ထွက်မြောက် 18:18 - Common Language Bible သင်နှင့်တကွဤသူအားလုံးတို့သည်ပင် ပန်းနွမ်းရိကြလိမ့်မည်။ ဤတာဝန်သည်သင့် အတွက်ကြီးလွန်းလှ၏။ သင်တစ်ဦးတည်း ထမ်းဆောင်နိုင်မည်မဟုတ်။- Garrad Bible သင် မှ စ၍ အ တူ ရှိ သော လူ မျိုး သည် ပင် ပန်း နွမ်း ရိ ကြ လိမ့် မည်။ ဤ အ ရာ သည် သင် တစ် ယောက် တည်း မ တတ် နိုင် အောင် လေး သော အ ရာ ဖြစ် ၏။ Judson Bible သင်မှစ၍ သင်၌ပါသော ဤလူများတို့သည် အမှန်အားလျော့ကြလိမ့်မည်။ ဤအမှုသည် သင်၌အလွန်လေး၏။ တစ်ယောက်တည်း မတတ်နိုင်သောအမှုဖြစ်၏။ မြန်မာ့စံမီသမ္မာကျမ်း သင်နှင့်တကွ ဤလူတို့သည် အမှန်တကယ်ပင်ပန်းကြလိမ့်မည်။ သင့်အတွက် ဤအမှုသည် ကြီးလေးသောကြောင့် သင်တစ်ယောက်တည်း မဆောင်ရွက်နိုင်။ |
ငါသည်သင်တို့ကိုကူညီရန်ဝမ်းမြောက်စွာ မိမိ၏ဥစ္စာနှင့်အားအင်ကိုကုန်ခန်းစေမည်။ ငါသည်သင်တို့ကိုဤမျှချစ်လျှင်သင်တို့ ကငါ့ကိုလျော့၍ချစ်ကြမည်လော။
သူသည်သင်တို့ကိုယ်တိုင်မပေးနိုင်သည့်အကူ အညီကို ငါ့အားပေးနိုင်အံ့သောငှာအသက်စွန့် စား၍ ခရစ်တော်၏အမှုတော်ကိုသေလုနီး သည်တိုင်အောင်ကြိုးပမ်းထမ်းဆောင်ခဲ့ပေသည်။