သူတို့၏ရန်သူများသည်ရေနစ်၍သေကြကုန်၏။ တစ်စုံတစ်ယောက်မျှအသက်ရှင်၍မကျန်ခဲ့။
တရားဟော 11:4 - Common Language Bible အီဂျစ်စစ်တပ်သည်သင်တို့အားလိုက်လံတိုက် ခိုက်စဉ်က ကိုယ်တော်သည်သူတို့၏မြင်းများ၊ စစ်ရထားများနှင့်တကွစစ်တပ်တစ်ခုလုံး ကို ပင်လယ်နီအတွင်း၌နစ်မြုပ်စေခဲ့ပုံကို သင်တို့မြင်ခဲ့ရ၏။- Judson Bible အဲဂုတ္တုစစ်သူရဲ အလုံးအရင်းတည်းဟူသော မြင်းစီးသူရဲ၊ ရထားစီးသူရဲတို့အား ပြုတော်မူသောအမှုကိုလည်းကောင်း၊ သင်တို့ကိုလိုက်သောသူတို့ကို ဧဒုံပင်လယ်ရေလွှမ်းမိုးစေ၍၊ ယနေ့တိုင်အောင် ဖျက်ဆီးတော်မူကြောင်းကိုလည်းကောင်း၊ မြန်မာ့စံမီသမ္မာကျမ်း အီဂျစ်စစ်သည်များ၊ မြင်းများ၊ စစ်ရထားများအား သင်တို့နောက်မှ လိုက်လာသောအခါ ထာဝရဘုရားသည် သူတို့ကို ပင်လယ်နီရေဖြင့်လွှမ်းမိုးစေ၍ ဖျက်ဆီးတော်မူခဲ့ပုံ၊ |
သူတို့၏ရန်သူများသည်ရေနစ်၍သေကြကုန်၏။ တစ်စုံတစ်ယောက်မျှအသက်ရှင်၍မကျန်ခဲ့။
ဖာရောဘုရင်၏မြင်းတပ်နှင့်ရထားတပ်တို့ သည် ပင်လယ်ထဲသို့ဆင်းသက်ကြသောအခါ ထာဝရဘုရားသည်ရေကိုပြန်စီးစေသဖြင့် ရေသည်သူတို့ကိုဖုံးလွှမ်းလေ၏။ ဣသရေလ အမျိုးသားတို့မူကား ခြောက်သွေ့သောမြေ ပေါ်မှာလျှောက်၍ပင်လယ်ကိုဖြတ်သွား ကြ၏။
``ကိုယ်တော်သည်အီဂျစ်ဘုရင်၏ရထား တပ်နှင့် စစ်တပ်ကိုပင်လယ်ထဲသို့ပစ်ချတော်မူ၏။ သူ၏လက်ရွေးစင်စစ်ဗိုလ်တို့သည်ပင်လယ် နီထဲ၌ ရေနစ်သေဆုံးကုန်၏။
သင်တို့မူကားလှည့်၍အာကာဘာပင်လယ် ကွေ့သို့ဦးတည်လျက် တောကန္တာရထဲသို့ပြန် ကြလော့' ဟုမိန့်တော်မူ၏။''
သင်တို့ဤအရပ်သို့မရောက်မီတောကန္တာရ ၌သင်တို့အတွက် ထာဝရဘုရားပြုတော် မူသောအမှုကိုသင်တို့သိမြင်ခဲ့ရကြ ပြီ။-
ငါတို့သည်ထာဝရဘုရားမိန့်တော်မူသည့် အတိုင်းလှည့်၍ အာကာဘာပင်လယ်ကွေ့သို့ဦး တည်လျက် တောကန္တာရထဲသို့ပြန်သွားကြပြီး လျှင် တောင်ကုန်းဒေသဖြစ်သောဧဒုံပြည်တွင် ကြာမြင့်စွာလှည့်လည်နေထိုင်ရကြ၏။-
ယုံကြည်ခြင်းအားဖြင့်ဣသရေလအမျိုးသား တို့သည်ကုန်းလမ်းခရီးပြုသည့်အလားပင် လယ်နီကိုဖြတ်ကျော်ကြ၏။ အီဂျစ်အမျိုးသား တို့ ယင်းသို့ဖြတ်ကျော်ကြသောအခါမူရေနစ်၍ သေဆုံးကြကုန်၏။