ထာဝရဘုရားသည်သင်တို့နှင့်သာ ဤ ပဋိညာဉ်ဤသစ္စာကိုပြုတော်မူသည် သာမက၊-
သင် တို့ နှင့် သာ မ ဟုတ်။ ငါ တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ရှေ့ ယ နေ့ ပါ ဝင် ရပ် နေ သော သူ တို့ မှ တစ် ပါး၊ မ ပါ သော သူ တို့ နှင့် လည်း ထို ပ ဋိ ညာဉ် တော်၊ သ စ္စာ တော် ကို ငါ ဖွဲ့၏။
ထိုမှတစ်ပါး ဤပဋိညာဉ်၊ ဤသစ္စာကို သင်တို့နှင့်သာ ငါပြုသည်ထက်မက၊
‘ငါသည် ဤပဋိညာဉ်၊ ဤကျိန်တွယ်ခြင်းကို သင်တို့နှင့်သာပြုသည်မဟုတ်။’
သူတို့သည်ကားဘုရားသခင်၏လူစုတော် ဖြစ်ကြ၏။ ဘုရားသခင်သည်သူတို့အား သားများအဖြစ်ဖြင့်ချီးမြှောက်တော်မူ၍ မိမိ၏ဘုန်းအသရေတော်ကိုဖူးမြင်ခွင့် ပေးတော်မူ၏။ ကိုယ်တော်သည်သူတို့နှင့် ပဋိညာဉ်များပြုတော်မူ၏။ သူတို့အား ပညတ်တရားကိုပေးအပ်တော်မူ၏။ သူ တို့သည်မှန်ကန်သောဝတ်ပြုကိုးကွယ်နည်း နှင့်ကတိတော်များကိုခံယူရရှိ၏။-
ထာဝရဘုရားသည်ငါတို့၏ဘိုးဘေး တို့နှင့်သာလျှင် ပဋိညာဉ်ပြုသည်မဟုတ်။ ယနေ့အသက်ရှင်လျက်ရှိသော ငါတို့အား လုံးနှင့်လည်းပဋိညာဉ်ပြုတော်မူ၏။-