အဝတ်မပါဘဲ အမိဝမ်းထဲသို့ ပြန်သွားတော့မည်။ ထာဝရဘုရားပေးတော်မူ၏။ ထာဝရဘုရားလည်း ရုပ်သိမ်းတော်မူ၏။ ထာဝရဘုရား၏ နာမတော်သည် မင်္ဂလာရှိပါစေသတည်းဟု ဆိုလေ၏။
ဒေသနာကျမ်း။ 5:15 - Common Language Bible သို့မဟုတ်၊ စည်းစိမ်ရှင်သည် အမိဝမ်းထဲက အလျှင်းမပါဘဲ ထွက်လာသကဲ့သို့၊ ထိုနည်းတူပြန်သွား ရမည်။ ကြိုးစားအားထုတ်၍ ရသောဥစ္စာတစုံတခုကိုမျှ လက်နှင့်စွဲကိုင်လျက် ယူ၍မသွားရ။ Garrad Bible မိ ခင့် ဝမ်း မှ လာ ခဲ့ ရ သည့် အ တိုင်း၊ မည် သည့် လုပ် ကိုင် ကျိုး ကို မျှ မ ကိုင် မ ဆွဲ ဘဲ၊ အ ချည်း စည်း ပြန် သွား ရ၏။ Judson Bible သို့မဟုတ်၊ စည်းစိမ်ရှင်သည် အမိဝမ်းထဲက အလျှင်းမပါဘဲ ထွက်လာသကဲ့သို့၊ ထိုနည်းတူ ပြန်သွားရမည်။ ကြိုးစားအားထုတ်၍ ရသောဥစ္စာတစ်စုံတစ်ခုကိုမျှ လက်နှင့်စွဲကိုင်လျက် ယူ၍မသွားရ။ မြန်မာ့စံမီသမ္မာကျမ်း သူသည် အမိဝမ်းထဲမှ အဝတ်မပါအချည်းစည်းထွက်လာသည့်နည်းတူ ပြန်သည့်အခါ၌လည်း မိမိလာသည့်အတိုင်း ပြန်သွားရမည်။ မိမိ၏လက်တွင် မိမိကြိုးပမ်းအားထုတ်မှုထဲမှ ဘာမျှမယူဆောင်ဘဲသွားရမည်။ |
အဝတ်မပါဘဲ အမိဝမ်းထဲသို့ ပြန်သွားတော့မည်။ ထာဝရဘုရားပေးတော်မူ၏။ ထာဝရဘုရားလည်း ရုပ်သိမ်းတော်မူ၏။ ထာဝရဘုရား၏ နာမတော်သည် မင်္ဂလာရှိပါစေသတည်းဟု ဆိုလေ၏။
ပညာရှိသောသူသည် လေနှင့်တူသော အချည်း နှီးစကားကို ပြောသင့်သလော။ မိမိဝမ်းကို အရှေ့လေ နှင့်ပြည့်စေသင့်သလော။
သူသည်သေသောအခါထိုစည်းစိမ်ဥစ္စာကို ယူ၍မသွားနိုင်။ ယင်းစည်းစိမ်ဥစ္စာသည်သူနှင့်အတူသင်္ချိုင်း တွင်းသို့ လိုက်ပါသွားနိုင်လိမ့်မည်မဟုတ်။
ထိုစည်းစိမ်သည် မကောင်းသောအမှုအားဖြင့် ပျောက်ပျက်တတ်၏။ စည်းစိမ်ရှင်မြင်သော သားသည် လည်း လက်ချည်းနေရ၏။
ထာဝရဘုရားသည်ယုဒပြည်သားတို့ ကိုစွဲချက်တင်တော်မူ၏။ ဣသရေလကို လည်းသူတို့၏အကျင့်ကြောင့်ဒဏ်ခတ် တော်မူမည်။ ကိုယ်တော်သည်သူတို့၏အပြု အမူအတိုင်းအကျိုးအပြစ်ကိုဆပ်ပေး မည်။-
သို့ရာတွင်ဘုရားသခင်က `အချင်းလူမိုက်၊ ယခုညဥ့်ပင်သင့်အသက်ချုပ်ငြိမ်းရလိမ့်မည်။ သို့ဖြစ်၍သင်စုဆောင်းထားသည့်ဥစ္စာပစ္စည်း များကား အဘယ်သူ၏လက်သို့ရောက်လိမ့် မည်နည်း' ဟုမိန့်တော်မူ၏။
လောကထဲသို့လာစဉ်အခါကငါတို့သည် အဘယ်အရာကိုမျှယူဆောင်၍မလာခဲ့ ကြ။ လောကမှထွက်ခွာသွားကြသောအခါ ၌လည်းအဘယ်အရာကိုမျှယူ၍မသွား နိုင်။-