ဤတည်ဆောက်မှုဖြစ်မြောက်ရေးအတွက် သူတို့သည်တတ်နိုင်သမျှအတိုင်း ရွှေတစ်ထောင့်သုံးဆယ်ပေါင်၊ ငွေငါးထောင်ခုနစ်ရာလေးဆယ်ပေါင်နှင့်ယဇ်ပုရောဟိတ်များအတွက်ဝတ်စုံတစ်ရာတို့ကိုလှူကြ၏။
တောလည် 6:21 - Common Language Bible ဤပညတ်များသည်နာဇရိဂိုဏ်းဝင်တို့ အတွက် ပြဋ္ဌာန်းထားသည့်ပညတ်များဖြစ် သည်။ သို့ရာတွင်လူတစ်ဦးသည်နာဇရိ ဂိုဏ်းဝင်ဖြစ်ရန်အတွက် အဋ္ဌိဋ္ဌာန်ပြုရန်လို အပ်သည်ထက်ပို၍ပြုခဲ့သော် ထိုအဋ္ဌိဋ္ဌာန် အတိုင်းဆောင်ရွက်စေရမည်။ Garrad Bible သ စ္စာ ဝတ် ထား သော ပ ရ ဗိုဇ် ဂိုဏ်း သား ဝတ် တ ရား၊ လက် ဝယ် ရှိ သော အ ခြား ဝ တ္ထု မ ဆို ဘဲ သီး ခြား ခြင်း ကို ရည် လျက် ထာ ဝ ရ ဘု ရား အား လှူ ဒါန်း ရ သော တ ရား ကား ထို သို့ တည်း။ သ စ္စာ ထား သည့် အ တိုင်း သီး ခြား နေ ခြင်း ဆိုင် ရာ တ ရား နှင့် အ ညီ ပြည့် စုံ ရ မည့် အ ကြောင်း ဆင့် ဆို လော့ ဟု မိန့် တော် မူ၏။ Judson Bible ဤရွေ့ကား၊ သစ္စာပြုသောနာဇရိလူသည် အလိုအလျောက် တတ်နိုင်သမျှမှတစ်ပါး မိမိခြားနားခြင်းအတွက် ထာဝရဘုရားအားဆက်ရသော ပူဇော်သကာနှင့်ဆိုင်သော တရားပေတည်း။ သစ္စာပြုသည်အတိုင်း ခြားနားခြင်းတရားနှင့်အညီ ပြုရမည်ဟု မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ဤသည်ကား နာဇရိလူနှင့်ဆိုင်သောတရားဖြစ်၏။ နာဇရိလူသည် မိမိတတ်နိုင်သောအရာအပြင် မိမိကိုယ်မိမိ ထာဝရဘုရားထံ ပူဇော်ရန် ကတိသစ္စာပြုထားသောသူဖြစ်၍ ကတိသစ္စာပြုထားသည်နှင့်အညီ နာဇရိလူဖြစ်ခြင်းနှင့်ဆိုင်သောတရားအတိုင်း ပြုကျင့်ရမည်”ဟု မိန့်တော်မူ၏။ |
ဤတည်ဆောက်မှုဖြစ်မြောက်ရေးအတွက် သူတို့သည်တတ်နိုင်သမျှအတိုင်း ရွှေတစ်ထောင့်သုံးဆယ်ပေါင်၊ ငွေငါးထောင်ခုနစ်ရာလေးဆယ်ပေါင်နှင့်ယဇ်ပုရောဟိတ်များအတွက်ဝတ်စုံတစ်ရာတို့ကိုလှူကြ၏။
အဆိုပါပညတ်သည်ကားခင်ပွန်းသည်က မိမိဇနီးဖောက်ပြန်သည်ဟူ၍မယုံသင်္ကာ ဖြစ်သည့်အခါ၌ လိုက်နာရသောပညတ်ဖြစ် သည်။ ယဇ်ပုရောဟိတ်သည် အမျိုးသမီးကို ယဇ်ပလ္လင်ရှေ့တွင်ရပ်စေ၍ ဤပညတ်အတိုင်း စစ်ဆေးစီရင်ရမည်။-
ယောကျာ်းဖြစ်စေ၊ မိန်းမဖြစ်စေ၊ နာဇရိဂိုဏ်း ဝင်အဖြစ်ဖြင့်အထူးအဋ္ဌိဋ္ဌာန်ပြု၍ မိမိ ကိုယ်ကိုထာဝရဘုရားအားဆက်ကပ်လျှင်၊-
ယဇ်ပုရောဟိတ်သည် ထိုပူဇော်သကာများ ကိုထာဝရဘုရားအား အထူးလှူဖွယ် အဖြစ်ဆက်သရမည်။ ထိုပူဇော်သကာများ အပြင်ပညတ်တော်အရ ယဇ်ပုရောဟိတ် ပိုင်သောသိုး၏ရင်ပုံသားနှင့်ပေါင်တို့သည် ယဇ်ပုရောဟိတ်အတွက်လှူဖွယ်ပစ္စည်းများ ဖြစ်သည်။ သို့ပြီးမှနာဇရိဂိုဏ်းဝင်သည် စပျစ်ရည်ကိုသောက်နိုင်သည်။
အာရုန်နှင့်သူ၏သားတို့ဣသရေလအမျိုး သားတို့အားအောက်ပါအတိုင်း ကောင်းချီးမင်္ဂ လာပေးစေရန်ထာဝရဘုရားသည်မောရှေ မှတစ်ဆင့်မိန့်မှာတော်မူ၏။
တရားတော်ကိုသင်ယူသူသည်သင်ပေးသော သူအား ကောင်းသောအရာရှိသမျှတို့ကို ဝေမျှစေ။
သင်တို့သည်အချင်းချင်းအားကျေးဇူးပြု ရန်နှင့်ကူညီမစရန်မမေ့ကြနှင့်။ ထိုသို့ သောယဇ်များကိုဘုရားသခင်နှစ်သက် တော်မူ၏။