ထာဝရဘုရားအားဆက်ကပ်ထားသည့်ကြေး ဝါပလ္လင်မှာ ယဇ်ပလ္လင်သစ်နှင့်ဗိမာန်တော်စပ်ကြား တွင်တည်ရှိနေသောကြောင့် အာခတ်သည်ထို ပလ္လင်ကိုယဇ်ပလ္လင်သစ်၏မြောက်ဘက်သို့ပြောင်း ရွှေ့လိုက်ပြီးလျှင်၊-
ထွက်မြောက် 40:29 - Common Language Bible ထာဝရဘုရားစံတော်မူရာတဲတော်တံခါး ဝရှေ့တွင် မီးရှို့ရာယဇ်ပလ္လင်ကိုနေရာချထား ၏။ ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း သူသည်မီးရှို့ရာယဇ်ကိုလည်းကောင်း၊ ဘောဇဉ် ပူဇော်သကာကိုလည်းကောင်းပလ္လင်ပေါ်တွင် ပူဇော်လေ၏။- Judson Bible ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ မီးရှို့ရာယဇ်ပလ္လင်ကိုလည်း၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့မှာထား၍၊ ထိုပလ္လင်ပေါ်၌ မီးရှို့ရာယဇ်ကိုလည်းကောင်း၊ ဘောဇဉ်ပူဇော်သကာကိုလည်းကောင်း ပူဇော်လေ၏။ မြန်မာ့စံမီသမ္မာကျမ်း မီးရှို့ရာယဇ်ပလ္လင်ကို တွေ့ဆုံစည်းဝေးရာတဲတော်တည်းဟူသော ကိန်းဝပ်တော်မူရာတဲတော်အဝင်ဝ၏ရှေ့တည့်တည့်၌ထား၍ ယဇ်ပလ္လင်ပေါ်၌ မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာတို့ကို ပူဇော်၏။ |
ထာဝရဘုရားအားဆက်ကပ်ထားသည့်ကြေး ဝါပလ္လင်မှာ ယဇ်ပလ္လင်သစ်နှင့်ဗိမာန်တော်စပ်ကြား တွင်တည်ရှိနေသောကြောင့် အာခတ်သည်ထို ပလ္လင်ကိုယဇ်ပလ္လင်သစ်၏မြောက်ဘက်သို့ပြောင်း ရွှေ့လိုက်ပြီးလျှင်၊-
သူသည်အင်တုံကိုထာဝရဘုရားစံတော်မူ ရာတဲတော်နှင့် ယဇ်ပလ္လင်အကြားတွင် နေရာချ ထား၍ရေထည့်ထား၏။-
ယဇ်ကောင်မီးရှို့ရာပလ္လင်ကိုထာဝရဘုရား စံတော်မူရာ တဲတော်တံခါးဝရှေ့တွင်ထား လော့။-
ထိုလူသည်တံတိုင်းအတွင်းဝင်းကိုတိုင်းတာကြည့်ရာအလျားပေတစ်ရာခုနစ်ဆယ်၊ အနံပေတစ်ရာခုနစ်ဆယ်ရှိသည်ကိုတွေ့ရ၏။ ဗိမာန်တော်သည်အနောက်ဘက်တွင်ရှိ၍ ဗိမာန်တော်ရှေ့၌ယဇ်ပလ္လင်ရှိ၏။-
အရှင်ထာဝရဘုရားကငါ့အား``အချင်း လူသား၊ ငါပြောသည်ကိုနားထောင်လော့။ ယဇ် ပလ္လင်ကိုတည်ဆောက်ပြီးသောအခါသင်သည် ယဇ်ကောင်များကိုမီးရှို့ပူဇော်ခြင်း၊ ယဇ်ကောင် များ၏သွေးဖြင့်ယဇ်ပလ္လင်ကိုပက်ဖျန်းခြင်း ဖြင့်ယဇ်ပလ္လင်ကိုသန့်စင်စေရမည်။-
ထာဝရဘုရားသည် စံတော်မူရာတဲတော် ထဲမှမောရှေကိုဆင့်ခေါ်၍ ဣသရေလအမျိုး သားတို့ယဇ်ပူဇော်ရာတွင်လိုက်နာရန် အောက် ဖော်ပြပါပြဋ္ဌာန်းချက်များကိုချမှတ်ပေး တော်မူသည်။ တစ်စုံတစ်ယောက်သောသူသည် တိရစ္ဆာန်ကိုယဇ် ပူဇော်သည့်အခါ မိမိနွားအုပ်ထဲမှဖြစ်စေ၊ သိုးအုပ်သို့မဟုတ်ဆိတ်အုပ်ထဲမှဖြစ်စေ တိရစ္ဆာန်တစ်ကောင်ကိုပူဇော်ရမည်။-
သင်တို့၏မျက်စိသည်ကန်းလှသည်တကား။ အဘယ်အရာကပို၍အရေးကြီးပါသနည်း။ ပူဇော်သကာလော။ သို့မဟုတ်ပူဇော်သကာကို မြင့်မြတ်သန့်ရှင်းစေသည့်ယဇ်ပလ္လင်လော။-
ယုဒတဲတော်အတွင်း၌တာဝန်ထမ်းဆောင် ရသူယဇ်ပုရောဟိတ်တို့သည် ငါတို့၏ယဇ် ပလ္လင်မှအဘယ်ပူဇော်သကာကိုမျှစား ပိုင်ခွင့်မရှိ။-
ကိုယ်တော်သည်အလွန်သန့်ရှင်းရာဌာနတော် ထဲသို့ တစ်ကြိမ်တည်းအပြီးအပိုင်ဝင်တော်မူ သောအခါ၊ ယဇ်ပူဇော်ရန်ဆိတ်သွေး၊ နွားသွေး နှင့်ဝင်တော်မမူ။ မိမိကိုယ်တော်တိုင်၏သွေး နှင့်ဝင်တော်မူ၍ ငါတို့အားထာဝရ ကယ်တင်ခြင်းကိုပေးတော်မူ၏။-