လူ့အသက်ကိုသတ်သောသူအားဒဏ်ခံစေမည်။ လူကိုသတ်သောတိရစ္ဆာန်အားငါသည်သေဒဏ်ခံစေမည်။-
ထွက်မြောက် 21:12 - Common Language Bible ``လူတစ်ယောက်ကိုရိုက်နှက်၍ သေစေသူအား သေဒဏ်ခံစေရမည်။- Garrad Bible လူ ကို အ သေ သတ် သူ သည် ကိုယ် တိုင် သေ ဒဏ် ခံ စေ။ Judson Bible လူကိုအသေသတ်သောသူသည် အသေသတ်ခြင်းကို အမှန်ခံရမည်။ မြန်မာ့စံမီသမ္မာကျမ်း လူကိုသေအောင်ရိုက်သောသူသည် မုချအသတ်ခံရမည်။ |
လူ့အသက်ကိုသတ်သောသူအားဒဏ်ခံစေမည်။ လူကိုသတ်သောတိရစ္ဆာန်အားငါသည်သေဒဏ်ခံစေမည်။-
လူကိုဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်တူစွာဖန်ဆင်းတော်မူသဖြင့် လူကိုသတ်သောသူအားလူ့လက်ဖြင့်သတ်လိမ့်မည်။
ဒါဝိဒ်က``အကျွန်ုပ်သည်ထာဝရဘုရားကို ပြစ်မှားမိပါပြီ'' ဟုဝန်ချလျှင်နာသန် က``ထာဝရဘုရားသည်သင်၏အပြစ်ကို ဖြေလွှတ်၍သေဒဏ်မှချမ်းသာစေတော် မူပြီ။-
အဆိုပါဝတ္တရားများပျက်ကွက်ခဲ့လျှင်သူ သည်ငွေအလျော်မတောင်းဘဲ ထိုမိန်းမကို လွတ်မြောက်ခွင့်ပေးရမည်။
သခင်ယေရှုက ``သင်၏ဋ္ဌားကိုဋ္ဌားအိမ်သို့ပြန်သွင်း လော့။ ဋ္ဌားကိုစွဲကိုင်သူသည်ဋ္ဌားအားဖြင့်သေကြေ ပျက်စီးရလိမ့်မည်။-
`` `လူတစ်ယောက်အားလျှို့ဝှက်စွာသတ်သူသည် ဘုရားသခင်၏ကျိန်ခြင်းကိုခံစေသတည်း' ဟုကျိန်ဆိုသောအခါ``လူအပေါင်းတို့ က`အာမင်' ဟုဝန်ခံရကြမည်။