သူတို့သည်ပိဟဟိရုတ်စခန်းမှထွက်လာ ၍ ပင်လယ်နီကိုဖြတ်ကူးပြီးလျှင်ဧသံ တောကန္တာရသို့ရောက်ကြ၏။ သုံးရက်ခရီး သွားပြီးနောက်မာရစခန်း၌ရပ်နား ကြ၏။-
ထွက်မြောက် 15:23 - Common Language Bible ထိုနောက်မာရဟုခေါ်သောအရပ်သို့ရောက် ရှိလာကြရာ ရေသည်ခါးသောကြောင့် မသောက်နိုင်ကြ။ ရေခါးထွက်သဖြင့်ထို အရပ်ကိုမာရဟုခေါ်တွင်လေ၏။- Garrad Bible မာ ရ စ ခန်း သို့ ရောက် သော အ ခါ မာ ရ ရေ ခါး သော ကြောင့် မ သောက် နိုင် ကြ။ ရေ ခါး ကြောင်း အ စွဲ ပြု၍ ထို စ ခန်း ကို မာ ရ ဟု သ မုတ် ကြ သ တည်း။ Judson Bible မာရအရပ်သို့ရောက်သောအခါ၊ မာရရေသည်ခါးသောကြောင့် မသောက်နိုင်ကြ။ ထိုကြောင့် ထိုအရပ်ကို မာရဟုသမုတ်ကြသတည်း။ မြန်မာ့စံမီသမ္မာကျမ်း မာရအရပ်သို့ရောက်သောအခါ မာရအရပ်မှရေသည် ခါးသောကြောင့် မသောက်နိုင်ကြ။ ထို့ကြောင့် ထိုအရပ်၏အမည်ကို မာရ ဟုခေါ်၏။ |
သူတို့သည်ပိဟဟိရုတ်စခန်းမှထွက်လာ ၍ ပင်လယ်နီကိုဖြတ်ကူးပြီးလျှင်ဧသံ တောကန္တာရသို့ရောက်ကြ၏။ သုံးရက်ခရီး သွားပြီးနောက်မာရစခန်း၌ရပ်နား ကြ၏။-
နောမိကလည်း ``ငါ့ကို နောမိ'' ဟုသင်တို့ မခေါ်ကြပါနှင့်။ အနန္တတန်ခိုးရှင်ဘုရားသခင်သည် ငါ့အားခါးသီးစွာပြုတော်မူ ပြီဖြစ်၍ငါ့ကို`မာရ' ဟုခေါ်ကြပါလော့။-