ဟာဒဒေဇာ၏တပ်မတော်တစ်ခုလုံးကို ဒါဝိဒ်ချေမှုန်းလိုက်ကြောင်း ဟာမတ်ဘုရင် တောဣမင်းကြားလျှင်၊-
တောလည် 34:8 - Common Language Bible ထိုမှတစ်ဆင့်ဟာမတ်တောင်ကြားသို့လည်း ကောင်း ဖြတ်သွား၍ထိုမှတစ်ဖန်ဇေဒဒ်နှင့် ဇိဖြုန်ကိုဖြတ်ပြီးလျှင်ဟာဇရေနန်၌ အဆုံးသတ်ရမည်။ Garrad Bible ဟော ရ တောင် မှ ဟာ မတ် မြို့ လမ်း ဝ အ ထိ သတ် မှတ် လျက်၊ Judson Bible ထိုတောင်မှ ဟာမတ်လမ်းဝ၊ ဇေဒဒ်ရွာ၊ မြန်မာ့စံမီသမ္မာကျမ်း ဟောရတောင်မှ လီဘိုဟာမတ်အရပ်အထိ ပိုင်းခြား၍ ထိုမှ နယ်နိမိတ်သည် ဇေဒဒ်အရပ်အထိရောက်ရမည်။ |
ဟာဒဒေဇာ၏တပ်မတော်တစ်ခုလုံးကို ဒါဝိဒ်ချေမှုန်းလိုက်ကြောင်း ဟာမတ်ဘုရင် တောဣမင်းကြားလျှင်၊-
ဗိမာန်တော်တွင်ရှောလမုန်နှင့်ဣသရေလ အမျိုးသားအပေါင်းတို့သည် သစ်ခက်တဲနေ ပွဲတော်ကိုခုနစ်ရက်တိုင်တိုင်ကျင်းပကြလေ သည်။ လူအုပ်ကြီးမှာမြောက်ဘက်ဟာမတ်တောင် ကြားလမ်းမှသည် တောင်ဘက်အီဂျစ်ပြည်နယ် စပ်တိုင်အောင်အနှံ့အပြားအရပ်ရပ်မှလာ ရောက်သူများဖြစ်သတည်း။-
သူသည်မြောက်သို့လားသော်ဟာမတ်တောင်ကြား လမ်း၊ တောင်သို့လားသော်ပင်လယ်သေတိုင်အောင် ယခင်အခါကဣသရေလပြည်၏ပိုင်နက်နယ် မြေမှန်သမျှတို့ကိုပြန်လည်သိမ်းယူလေသည်။ ဤကားဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရားသည် မိမိ၏ကျွန်တော် ရင်း၊ ဂါသေဖာမြို့နေ၊ အမိတ္တဲ၏သားပရောဖက် ယောနအားဖြင့်မိန့်တော်မူခဲ့သောစကား တော်အတိုင်းပင်ဖြစ်သတည်း။
သို့ဖြစ်၍ဒါဝိဒ်သည်တောင်ဘက်အီဂျစ်နယ် စပ်မှ မြောက်ဘက်ဟာမတ်တောင်ကြားလမ်းသို့ တိုင်အောင် နိုင်ငံတစ်ဝှမ်းလုံးမှဣသရေလ ပြည်သားအပေါင်းတို့အားလာရောက်စုဝေး ကြရန်ခေါ်ယူလေသည်။ သူတို့သည်ကိရ ယတ်ယာရိမ်မြို့မှ ပဋိညာဉ်သေတ္တာတော်ကို ဆောင်ယူကြရန်စုဝေးကြ၏။-
ကာလနောမြို့နှင့်ခါခေမိတ်မြို့၊ ဟာမတ်မြို့ နှင့်အာပဒ်မြို့၊ ရှမာရိမြို့နှင့်ဒမာသက်မြို့ တို့ကိုငါနှိမ်နင်းခဲ့၏။-
သို့ရာတွင်ဗာဗုလုန်တပ်မတော်သည် သူ တို့အားလိုက်လံဖမ်းဆီးရာယေရိခေါ လွင်ပြင်အနီးတွင်ဇေဒကိကိုရမိကြ၏။ ထိုနောက်သူ့ကိုဗာဗုလုန်ဘုရင်နေဗုခဒ် နေဇာရှိရာဟာမတ်နယ်မြေ၊ ရိဗလမြို့ သို့ခေါ်ဆောင်သွားကြ၏။ ထိုမြို့တွင်နေဗု ခဒ်နေဇာသည်ဇေဒကိအပေါ်၌စီရင် ချက်ချတော်မူ၏။-
``အို ဣသရေလပြည်သားတို့၊ ငါသည်တိုင်း တစ်ပါးမှတပ်တစ်တပ်ကိုစေလွှတ်၍ သင်တို့ နိုင်ငံကိုသိမ်းပိုက်စေမည်။ ထိုရန်သူသည် မြောက်ဘက်ရှိဟာမတ်လမ်းဝမှစ၍ တောင် ဘက်၌ရှိသောအာရဗာချိုင့်သို့ဝင်သော ချောင်းတိုင်အောင် သင်တို့လူမျိုးကိုဖိနှိပ် ချုပ်ချယ်လိမ့်မည်'' ဟုကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားမိန့်တော်မူ၏။
သို့ဖြစ်၍သူတို့သည်မြောက်ဘက်သို့သွားပြီး လျှင် ထိုပြည်တောင်ဘက်ဇိနခေါ်တောကန္တာရ မှမြောက်ဘက်ဟာမတ်တောင်ကြားအနီးရှိ ရဟောဘမြို့သို့တိုင်အောင်ပြည်ကိုစုံစမ်း ထောက်လှမ်းကြသည်။-