``အကယ်၍ထိုစွပ်စွဲချက်သည်မှန်သဖြင့် မိန်းမသည်အပျိုဖြစ်ကြောင်းသက်သေ အထောက်အထားမပြနိုင်လျှင်၊-
က ညာ စစ် လ က္ခ ဏာ မ တွေ့ ကြောင်း မှန် လျှင် မူ ကား၊
သို့မဟုတ် လင်စကားမှန်၍၊ ထိုမိန်းမ၌ ကညာလက္ခဏာသက်သေမရှိလျှင်၊
သို့သော် သူ၏စွပ်စွဲချက်သည် မှန်ကန်၍ ထိုမိန်းကလေး၌ အပျိုစင်ဖြစ်သည့်သက်သေကိုမတွေ့လျှင်
ရှေခင်၏ဖခင်ဟာမော်သည်ကြောင်းလမ်းရန် ကိစ္စနှင့်ယာကုပ်ထံသို့ရောက်ရှိလာ၏။ ယာကုပ် ၏သားတို့သည်မိမိတို့၏နှမအားရှေခင် ကမတရားပြုကျင့်ခြင်းဖြင့် ဣသရေလ တစ်မျိုးလုံးကိုစော်ကားကြောင်းကြားရသော အခါ မပြုအပ်သောယုတ်မာမှုကိုပြုသော ကြောင့်စိတ်နာ၍အလွန်ဒေါသအမျက်ထွက် ကြလေသည်။-
ယောသပ်သည်စိတ်သဘောထားမြင့်မြတ်သူဖြစ် သည်အလျောက်မာရိအားအသရေမပျက်စေ လိုသဖြင့် သူနှင့်စေ့စပ်ကြောင်းလမ်းထားမှုကို တိတ်တဆိတ်ဖျက်သိမ်းရန်အကြံရှိ၏။-
ထိုသူသည်ဣသရေလအမျိုးသမီးတစ် ဦးအားအသရေဖျက်သဖြင့် ငွေသားတစ် ရာကိုဒဏ်ဆောင်စေရမည်။ ထိုဒဏ်ငွေကို မိန်းမ၏ဖခင်အားပေးရမည်။ ထို့အပြင်သူ သည်မိန်းမကိုသူ၏မယားအဖြစ်ဆက် လက်ပေါင်းသင်းစေရမည်။ သူအသက်ရှင် နေသမျှကာလပတ်လုံး ထိုမိန်းမကို မကွာရှင်းစေရ။