သင်၏တောင်ဝှေးကိုကိုင်၍ပင်လယ်ပေါ်တွင် လက်ကိုဆန့်လော့။ ထိုအခါပင်လယ်ရေသည် နှစ်ခြမ်းကွဲသဖြင့် ဣသရေလအမျိုးသား တို့သည်ခြောက်သွေ့သောမြေပေါ်မှာဖြတ် ၍လျှောက်သွားရကြမည်။-
ထွက်မြောက် 4:20 - Common Language Bible သို့ဖြစ်၍မောရှေသည်သူ၏မယားနှင့်သား တို့ကိုမြည်းပေါ်တွင်တင်၍၊ ထာဝရဘုရား ဆောင်ထားစေသောတောင်ဝှေးကိုလက်ထဲတွင် ကိုင်ဆောင်လျက်အီဂျစ်ပြည်သို့ထွက်ခွာခဲ့ လေသည်။ Garrad Bible မော ရှေ သည်၊ သား မ ယား တို့ ကို ခေါ် ယူ ၍ မြည်း ပေါ် မှာ တင် ပြီး လျှင်၊ ဘု ရား သ ခင့် တောင် ဝေး တော် ကို ကိုင် စွဲ လျက် အိ ဂျစ် ပြည် သို့ ပြန် လေ ၏။ Judson Bible ထိုအခါ၊ မောရှေသည် မယားနှင့်သားနှစ်ယောက်တို့ကိုယူ၍ မြည်းကိုစီးစေသဖြင့်၊ ဘုရားသခင်၏လှံတံတော်ကိုလက်စွဲလျက်၊ အဲဂုတ္တုပြည်သို့ ပြန်လေ၏။ မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် မောရှေသည် မိမိမယားနှင့်သားတို့ကိုခေါ်၍ မြည်းပေါ်တင်ပြီးလျှင် အီဂျစ်ပြည်သို့ပြန်သွားလေ၏။ မောရှေသည် မိမိ၏လက်ထဲ၌ ဘုရားသခင်၏တောင်ဝှေးတော်ကို ကိုင်ဆောင်သွား၏။ |
သင်၏တောင်ဝှေးကိုကိုင်၍ပင်လယ်ပေါ်တွင် လက်ကိုဆန့်လော့။ ထိုအခါပင်လယ်ရေသည် နှစ်ခြမ်းကွဲသဖြင့် ဣသရေလအမျိုးသား တို့သည်ခြောက်သွေ့သောမြေပေါ်မှာဖြတ် ၍လျှောက်သွားရကြမည်။-
မောရှေကယောရှုအား``သင်သည်နက်ဖြန်နေ့ တွင်အာမလက်အမျိုးသားတို့ကိုစစ်ချီ တိုက်ခိုက်ရန်လူအချို့ကိုရွေးလော့။ ငါသည် ထာဝရဘုရားအပ်နှင်းထားတော်မူသော တောင်ဝှေးကိုကိုင်လျက် တောင်ထိပ်ပေါ်တွင် ရပ်နေမည်'' ဟုဆို၏။-
သူသည်မောရှေ၏ဇနီးနှင့်သားနှစ်ယောက် တို့နှင့်အတူ လာရောက်မည်ဖြစ်ကြောင်း မောရှေထံသတင်းပို့ခဲ့၏။-
ဇိပေါရသည်သားတစ်ယောက်ကိုဖွားမြင်သော အခါ၊ မောရှေက``ငါသည်တစ်ရပ်တစ်ကျေးတွင် ဧည့်သည်ဖြစ်ရပါသည်'' ဟုဆို၍ထိုသားကို ဂေရရှုံဟုနာမည်မှည့်လေ၏။
တောင်ဝှေးကိုသင့်လက်ထဲ၌ဆောင်ထားလော့။ ထိုတောင်ဝှေးဖြင့်သင်သည်အံ့သြဖွယ်သော အမှုတို့ကိုပြုလိမ့်မည်'' ဟုမိန့်တော်မူ၏။
ထာဝရဘုရားက``သင့်လက်ထဲတွင်မည်သည့် အရာရှိသနည်း'' ဟုမေးလျှင်၊ မောရှေက``တောင်ဝှေးရှိပါသည်'' ဟုလျှောက်၏။
တောင်ဝှေးကိုမြှောက်၍ကျောက်တုံးကိုနှစ်ကြိမ် ရိုက်လေသည်။ ထိုအခါကျောက်ဆောင်မှရေ များစွာပန်းထွက်သဖြင့် လူအပေါင်းတို့နှင့် တိရစ္ဆာန်များရေသောက်ကြရသည်။
မောရှေသည်ထိုစကားကိုကြားသောအခါ အီဂျစ်ပြည်မှထွက်ပြေး၍မိဒျန်ပြည်တွင် နေထိုင်လေသည်။ သူသည်ထိုပြည်တွင်သား နှစ်ယောက်ကိုရ၏။