သို့ဖြစ်၍မောရှေသည်တောင်ပေါ်ကဆင်းလာ ခဲ့ပြီးလျှင် ခေါင်းဆောင်များကိုဆင့်ခေါ်၍ ထာဝရဘုရားမိန့်မှာတော်မူသမျှကို ပြောကြားလေ၏။-
မော ရှေ ဆင်း လာ၍ လူ ကြီး တို့ ကို ခေါ် ပြီး လျှင် ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ သော ဗျာဒိတ် အ လုံး စုံ ကို ပြန် ကြား သော်၊
မောရှေသည်ပြန်လာ၍ လူတို့တွင် အသက်ကြီးသူတို့ကိုခေါ်ပြီးလျှင်၊ ထာဝရဘုရားမှာထားတော်မူသော စကားအလုံးစုံတို့ကို ပြန်ပြောလေ၏။
မောရှေသည် ပြန်လာ၍ လူတို့ထဲမှ သက်ကြီးဝါကြီးတို့ကို ခေါ်ပြီးလျှင် မိမိအား ထာဝရဘုရားမိန့်မှာတော်မူသော ထိုစကားအလုံးစုံတို့ကို သူတို့ရှေ့မှောက်၌ ပြန်ပြော၏။
သင်သွား၍ဣသရေလအမျိုးသားခေါင်း ဆောင်တို့ကိုစုရုံးလျက် သူတို့အားသင်တို့ ဘိုးဘေးတို့၏ထာဝရဘုရား၊ အာဗြဟံ ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရား တည်းဟူသောထာဝရဘုရားကိုဖူးမြင် ရ၍၊ ထိုဘုရားကသင်တို့အားငါသည်သင် တို့ထံသို့ကြွလာလျက်အီဂျစ်အမျိုးသား တို့ကသင်တို့အားပြုသောအမှုကိုမြင် ရပြီ။-
မောရှေသည်မိမိအားစေလွှတ်သောထာဝရ ဘုရားမိန့်မှာသမျှတို့နှင့် ပြုလုပ်ရမည့် အံ့သြဖွယ်သောအမှုတို့ကိုအာရုန်အား ပြောလေ၏။-
ညီအစ်ကိုတို့၊ သင်တို့အားငါဟောပြောသည့် သတင်းကောင်းကိုပြန်လည်သတိရစေလို၏။ ထိုသတင်းကောင်းကိုသင်တို့ခံယူကာယင်း အပေါ်၌ သင်တို့၏ယုံကြည်ခြင်းခိုင်မြဲစွာ အမြစ်စွဲလျက်ရှိပေသည်။-