တရားဟော 27:8 - Common Language Bible မိတ်သဟာယယဇ်များကိုလည်းပူဇော်၍ စားရကြမည်။ သင်၏ဘုရားသခင်ထာဝရ ဘုရားရှေ့တော်၌ကျေးဇူးတော်ကိုချီးမွမ်း ကြလော့။ အင်္ဂတေလိမ်းကျံထားသောကျောက် တုံးများပေါ်တွင်ဘုရားသခင်၏ပညတ် တော်အားလုံးကို သေချာစွာရေးသား ထားလော့'' ဟုပြောဆို၏။ Garrad Bible ဤ ပ ညတ် တ ရား ချက် ဟူ သ မျှ ကို ထူ ထောင် ပြီး ကျောက် များ ပေါ် တွင် တည့် လင်း ထင် ရှား စွာ အ က္ခ ရာ တင် ကြ ရ မည် ဟု မှာ ထား လေ ၏။ Judson Bible ထိုကျောက်ပေါ်မှာ ဤတရားစကားတော် အလုံးစုံတို့ကို သေချာစွာရေးထားရမည်ဟု ပြောဆိုကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ဤတရားစကားရှိသမျှတို့ကို ထိုကျောက်တုံးများပေါ်၌ ရှင်းလင်းပြတ်သားစွာရေးသားထားရမည်”ဟု မှာကြားလေ၏။ |
ထာဝရဘုရားသည်``သင့်အားငါဖွင့်လှစ်ဖော်ပြသည့်အကြောင်းအရာများကိုအလွယ်တကူဖတ်ရှုနိုင်ရန် သင်ပုန်းပေါ်တွင်ရေးမှတ်လော့။ ထင်ရှားပြတ်သားစွာရေးမှတ်လော့။-
``ဤအကြောင်းအရာများကို ဥပမာတင်စား ၍ငါပြောခဲ့၏။ ဤသို့ဥပမာမတင်စားဘဲ ခမည်းတော်၏အကြောင်းကိုပွင့်လင်းစွာ ငါ ဖော်ပြမည့်အချိန်ရောက်ရှိလာလိမ့်မည်။-
ထို့နောက်မောရှေနှင့်လေဝိအနွယ်ဝင်ယဇ် ပုရောဟိတ်တို့က ဣသရေလအမျိုးသား အပေါင်းတို့အား``ဣသရေလအမျိုးသား တို့၊ ငါပြောသမျှကိုအလေးဂရုပြု၍ နားထောင်ကြလော့။ ယနေ့သင်တို့သည် သင် တို့၏ဘုရားသခင်ထာဝရဘုရား၏ လူမျိုးတော်ဖြစ်လာကြပြီ။-
ထာဝရဘုရား၏အစေခံမောရှေ၏ပညတ် တရားတွင်``သံလက်နက်ကိရိယာဖြင့်မဆစ် သောကျောက်များဖြင့်ယဇ်ပလ္လင်ကိုတည်ရမည်'' ဟူ၍ညွှန်ကြားသည့်အတိုင်းထိုယဇ်ပလ္လင်ကို တည်လေသည်။ သူတို့သည်မီးရှို့သောယဇ်နှင့် မိတ်သဟာယယဇ်တို့ကို ယဇ်ပလ္လင်ပေါ်တွင် ထာဝရဘုရားအားပူဇော်ကြသည်။-