``ဣသရေလအမျိုးသားချင်းတစ်ဦး၏ နွားသို့မဟုတ်သိုးတစ်ကောင်သည် မျက်စိ လည်လမ်းမှားနေသည်ကိုတွေ့ရလျှင် မမြင် ယောင်ဆောင်၍မနေဘဲပိုင်ရှင်ထံသို့ပြန် ပို့ရမည်။-
တရားဟော 22:3 - Common Language Bible ဣသရေလအမျိုးသားချင်း၏မြည်းဖြစ် စေ၊ အဝတ်အထည်ဖြစ်စေ၊ အခြားအရာ တစ်စုံတစ်ခုဖြစ်စေပျောက်ဆုံး၍ သင်တွေ့ လျှင်ထိုနည်းအတိုင်းဆောင်ရွက်ရမည်။'' Garrad Bible ဆွေ မျိုး သား ချင်း၏ ပျောက် သော မြည်း ကို သော်လည်း ကောင်း၊ အ ထည် ကို သော်လည်း ကောင်း၊ အ ခြား တစ် စုံ တစ် ရာ ကို သော်လည်း ကောင်း၊ သင် တွေ့ လျှင်၊ မျက် နှာ မ လွှဲ ဘဲ၊ ထို နည်း တူ ပြု လော့။ Judson Bible မြည်းဖြစ်စေ၊ အဝတ်ဖြစ်စေ၊ ညီအစ်ကို၏ဥစ္စာ တစ်စုံတစ်ခုပျောက်၍ သင်တွေ့မိလျှင်၊ ကြည့်၍မနေဘဲ ထိုအတူပြုရမည်။ မြန်မာ့စံမီသမ္မာကျမ်း မြည်းဖြစ်စေ၊ အဝတ်အစားဖြစ်စေ သင့်ညီအစ်ကို၏ပစ္စည်းတစ်ခုခုပျောက်ဆုံးသွား၍ ထိုပျောက်ဆုံးပစ္စည်းကို သင်တွေ့သောအခါ မသိကျိုးကျွန်မပြုဘဲ ထိုနည်းတူပြုရမည်။ |
``ဣသရေလအမျိုးသားချင်းတစ်ဦး၏ နွားသို့မဟုတ်သိုးတစ်ကောင်သည် မျက်စိ လည်လမ်းမှားနေသည်ကိုတွေ့ရလျှင် မမြင် ယောင်ဆောင်၍မနေဘဲပိုင်ရှင်ထံသို့ပြန် ပို့ရမည်။-
ထိုပိုင်ရှင်နေထိုင်ရာအရပ်သည်ခရီးဝေး လျှင်သော်လည်းကောင်း၊ ပိုင်ရှင်မှာမည်သူဖြစ် ကြောင်းမသိလျှင်သော်လည်းကောင်း ထိုနွား သို့မဟုတ်သိုးကိုသင်၏အိမ်သို့ယူဆောင် ခဲ့လော့။ ပိုင်ရှင်ပေါ်လျှင်ပြန်အပ်လော့။-
``ဣသရေလအမျိုးသားချင်း၏မြည်း သို့မဟုတ်နွားသည် လမ်းပေါ်တွင်လဲနေ လျှင်သင်သည်မကူညီဘဲမနေနှင့်။ ဝိုင်း ၍ထူပေးလော့။''