တရားဟော 7:11 - Common Language Bible ထို့ကြောင့်သင်တို့အား ယနေ့ငါသွန်သင်ပေး အပ်သောပညတ်ရှိသမျှတို့ကိုလိုက်နာ ကျင့်သုံးကြလော့။'' Garrad Bible ယ နေ့ ငါ ဆင့် ဆို သော ပ ညတ် တော် နှင့် ထုံး ဖွဲ့ ဆုံး ဖြတ် ချက် များ ကို စောင့် ရှောက် လိုက် နာ ကြ လော့။ Judson Bible သို့ဖြစ်၍ ယနေ့ ငါထားသောစီရင်ထုံးဖွဲ့ချက်၊ ပညတ်တရားတို့ကို ကျင့်အံ့သောငှာ စောင့်ရှောက်ရမည်။ မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ယနေ့ သင့်အား ငါမိန့်မှာသော ပညတ်ချက်၊ ပြဋ္ဌာန်းချက်၊ စီရင်ထုံးဖွဲ့ချက်တို့ကို လိုက်နာစောင့်ထိန်းရမည်။ |
ထို့နောက်မောရှေကဣသရေလအမျိုးသား တို့အား``သင်တို့အားငါသွန်သင်သောပညတ် တို့ကိုလိုက်နာလျှင် သင်တို့သည်အသက်ရှင်၍ သင်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရ ဘုရား ပေးတော်မူမည့်ပြည်ကိုလည်းသိမ်း ပိုက်ရရှိကြလိမ့်မည်။-
``ငါတို့၏ဘုရားသခင်ထာဝရဘုရား မိန့်မှာတော်မူသည့်အတိုင်း ငါသည်ပညတ် တော်အားလုံးကိုသင်တို့အားသွန်သင်ခဲ့ ပြီ။ သင်တို့တိုက်ခိုက်၍သိမ်းပိုက်နေထိုင်မည့် ပြည်တွင် ထိုပညတ်တော်တို့ကိုလိုက်နာကြ လော့။-
``ဣသရေလအမျိုးသားတို့၊ သင်တို့၏ဘုရားသခင်ထာဝရဘုရားမိန့်တော်မူသမျှအတိုင်း လိုက်နာရမည်။ မည်သည့်ပညတ်တော်ကိုမျှမချိုး ဖောက်နှင့်။-
``သင်တို့သည်ဤပညတ်တို့ကိုတစ်သဝေမတိမ်း လိုက်နာလျှင် သင်တို့၏ဘုရားသခင်ထာဝရ ဘုရားသည် ဘိုးဘေးတို့အားကတိထားတော် မူသည့်အတိုင်းပဋိညာဉ်ကိုဆက်လက်တည် စေ၍ ခိုင်မြဲသောမေတ္တာကိုပြတော်မူလိမ့်မည်။-
``သင်တို့၏ဘုရားသခင်ထာဝရဘုရားကို မမေ့ရန်သတိပြုလော့။ ယနေ့သင်တို့အား ငါပေးသောပညတ်တော်ရှိသမျှကိုလိုက် နာရန်မမေ့နှင့်။-