တဖန်ငါလှည့်၍ ပညာတရားကို၎င်း၊ လျှပ်ပေါ် ခြင်းနှင့် မိုက်မဲခြင်းတရားတို့ကို၎င်း ဆင်ခြင်၏။ရှင်ဘုရင် နောက်မှာ ဖြစ်သောသူသည် အဘယ်သို့ ပြုနိုင်သနည်း။ ပြုဘူးသည်အတိုင်းသာ ပြုနိုင်၏။
ဒေသနာကျမ်း။ 3:15 - Common Language Bible ဖြစ်ဘူးသောအရာသည် ယခုဖြစ်သောအရာနှင့် တူ၏။ ဖြစ်လတံ့သောအရာသည်လည်း၊ ဖြစ်ဘူးသော အရာနှင့်တူ။ လွန်ပြီးသောအရာတို့ကိုလည်း ဘုရားသခင် တောင်းပြန်တော်မူ၏။ Garrad Bible ပ စ္စု ပ္ပန် အ ဖြစ် နှင့် အ နာ ဂတ် အ ဖြစ် များ ရှိ နှင့် ခဲ့ ပြီ။ အ တိတ် အ ရာ ကို လည်း ဘု ရား သ ခင် ရှာ ဖွေ တော် မူ၏။ Judson Bible ဖြစ်ဖူးသောအရာသည် ယခုဖြစ်သောအရာနှင့် တူ၏။ ဖြစ်လတ္တံ့သောအရာသည်လည်း၊ ဖြစ်ဖူးသောအရာနှင့်တူ၏။ လွန်ပြီးသောအရာတို့ကိုလည်း ဘုရားသခင်တောင်းပြန်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ယခုဖြစ်နေသောအရာသည် ဖြစ်ပြီးသောအရာဖြစ်၏။ နောင်ဖြစ်မည့်အရာသည်လည်း ဖြစ်ပြီးသောအရာဖြစ်၏။ ဘုရားသခင်သည် လွန်ခဲ့ပြီးသောအရာကိုလည်း ပြန်လည်ရှာဖွေတော်မူ၏။ |
တဖန်ငါလှည့်၍ ပညာတရားကို၎င်း၊ လျှပ်ပေါ် ခြင်းနှင့် မိုက်မဲခြင်းတရားတို့ကို၎င်း ဆင်ခြင်၏။ရှင်ဘုရင် နောက်မှာ ဖြစ်သောသူသည် အဘယ်သို့ ပြုနိုင်သနည်း။ ပြုဘူးသည်အတိုင်းသာ ပြုနိုင်၏။
ရှိသမျှသော အခြင်းအရာများကို မှတ်သား နှင့်ပြီ။ လူ၏အခြင်းအရာသက်သက်ဖြစ်သည်ကို သိရ၏။ လူသည် မိမိထက် တန်ခိုးကြီးသောသူနှင့် မပြိုင်နိုင်ရာ။