သင်တို့သည်သိုးသို့မဟုတ်ဆိတ်ကိုရွေးယူ နိုင်သည်၊ သို့သော်ထိုတိရစ္ဆာန်သည်အပြစ်အနာ ကင်းသောတစ်နှစ်သားအထီးဖြစ်ရမည်။-
ဆို ခဲ့ သော အ ကောင် ကို သိုး များ အ နက် သော် လည်း ကောင်း၊ ဆိတ် များ အ နက် သော် လည်း ကောင်း ရွေး ယူ ၍ ကြန် အင် စုံ လျက် အ ခါ လည် သော အ ထီး ဖြစ် ရ မည်။
သိုးသငယ်ဖြစ်စေ၊ ဆိတ်သငယ်ဖြစ်စေ၊ သင်တို့ယူသောအကောင်သည် အပြစ်မပါ၊ အခါလည်သော အထီးဖြစ်ရမည်။
သင်တို့ယူသောအကောင်သည် အပြစ်အနာအဆာကင်းသော တစ်နှစ်သားအရွယ်အထီးဖြစ်ရမည်။ သိုး၊ သို့မဟုတ် ဆိတ်တို့ထဲမှ ယူနိုင်၏။
အကယ်၍မိမိ၏မိသားစုသည်သိုးကလေး တစ်ကောင် သို့မဟုတ်ဆိတ်ကလေးတစ်ကောင် လုံးကိုစား၍မကုန်နိုင်လျှင် အိမ်နီးချင်း မိသားစုနှင့်ပေါင်းစပ်၍လူတစ်ယောက်စား နိုင်သမျှ စားမည့်သူဦးရေကိုတွက်ချက် ကာတိရစ္ဆာန်တစ်ကောင်ကိုစားသုံးရမည်။-
ထိုသူသည်သိုးသို့မဟုတ်ဆိတ်ကိုယဇ်ပူ ဇော်လိုလျှင် ထိုယဇ်ကောင်သည်အပြစ်အနာ ကင်းသည့်သိုးထီးဆိတ်ထီးဖြစ်ရမည်။-
နွားကိုမီးရှို့ရာယဇ်အဖြစ်ပူဇော်မည်ဆိုလျှင် ထိုနွား၌အပြစ်အနာမရှိစေရ။ ထာဝရ ဘုရားသည်ထိုသူကိုနှစ်သက်လက်ခံရန်သူ သည်နွားကို ထာဝရဘုရားစံတော်မူရာတဲ တော်တံခါးဝသို့ယူဆောင်ခဲ့ရမည်။-
ဘောဇဉ်ပူဇော်သကာကိုပူဇော်သောနေ့၌ အနာအဆာကင်းသောတစ်နှစ်သားသိုး ကလေးကိုလည်းမီးရှို့ရာယဇ်အဖြစ် ပူဇော်ရမည်။-
``မိမိ၏သိုးအုပ်တွင်အပြစ်အနာကင်း သည့်သိုးများရှိပါလျက် ငါ့အားလိမ်လည် လှည့်စား၍အသုံးမကျသည့်ယဇ်ကောင် ကိုပူဇော်ဆက်သသူသည်ကျိန်စာသင့်ပါ စေသတည်း။ အဘယ်ကြောင့်ဆိုသော်ငါသည် ကြီးမြတ်သည့်ဘုရင်ဖြစ်တော်မူ၍ ငါ၏ နာမတော်ကိုလူမျိုးတကာတို့ကြောက်ရွံ့ ရိုသေရသောကြောင့်တည်း'' ဟုအနန္တတန် ခိုးရှင်ထာဝရဘုရားမိန့်တော်မူ၏။
``အပြစ်အနာအဆာပါရှိသောနွားထီး၊ သို့မဟုတ်သိုးကိုသင်တို့၏ဘုရားသခင် ထာဝရဘုရားအားမပူဇော်ရ။ ထာဝရ ဘုရားသည်ထိုသို့သောယဇ်ကောင်ကိုရွံရှာ တော်မူ၏။''
သို့ဖြစ်၍သခင်ယေရှုသည်ငါတို့နှင့်သင့် လျော်သောယဇ်ပုရောဟိတ်မင်းဖြစ်၏။ ကိုယ် တော်သည်သန့်ရှင်းမြင့်မြတ်၍အပြစ်ကင်း လွတ်တော်မူ၏။ အပြစ်ကူးသူတို့နှင့်ခွဲခြား လျက်ကောင်းကင်ဘဝဂ်တိုင်အောင်ချီးမြှောက် ခြင်းကိုခံတော်မူ၏။-
ရှောလုသည်လူသုံးထောင်ကိုရွေးချယ်ပြီး လျှင် နှစ်ထောင်ကိုမိမိနှင့်အတူမိတ်မတ်မြို့နှင့် ဗေသလတောင်ကုန်းဒေသအတွက်ခေါ်ထား၏။ တစ်ထောင်ကိုမိမိ၏သားယောနသန်နှင့်အတူ ဗင်္ယာမိန်နယ်ဂိဗာမြို့သို့စေလွှတ်လိုက်၏။ အခြား လူအပေါင်းတို့ကိုမူ မိမိတို့နေရပ်အသီးသီး သို့ပြန်စေလေသည်။