သင်တို့သည်အမင်္ဂလာရှိကြ၏။ သင်တို့သည် သေရည်သေရက်သောက်ရန် စောစောထ၍ ည နေချိန်၌လည်းကြာမြင့်စွာမူးယစ်၍နေ တတ်ကြ၏။-
ဒေသနာကျမ်း။ 10:17 - Common Language Bible မင်းသားအစိုးရ၍၊ မှူးမတ်တို့သည် လွန်ကျူးစွာ မစားမသောက်ဘဲ၊ အချိန်တန်မှအားဖြည့်ခြင်းငှါသာ၊ စားသောက်တတ်သော ပြည်သည် မင်္ဂလာရှိ၏။ Garrad Bible အ ချင်း နိုင် ငံ၊ သင့် ဘု ရင် သည် မင်း မျိုး ဖြစ် လျက်၊ မှူး မတ် တို့ လည်း အား ရှိ စေ ရန်၊ အ ချိန် တန် မှ မ လွန် မ ကျူး ဘဲ၊ စား သောက် တတ် လျှင်၊ သင်၌ မင်္ဂ လာ ရှိ၏။ Judson Bible မင်းသားအစိုးရ၍၊ မှူးမတ်တို့သည် လွန်ကျူးစွာ မစားမသောက်ဘဲ၊ အချိန်တန်မှ အားဖြည့်ခြင်းငှာသာ၊ စားသောက်တတ်သောပြည်သည် မင်္ဂလာရှိ၏။ မြန်မာ့စံမီသမ္မာကျမ်း အချင်းတိုင်းနိုင်ငံ၊ သင်၏ရှင်ဘုရင်သည် မြင့်မြတ်သောသူတို့၏အမျိုးအနွယ်ဖြစ်ပြီး သင်၏အကြီးအကဲတို့သည် ယစ်မူးရန်မဟုတ်ဘဲ ခွန်အားရရှိရန် သူ့အချိန်နှင့်သူ စားသောက်ပွဲကျင်းပလျှင် သင်သည် မင်္ဂလာရှိ၏။ |
သင်တို့သည်အမင်္ဂလာရှိကြ၏။ သင်တို့သည် သေရည်သေရက်သောက်ရန် စောစောထ၍ ည နေချိန်၌လည်းကြာမြင့်စွာမူးယစ်၍နေ တတ်ကြ၏။-
သူတို့ကိုအုပ်စိုးမည့်သူသည်သူတို့လူမျိုးမှ ပေါ်ထွန်းရလိမ့်မည်။ သူတို့၏မင်းသည်သူတို့အမျိုးသားများ အထဲမှပေါ်ထွန်းရလိမ့်မည်။ ငါဖိတ်ခေါ်သောအခါထိုသူသည်ငါ့ထံသို့ ချဉ်းကပ်လိမ့်မည်။ ငါမဖိတ်မခေါ်ဘဲအဘယ်သူသည်ငါ့ထံသို့ ချဉ်းကပ်ဝံ့သနည်း။ သူတို့သည်ငါ၏လူမျိုးတော်ဖြစ်ကြလျက် ငါသည်လည်းသူတို့၏ဘုရားဖြစ်လိမ့်မည်။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
ထိုငွေဖြင့်သင်တို့နှစ်သက်ရာအမဲသား၊ သိုး သား၊ စပျစ်ရည်၊ အရက်သေရည်စသည်တို့ ကိုဝယ်၍ ထိုဌာနတွင်သင်၏ဘုရားသခင် ထာဝရဘုရား၏ရှေ့တော်၌ သင်နှင့်သင် တို့၏မိသားစုများသည်ပျော်ရွှင်စွာစား သောက်ရကြမည်။