ယောရှုသည်အာမလက်တပ်ကိုအောင်မြင် ချေမှုန်းခဲ့လေ၏။
ယော ရှု သည် အာ မ လက် လူ မျိုး ကို လုပ် ကြံ၍ ဓား ဘေး သင့် စေ ပြီး လျှင်၊
ယောရှုသည်လည်း အာမလက်မင်းနှင့် လူများတို့ကိုဓားလက်နက်ဖြင့် လုပ်ကြံလေ၏။
ထို့ကြောင့် ယောရှုသည် အာမလက်နှင့်သူ၏လူတို့ကို ဓားဖြင့်အနိုင်ရလေ၏။
မောရှေ၏လက်များညောင်းလာသောအခါ အာရုန်နှင့်ဟုရတို့သည် မောရှေအားကျောက် တုံးတစ်ခုပေါ်တွင်ထိုင်စေပြီးလျှင် တစ်ဘက် စီ၌ရပ်လျက်မောရှေ၏လက်များကိုချီပင့် ထားကြ၏။ သူတို့နှစ်ဦးသည်မောရှေ၏ လက်များကိုနေဝင်သည့်တိုင်အောင်ချီပင့် ထားကြသည်ဖြစ်ရာ၊-
ထိုနောက်ထာဝရဘုရားကမောရှေအား``ဤ အောင်ပွဲအကြောင်းကိုအမှတ်တရဖြစ်စေ ရန် ရေး၍မှတ်တမ်းတင်လော့။ ငါသည်အာမလက် အမျိုးသားတို့ကိုလုံးဝဖျက်ဆီးပစ်မည် ဖြစ်ကြောင်းယောရှုအားပြောလော့'' ဟုမိန့် တော်မူ၏။-
အချို့သောသူတို့သည်ဋ္ဌားဘေးဖြင့်ကျဆုံး ကြလိမ့်မည်။ ကျန်သူတို့သည်သုံ့ပန်းများအဖြစ် ဖြင့် အတိုင်းတိုင်းအပြည်ပြည်သို့ဖမ်းသွားခြင်းခံ ရကြလိမ့်မည်။ လူမျိုးခြားတို့သည် မိမိတို့ကြီး စိုးသည့်ခေတ်မကုန်မချင်း ယေရုရှလင်မြို့ ကိုခြေဖြင့်နင်းကြလိမ့်မည်။
ထိုနေ့၌ပင်ယောရှုသည်မက္ကဒါမြို့ကိုတိုက်ခိုက် သိမ်းပိုက်၍ မက္ကဒါမင်းကိုလက်ရဖမ်းဆီးခဲ့ လေသည်။ မြို့သူမြို့သားအားလုံးကိုလည်း တစ်ယောက်မကျန်သတ်ဖြတ်သုတ်သင်ခဲ့လေ သည်။ ယေရိခေါမင်းကိုအဆုံးစီရင်သကဲ့ သို့မက္ကဒါမင်းကိုလည်းအဆုံးစီရင်သည်။-
ထာဝရဘုရားသည်တိုက်ပွဲဒုတိယနေ့ ၌လာခိရှမြို့ကို ဣသရေလအမျိုးသား တို့၏လက်သို့အပ်တော်မူ၏။ သူတို့သည် လိဗနာမြို့သူမြို့သားတို့ကိုပြုသကဲ့ သို့ လာခိရှမြို့သူမြို့သားအပေါင်းတို့ ကိုလည်းတစ်ယောက်မကျန်သတ်ဖြတ် သုတ်သင်ကြသည်။-
သိမ်းပိုက်ကြလေသည်။ သူတို့သည်ဟေဗြုန် မင်းနှင့်မြို့သူမြို့သားအပေါင်းတို့ကိုလည်း ကောင်း၊ အနီးအနားမြို့များမှမြို့သူမြို့ သားအပေါင်းတို့ကိုလည်းကောင်း သတ်ဖြတ် သုတ်သင်ကြလေသည်။ ယောရှုသည်ဧဂလုန် မြို့ကိုလုံးလုံးလျားလျားဖျက်ဆီးခဲ့သည့် နည်းတူ ဟေဗြုန်မြို့ကိုလည်းဖျက်ဆီးလေ သည်။ မည်သူတစ်ယောက်မျှအသက်ရှင်၍ မကျန်ရစ်ချေ။
ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားသည် ဣသရေလအမျိုးသား တို့ဘက်မှကူညီတိုက်ခိုက်သောကြောင့် ယောရှု သည်ထိုမင်းအပေါင်းတို့နှင့်သူတို့၏တိုင်း ပြည်များကိုဆက်တိုက်နှိမ်နင်းအောင်မြင် ခဲ့သည်။-
ယောရှုသည်ထိုမင်းအပေါင်းတို့နှင့်သူ တို့စိုးစံသောမြို့များကိုတိုက်ခိုက်သိမ်း ပိုက်၍ ထာဝရဘုရား၏အစေခံမောရှေ မိန့်မှာခဲ့သည်အတိုင်း မြို့သူမြို့သား အပေါင်းတို့ကိုတစ်ယောက်မကျန်သတ် ဖြတ်သုတ်သင်လေသည်။-