ထာဝရဘုရားကမောရှေအား``ဣသရေလ အမျိုးသားတို့သည်ပြန်လှည့်၍ ဗာလဇေဖုန် မြို့အနီးမိဂဒေါလမြို့နှင့်ပင်လယ်နီစပ် ကြားရှိပိဟဟိရုတ်မြို့ရှေ့တွင်စခန်းချ ရန်ပြောလော့။-
တောလည် 33:7 - Common Language Bible တစ်ဖန်သူတို့သည်ဗာလဇေဖုန်စခန်း အရှေ့ရှိပိဟဟိရုတ်စခန်းသို့ပြန်လှည့် ကြပြီးလျှင် မိဂဒေါလစခန်းအနီး၌ ရပ်နားကြ၏။- Garrad Bible ဧ သံ မြို့ မှ ချီ ပြန်၍ ဗာ လ ဇေ ဖုန် မြို့ ရင် ဆိုင်၊ ပိ ဟ ဟိ ရုတ် မြို့ ကို လှည့် လျက် မိ ဂ ဒေါ လ မြို့ ရှေ့ တွင် စွဲ ရပ် ကြ၏။ Judson Bible ဧသံမြို့မှပြောင်း၍ ဗာလဇေဖုန်မြို့ရှေ့မှာရှိသော ပိဟဟိရုတ်မြို့သို့ တစ်ဖန်လည်၍ မိဂဒေါလမြို့ရှေ့၌ စခန်းချကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ဧသံအရပ်မှ ခရီးပြု၍ ဗာလဇေဖုန်အရပ်အရှေ့ဘက်ရှိ ပိဟဟိရုတ်အရပ်သို့ပြန်လှည့်ကာ မိဂဒေါလအရပ်အရှေ့ဘက်၌ စခန်းချကြ၏။ |
ထာဝရဘုရားကမောရှေအား``ဣသရေလ အမျိုးသားတို့သည်ပြန်လှည့်၍ ဗာလဇေဖုန် မြို့အနီးမိဂဒေါလမြို့နှင့်ပင်လယ်နီစပ် ကြားရှိပိဟဟိရုတ်မြို့ရှေ့တွင်စခန်းချ ရန်ပြောလော့။-
ဘုရင်၏စစ်တပ်၊ ရထားတပ်၊ မြင်းတပ်တို့ သည်ဣသရေလအမျိုးသားတို့၏နောက် သို့လိုက်ကြရာတွင် ဗာလဇေဖုန်မြို့နှင့် ပိဟဟိရုတ်မြို့အနီးပင်လယ်နီကမ်းနား ၌စခန်းချလျက်ရှိသောဣသရေလ အမျိုးသားတို့ကိုမီလေ၏။
သူတို့သည်ပိဟဟိရုတ်စခန်းမှထွက်လာ ၍ ပင်လယ်နီကိုဖြတ်ကူးပြီးလျှင်ဧသံ တောကန္တာရသို့ရောက်ကြ၏။ သုံးရက်ခရီး သွားပြီးနောက်မာရစခန်း၌ရပ်နား ကြ၏။-