ထိုနောက်အာရုန်သည်ရွှေနွားရုပ်ရှေ့မှာ ပလ္လင် ကိုတည်၍``နက်ဖြန်နေ့တွင်ထာဝရဘုရား အတွက်ပွဲခံရကြမည်'' ဟုကြေညာ၏။-
ထွက်မြောက် 32:6 - Common Language Bible နောက်နေ့နံနက်စောစောတွင်လူအပေါင်းတို့ သည် မီးရှို့ရာယဇ်နှင့်မိတ်သဟာယယဇ်များ ကိုပူဇော်ကြ၏။ ထိုသို့ယဇ်ပူဇော်ကြပြီး နောက်၊ သူတို့သည် စားသောက်မူးယစ်ကြပြီး လျှင်၊ အမျိုးသား၊ အမျိုးသမီးများအပျော် ကူးကြကုန်၏။ Garrad Bible နောက် နေ့ နံ နက် အ ချိန် ထို သူ တို့ သည် ထ ပြီး လျှင် မီး ရှို့ ရာ သ က္ကာ ပူ ဇော်၍၊ မိတ် သ ဟာ ယ သ က္ကာ ကို ဆက် ကပ် ပြီး မှ စား သောက် ရန် ထိုင် လျက် မြူး တူး ရန် ထ ကြ ၏။ Judson Bible နက်ဖြန်နံနက်စောစော လူတို့သည်ထ၍၊ မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ပူဇော်ပြီးမှ၊ စားသောက်လျက်ထိုင်နေကြ၏။ နောက်တစ်ဖန် ကခုန်မြူးထူးခြင်းငှာ ထကြ၏။ မြန်မာ့စံမီသမ္မာကျမ်း နောက်တစ်နေ့၌ လူတို့သည် စောစောထ၍ မီးရှို့ရာယဇ်ကိုပူဇော်၏။ မိတ်သဟာယယဇ်ကိုဆက်ကပ်ကြ၏။ ထို့နောက် ထိုင်၍စားသောက်ကြ၏။ ထ၍လည်းကခုန်ပျော်ပါးကြ၏။ |
ထိုနောက်အာရုန်သည်ရွှေနွားရုပ်ရှေ့မှာ ပလ္လင် ကိုတည်၍``နက်ဖြန်နေ့တွင်ထာဝရဘုရား အတွက်ပွဲခံရကြမည်'' ဟုကြေညာ၏။-
ဝတ်ပြုရာနေရာတိုင်း၌ဆင်းရဲသူများ ထံမှအပေါင်ခံပစ္စည်းအဖြစ်နှင့်ရယူ ထားသောအဝတ်အထည်များကိုခင်း ကာအိပ်စက်ကြလေပြီ။ သူတို့ကိုးကွယ် သောဘုရားသခင်၏ဗိမာန်တော်တွင် ကြွေးတင်နေသူများထံမှလျော်ကြေး အဖြစ်ရယူလာသောစပျစ်ရည်ကို သောက်ကြလေပြီ။
သင်တို့ပျော်ပွဲရွှင်ပွဲများကိုမသာပွဲအဖြစ် သို့ပြောင်းပစ်မည်။ သင်တို့တက်ကြွရွှင်မြူးသော တေးသံတို့ကိုငိုကြွေးသံများဖြစ်သွားစေ မည်။ သင်တို့သည်ဆံပင်များကိုရိတ်ပြီးလျှော် တေအဝတ်ကိုဝတ်ရလိမ့်မည်။ တစ်ဦးတည်း သောသားသေဆုံးသဖြင့်ရတက်ပွားရသည့် မိဘပမာဖြစ်ရကြမည်။ နေဝင်သည့်တိုင် ထိုနေ့တာသည်ဆိုးဝါးလှမည်။
ထိုအမျိုးသမီးတို့က မောဘဘုရားယဇ်ပူဇော် ပွဲများသို့သူတို့ကိုခေါ်သွားကြ၏။ ဣသရေလ အမျိုးသားတို့သည်ပေဂုရဒေသခံဗာလ ဘုရားအား ပူဇော်သောအစားအစာကိုစား ၍ထိုဘုရားကိုဦးချရှိခိုးကြ၏။-
ကမ္ဘာသူကမ္ဘာသားတို့သည်ပရောဖက်နှစ်ပါး သေသည့်အတွက် အားရဝမ်းမြောက်လျက် အချင်းချင်းလက်ဆောင်ပဏ္ဏာများပေးကာ အောင်ပွဲခံကြလိမ့်မည်။ အဘယ်ကြောင့်ဆို သော်ထိုပရောဖက်နှစ်ပါးသည် ကမ္ဘာသူ ကမ္ဘာသားတို့အားများစွာဒုက္ခရောက်စေ ခဲ့ကြသောကြောင့်ဖြစ်၏။-