``သင်တို့သည်ငါ၏လူမျိုးတော်ဖြစ်သောကြောင့် သားရဲများကိုက်သတ်သောတိရစ္ဆာန်၏အသား ကိုမစားရ။ ထိုအသားကိုခွေးတို့အားကျွေး လော့။
သင် တို့ သည် ငါ့ အ ဖို့ သီး သန့် ထား သူ ဖြစ် ကြ သည့် အ တိုင်း လယ် တော၌ သား ရဲ ကိုက် သော အ သား ကို မ စား ရ။ ခွေး များ အား ပစ် ပေး ရ မည်။
သင်တို့သည် ငါ့ထံ၌ သန့်ရှင်းသောသူဖြစ်ရကြမည်။ တော၌ သားရဲကိုက်သော အမဲသားကိုမစားရ။ ခွေးတို့အားပစ်ပေးရမည်။
သင်တို့သည် ငါ့အဖို့ သန့်ရှင်းသောသူများဖြစ်ရမည်။ ကွင်းပြင်၌ သားရဲကိုက်သတ်သောအကောင်၏အသားကို သင်တို့ မစားရ။ ခွေးကို ပစ်ပေးရမည်။
ယုဒအမျိုးသားတို့သည်လူမျိုးခြားအမျိုး သမီးများနှင့်အိမ်ထောင်ပြုကြသည်ဖြစ်၍ ဘုရားသခင်၏သီးသန့်လူမျိုးတော်သည် ညစ်ညမ်းလေပြီ။ ဤအပြစ်ကိုကူးလွန်ရာ တွင်ခေါင်းဆောင်များနှင့်အရာရှိများသည် အဆိုးဆုံးဖြစ်ပါသည်'' ဟုပြောကြားကြ၏။-
သို့ရာတွင်``အရှင်ထာဝရဘုရား၊ ကျွန်တော် မျိုးသည်အဘယ်အခါ၌မျှ မိမိကိုယ်ကို မညစ်ညမ်းစေခဲ့ဘူးပါ။ ကလေးအရွယ်မှ စ၍အဘယ်အခါ၌မျှ အလိုအလျောက် သေသောတိရစ္ဆာန်၏အသားကိုသော်လည်း ကောင်း၊ သားရဲများကိုက်၍သေသည့်တိရစ္ဆာန် ၏အသားကိုသော်လည်းကောင်း မစားခဲ့ ဘူးပါ။ ကျွန်တော်မျိုးသည်မသန့်စင်ဟု ယူဆသည့်အစားအစာကိုအဘယ်အခါ ၌မျှမစားခဲ့ဘူးပါ'' ဟုလျှောက်၏။
ယဇ်ပုရောဟိတ်တို့သည်အလိုအလျောက် ဖြစ်စေ၊ သားရဲကိုက်၍သေသောငှက်သို့မ ဟုတ်တိရစ္ဆာန်၏အသားကိုဖြစ်စေမစား ရကြ'' ဟုမိန့်တော်မူ၏။
သို့ဖြစ်၍သင်တို့သည်စားနိုင်သောတိရစ္ဆာန်နှင့်ငှက်၊ မစားနိုင်သောတိရစ္ဆာန်နှင့်ငှက်တို့ကိုသေချာစွာခွဲခြားသတ်မှတ်ရမည်။ မသန့်သောတိရစ္ဆာန်နှင့်ငှက်တို့ကိုမစားရ။ ငါသည်ယင်းတို့ကိုမသန့်ဟုသတ်မှတ်ထားသဖြင့်ထိုသတ္တဝါတို့၏အသားကိုစားလျှင်သင်တို့သည်ညစ်ညမ်းလိမ့်မည်။-
သူသည်သဘာဝအလျောက်သေသော တိရစ္ဆာန်သို့မဟုတ်သားရဲကိုက်သတ်၍သေ သောတိရစ္ဆာန်၏အသားကိုမစားရ။ ယင်း သို့စားလျှင်သူသည်မသန့်စင်ချေ။ ငါသည် ထာဝရဘုရားဖြစ်တော်မူ၏။
သဘာဝအလျောက်သေသောတိရစ္ဆာန်၏ အဆီ၊ သို့မဟုတ်သားရဲကိုက်သတ်၍သေ သောတိရစ္ဆာန်၏အဆီကိုမစားရ။ သို့ရာ တွင်ထိုအဆီကိုအခြားကိစ္စများအတွက် အသုံးပြုနိုင်သည်။-
ပေတရုက``အရှင်ဘုရား၊ အဘယ်နည်းနှင့်မျှ မဖြစ်နိုင်ပါ။ အကျွန်ုပ်သည်ညစ်ညမ်းသောအရာ သို့မဟုတ်မသန့်စင်သည့်အရာကို အဘယ် အခါ၌မျှမစားဘူးပါ'' ဟုလျှောက်၏။
သို့ရာတွင်ရုပ်တုအားပူဇော်ထားသဖြင့် မသန့် စင်သည့်အစားအစာများကိုစားခြင်း၊ ကာမ ဂုဏ်လိုက်စားခြင်း၊ လည်လိမ်သားနှင့်သွေးကို စားသုံးခြင်းတို့ကိုမူရှောင်ရှားကြစေရန် စာရေး၍အကြောင်းကြားသင့်သည်ဟုငါ ယူဆ၏။-
``အလိုအလျောက်သေသောတိရစ္ဆာန်၏အသား ကိုမစားရ။ သင်တို့နှင့်တစ်ရပ်တည်းနေထိုင် သောလူမျိုးခြားတို့အား ထိုအသားကိုစား ခွင့်ပြုနိုင်၏။ သို့မဟုတ်ထိုအသားကိုလူမျိုး ခြားတို့အားရောင်းခွင့်ရှိသည်။ သင်တို့ကိုမူ ကား သင်တို့၏ဘုရားသခင်ထာဝရဘုရား ပိုင်တော်မူ၏။ သင်တို့သည်ကိုယ်တော်၏ လူမျိုးတော်ဖြစ်ကြ၏။ ``သိုးကလေးသို့မဟုတ်ဆိတ်ကလေးကို ယင်း၏အမိနို့ရည်၌မချက်မပြုတ်ရ။''