ထိုနောက်ယာကုပ်သည်ယောသပ်အား``ငါသည် ယခုသေအံ့ဆဲဆဲရှိပြီ။ သို့သော်လည်းဘုရားသခင်သည်သင်တို့နှင့်အတူရှိ၍ ဘိုးဘေးတို့ နေထိုင်ရာပြည်သို့ပြန်လည်ပို့ဆောင်တော်မူ လိမ့်မည်။-
ထွက်မြောက် 13:19 - Common Language Bible ယောသပ်ကဣသရေလအမျိုးသားတို့အား ကတိသစ္စာထားစေခဲ့သည့်အတိုင်း မောရှေ သည်ယောသပ်၏အရိုးတို့ကိုယူဆောင်ခဲ့ လေသည်။ ယောသပ်က``ဘုရားသခင်သည် သင်တို့ကိုကယ်တင်ထုတ်ဆောင်သောအခါ ငါ့အရိုးတို့ကိုဤအရပ်မှယူဆောင် သွားရမည်'' ဟုခိုင်မြဲသောကတိပြု စေ၏။ Garrad Bible ယ မန် ယော သပ် က၊ ဘု ရား သ ခင် သည် သင် တို့ အား အ ကြည့် အ ရှု မု ချ ကြွ ရောက် တော် မူ မည်။ ထို အ ခါ ကျွန်ုပ် အ ရိုး များ ကို ဤ ပြည် မှ ဆောင် ယူ ရ မည် ဟူ၍ ဣ သ ရေ လ အ မျိုး သား တို့ ကို ခိုင် ခံ့ စွာ သ စ္စာ ဆို စေ သည့် အ တိုင်း သူ့ အ ရိုး များ ကို မော ရှေ ဆောင် ခဲ့ လေ ၏။ Judson Bible အထက်ကာလ၌ ယောသပ်က၊ အကယ်စင်စစ်ဘုရားသခင်သည် သင်တို့ကို အကြည့်အရှု ကြွလာတော်မူမည်။ ကျွန်ုပ်အရိုးတို့ကို ဤအရပ်မှယူသွားရမည်ဟူ၍ ဣသရေလအမျိုးသားတို့ကို ကျပ်ကျပ်ကျိန်ဆိုစေသောကြောင့်၊ သူ၏အရိုးတို့ကို မောရှေသည် မိမိ၌ယူဆောင်လေ၏။ မြန်မာ့စံမီသမ္မာကျမ်း မောရှေသည် ယောသပ်၏အရိုးများကို မိမိနှင့်အတူ ယူဆောင်သွား၏။ အကြောင်းမူကား ယောသပ်က အစ္စရေးအမျိုးသားတို့အား “ဘုရားသခင်သည် သင်တို့ကို အမှန်ပင်အကြည့်အရှုကြွလာတော်မူမည်။ ထိုအခါ ငါ၏အရိုးတို့ကို သင်တို့နှင့်အတူ ဤပြည်မှ ယူဆောင်သွားရမည်”ဟု ဆိုလျက် ကြပ်ကြပ်ကျိန်ဆိုစေခဲ့သောကြောင့်ဖြစ်၏။ |
ထိုနောက်ယာကုပ်သည်ယောသပ်အား``ငါသည် ယခုသေအံ့ဆဲဆဲရှိပြီ။ သို့သော်လည်းဘုရားသခင်သည်သင်တို့နှင့်အတူရှိ၍ ဘိုးဘေးတို့ နေထိုင်ရာပြည်သို့ပြန်လည်ပို့ဆောင်တော်မူ လိမ့်မည်။-
သူတို့သည်ပြောပြသမျှကိုယုံကြ၏။ ထာဝရဘုရားသည်သူတို့ထံသို့ကြွလာ ၍ သူတို့ခံရသောဆင်းရဲခြင်းကိုသိမှတ်တော် မူပြီဖြစ်ကြောင်းကို ကြားသိရသောအခါသူ တို့သည်ထာဝရဘုရားအားဦးညွှတ်ရှိခိုး ကြ၏။
ဤသို့သူ့အားထာဝရဘုရားသည်အံ့သြဖွယ် ကောင်းအောင်ကျေးဇူးပြုတော်မူကြောင်းကြားကြ သောအခါ အိမ်နီးချင်းတို့နှင့်ဆွေမျိုးသားချင်း တို့သည်သူနှင့်အတူရွှင်လန်းဝမ်းမြောက်ကြ၏။
လူအပေါင်းတို့သည်ကြောက်ရွံ့လျက်ဘုရားသခင် ၏ဂုဏ်ကျေးဇူးတော်ကိုချီးကူးကြ၏။ သူတို့ က ``ငါတို့တွင်ပရောဖက်ကြီးတစ်ပါးပေါ်ထွန်း လေပြီ။ ဘုရားသခင်သည်မိမိလူစုတော်အား ကယ်တင်ရန်ကြွလာတော်မူပြီ'' ဟုဂုဏ်ကျေးဇူး တော်ကိုချီးကူးကြ၏။
ထို့ကြောင့်ယာကုပ်သည်အီဂျစ်ပြည်သို့လိုက် လာခဲ့၏။ ထိုပြည်တွင်သူနှင့်သူ၏သားများ သေလွန်ကြ၏။-
သူတို့၏အလောင်းများကိုရှေခင်မြို့သို့ပို့ ဆောင်ပြီးလျှင် အာဗြဟံဝယ်ယူထားခဲ့သည့် သင်္ချိုင်းတွင်သင်္ဂြိုဟ်ကြ၏။ ထိုသင်္ချိုင်းကားဟာ မော်၏သားများထံမှအာဗြဟံအဖိုးငွေ ပေး၍ဝယ်ယူထားသောသင်္ချိုင်းဖြစ်သတည်း။''
ယောသပ်သည်သေချိန်နီးသောအခါယုံကြည် ခြင်းအားဖြင့် အီဂျစ်ပြည်မှဣသရေလအမျိုး သားတို့လွတ်မြောက်လာမည့်အခြင်းအရာ ကိုရည်ညွှန်းပြောကြားကာ မိမိ၏အရိုး များနှင့်ပတ်သက်၍မှာကြား၏။
ဣသရေလအမျိုးသားတို့သည်အီဂျစ် ပြည်မှယူဆောင်ခဲ့သောယောသပ်၏အရိုး များကို ရှေခင်၏ဖခင်ဟာမော်၏သားများ ထံမှယာကုပ်ငွေတစ်ရာဖြင့်ဝယ်သော ရှေခင် မြို့ရှိမြေကွက်တွင်မြှုပ်နှံကြလေသည်။ ဤ မြေကွက်သည်ယောသပ်၏အဆက်အနွယ် များဆက်ခံရရှိသောမြေကွက်ဖြစ်သည်။