက်ခြင်း ပင်ဖြစ်သည်ဟု လူတို့ထင်မှတ်သည့်အချိန် ကာလမုချကျရောက်ပေအံ့။-
သူ့ကိုတွေ့လျှင်အန္တိအုတ်မြို့သို့ခေါ်ခဲ့၏။ သူတို့ နှစ်ဦးသည်တစ်နှစ်ပတ်လုံးအသင်းတော်ဝင်တို့ နှင့်တွေ့ဆုံ၍ များစွာသောလူပရိသတ်တို့ကို သွန်သင်ကြ၏။ တပည့်တော်တို့သည်ပထမဆုံး အကြိမ်ခရစ်ယာန်ဟုခေါ်ဝေါ်သမုတ်ခြင်းခံ ကြရသည့်အရပ်မှာအန္တိအုတ်မြို့ဖြစ်သတည်း။
ပေါလုနှင့်ဗာနဗတို့သည်ဒေရဗေမြို့တွင် သတင်းကောင်းကိုဟောပြောကြေညာသဖြင့် လူအမြောက်အမြားတပည့်တော်များဖြစ် လာကြ၏။ ထိုနောက်လုတ္တရမြို့၊ ဣကောနိ မြို့နှင့်ပိသိဒိပြည်အန္တိအုတ်မြို့သို့ပြန် ကြ၏။-
လူထုအားထုတ်ပြရာတွင်သေဒဏ်သင့် သူများအားနောက်ဆုံးမှလိုက်ပါစေသကဲ့ သို့ ဘုရားသခင်သည်လူတို့နှင့်ကောင်းကင် တမန်တို့ရှုစားကြစေရန် ငါတို့တမန် တော်များအားနောက်ဆုံးနေရာတွင်ထား တော်မူသည်ဟုငါထင်မှတ်၏။-
ထိုအကြောင်းကြောင့်ငါသည်ဤဆင်းရဲဒုက္ခများ ကိုခံရခြင်းဖြစ်ပေသည်။ သို့ရာတွင်ငါ၌ယုံ ကြည်စိတ်ချမှုရှိသေး၏။ အဘယ်ကြောင့်ဆို သော်ငါသည်အဘယ်သူကိုကိုးစားသည်ကို လည်းကောင်း၊ ထိုအရှင်၏လက်ဝယ်ငါပေးအပ် ထားသောအရာကိုကိုယ်တော်ရှင်သည် တရား စီရင်တော်မူရာနေ့ရောက်သည်တိုင်အောင် စောင့်ထိန်းနိုင်တော်မူကြောင်းကိုလည်းကောင်း ငါအသေအချာသိသောကြောင့်ဖြစ်၏။-
ငါသည်မိမိအသက်ကိုပူဇော်ရမည့်အချိန် ကျရောက်လာပြီ။ ဤလောကမှထွက်ခွာရမည့် အချိန်နီးကပ်လာပြီ။-
ပြင်းထန်စွာတောက်လောင်နေသောမီးကိုငြိမ်း သတ်ခဲ့ကြ၏။ ဋ္ဌားဘေးမှလွတ်မြောက်ခဲ့ကြ၏။ သူတို့သည်ခွန်အားနည်းသူများဖြစ်သော်လည်း ခွန်အားကြီးလာကြ၏။ စစ်ရေး၌စွမ်းရည်သတ္တိ ရှိလျက်တိုင်းတစ်ပါးမှတပ်များကိုဖြိုခွင်း ကြ၏။-
ငါကားနိုင်ငံတော်သားများခံရသည့်ဆင်း ရဲဒုက္ခကို သင်တို့နှင့်အတူသည်းခံနေရသူ၊ သင်တို့၏အစ်ကိုယောဟန်ဖြစ်၏။ ငါသည် ဘုရားသခင်၏နှုတ်ကပတ်တော်နှင့်သခင် ယေရှုဖော်ပြသက်သေခံသည့်သမ္မာတရား ကိုဟောပြောကြေညာသည့်အတွက်ပတ်မု ကျွန်းသို့အပို့ခံရ၏။-
ထိုအမျိုးသမီးသည်ဘုရားသခင်လူစုတော် ၏သွေးကိုလည်းကောင်း၊ သခင်ယေရှုကိုသစ္စာ ရှိသဖြင့် အသတ်ခံရသူတို့၏သွေးကိုလည်း ကောင်းသောက်၍ယစ်မူးလျက်ရှိသည်ကိုငါ တွေ့မြင်ရ၏။ သူ့ကိုမြင်ရသောအခါငါသည်လွန်စွာ အံ့သြ၍နေ၏။-
အဘယ်အရပ်တွင်သင်နေထိုင်သည်ကိုငါသိ ၏။ သင်သည်စာတန်၏ပလ္လင်ရှိရာအရပ်တွင်နေ ထိုင်၏။ ငါ၏ဘက်မှာသစ္စာရှိစွာသက်သေခံသူ အန္တိပသည် စာတန်နေထိုင်ရာတွင်အသတ်ခံရ ချိန်၌ပင် သင်သည်ငါ၏သစ္စာကိုစောင့်၍ ငါ့ကို ယုံကြည်ကိုးစားမှုမစွန့်။-
သိုးသူငယ်တော်သည်ပဉ္စမချိပ်တံဆိပ်ကိုဖွင့် လိုက်သောအခါ ဘုရားသခင်၏နှုတ်ကပတ် တော်ကိုဟောပြောကြေညာသည့်အတွက်ကြောင့် လည်းကောင်း၊ သစ္စာနှင့်သက်သေခံသည့်အတွက် ကြောင့်လည်းကောင်းအသတ်ခံကြရသူတို့ ၏ဝိညာဉ်များကိုပလ္လင်တော်အောက်တွင်ငါ မြင်ရ၏။-
ငါက``အရှင်၊ အရှင်သိပါ၏'' ဟုပြန်၍ဖြေ၏။ ထိုသူက``သူတို့သည်ဆင်းရဲဒုက္ခကြီးထဲမှ လွတ်မြောက်လာသူများဖြစ်၏။ သူတို့သည် မိမိတို့ဝတ်လုံများကိုသိုးသူငယ်တော် ၏သွေးဖြင့်ဖြူစင်အောင်ဖွပ်လျှော်ခဲ့ကြ လေပြီ။-