``ကိုယ်တော်ရှင်ပြုတော်မူသောအမှုတို့သည် အလွန်အံ့သြဖွယ်ကောင်းလှပါသည်တကား။ ကိုယ်တော်ရှင်၏တန်ခိုးတော်သည် ကြီးမားလှသည်ဖြစ်၍ရန်သူတို့သည်ရှေ့တော်တွင် ကြောက်ရွံ့ဝပ်တွားကြပါ၏။
ထွက်မြောက် 8:29 - Common Language Bible မောရှေက``နက်ဖြန်နေ့တွင်ကိုယ်တော်နှင့် မှူးမတ်ပြည်သူတို့ထံမှ မှက်ကောင်များကို ဖယ်ရှားပေးရန်ယခုကိုယ်တော်ထံမှထွက် သွားလျှင်သွားချင်း ထာဝရဘုရားထံ၌ ဆုတောင်းပေးပါမည်။ ထာဝရဘုရားကို ယဇ်ပူဇော်ရန်ဣသရေလအမျိုးသားတို့ အား ယခုသွားခွင့်ပြုပြီးမှမသွားရဟု နောက်တစ်ဖန်မလှည့်စားမတားဆီးပါ နှင့်'' ဟုလျှောက်ထားလေ၏။ Garrad Bible မော ရှေ က လည်း၊ ကျွန် တော် သည် ရှေ့ တော် မှ ထွက် သွား၍ မှက် များ ကို ဖာ ရော မင်း မှ စ သော ကျေး ကျွန် သင်း ပင်း၊ ပြည် သူ ပြည် သား တို့ ထံ မှ နက် ဖြန် ပယ် ရှား တော် မူ မည့် အ ကြောင်း ထာ ဝ ရ ဘု ရား အား တောင်း ပန် ပါ မည်။ သို့ ရာ တွင် ထို လူ မျိုး ကို ထာ ဝ ရ ဘု ရား ထံ ပူ ဇော် ရန် မ လွှတ် ဘဲ တစ် ဖန် လှည့် စား တော် မ မူ ပါ နှင့် ဟု လျှောက် ပြီး လျှင်၊ Judson Bible မောရှေကလည်း၊ အကျွန်ုပ်သည် ကိုယ်တော်ထံမှထွက်သွား၍ ယင်ရဲတို့သည် ဖာရောဘုရင်နှင့် သူ၏ကျွန်များ၊ လူများထံမှ၊ နက်ဖြန်နေ့သွားမည်အကြောင်း ထာဝရဘုရားကိုတောင်းပန်ပါမည်။ သို့ရာတွင် ဣသရေလလူတို့သည် ထာဝရဘုရားအား ယဇ်မပူဇော်ရမည်အကြောင်း၊ နောက်တစ်ဖန်ဆီးတား၍ လှည့်စားတော်မမူပါနှင့်ဟုလျှောက်ပြီးလျှင်၊ မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ မောရှေက “အကျွန်ုပ်သည် အရှင်မင်းကြီးထံမှ ထွက်သွား၍ မနက်ဖြန်နေ့၌ ယင်ရဲတို့သည် အရှင်ဖာရောမင်းကြီးမှစ၍ အမှုထမ်းများ၊ ပြည်သူပြည်သားများထံမှ ထွက်သွားမည့်အကြောင်း ထာဝရဘုရားထံ ဆုတောင်းပါမည်။ သို့ရာတွင် ထာဝရဘုရားအားယဇ်ပူဇော်ရန် အရှင်မင်းကြီးသည် အစ္စရေးလူမျိုးတို့ကိုမလွှတ်ဘဲနေခြင်းဖြင့် ထပ်၍မလှည့်စားပါနှင့်”ဟု လျှောက်လေ၏။ |
``ကိုယ်တော်ရှင်ပြုတော်မူသောအမှုတို့သည် အလွန်အံ့သြဖွယ်ကောင်းလှပါသည်တကား။ ကိုယ်တော်ရှင်၏တန်ခိုးတော်သည် ကြီးမားလှသည်ဖြစ်၍ရန်သူတို့သည်ရှေ့တော်တွင် ကြောက်ရွံ့ဝပ်တွားကြပါ၏။
တိုင်းပြည်တွင်အခြေအနေကောင်းလာကြောင်း ကိုတွေ့မြင်ရသောအခါ၊ ဘုရင်သည်ထာဝရ ဘုရားမိန့်တော်မူခဲ့သည့်အတိုင်းခေါင်းမာမြဲ ခေါင်းမာလျက် မောရှေနှင့်အာရုန်တို့၏စကား ကိုနားမထောင်ဘဲနေလေ၏။
ထိုအခါဘုရင်သည် မောရှေနှင့်အာရုန်တို့ ကိုခေါ်၍ ``ငါနှင့်ငါ၏ပြည်သားတို့ထံမှ ဖားတို့ကိုဖယ်ရှားပေးရန်ထာဝရဘုရား ထံဆုတောင်းပါလော့။ သို့ပြုလျှင်သင်တို့၏ အမျိုးသားများ ထာဝရဘုရားကိုယဇ် ပူဇော်ရန်သွားခွင့်ကိုငါပြုမည်'' ဟုဆို၏။
သို့သော်လည်းသင်နှင့်သင်၏မှူးမတ်တို့သည် ထာဝရအရှင်ဘုရားသခင်ကိုကြောက်ရွံ့ ခြင်းမရှိသေးကြောင်းကျွန်ုပ်သိပါသည်'' ဟုလျှောက်လေ၏။
ငါကလည်း``ကောင်းလှပြီ။ သင်တို့တောင်းပန်သည့် အတိုင်းငါတို့ဘုရားသခင်ထာဝရဘုရား ထံတော်သို့ငါဆုတောင်းပတ္ထနာပြုမည်။ ထို နောက်ကိုယ်တော်မိန့်တော်မူသမျှတို့ကိုသင် တို့အားငါပြောပြမည်။ အဘယ်အရာကို မျှသင်တို့ထံမှထိမ်ဝှက်၍ထားမည်မဟုတ်'' ဟုဆို၏။
သင်တို့သည်အယူအဆမလွဲမှားကြနှင့်။ ဘုရား သခင်အားအဘယ်သူမျှလိမ်လည်၍မရ။ လူ သည်မိမိမျိုးကြဲသည့်အတိုင်း အသီးအနှံကို ရိတ်သိမ်းရလိမ့်မည်။-