အမျိုးသမီး၏နာမည်မှာကောဇဘိဖြစ်၏။ သူ၏ဖခင်ဇုရသည်မိဒျန်သားချင်းစု တစ်စုတွင်အကြီးအကဲဖြစ်သည်။
သေ ဒဏ် ခံ သော မိ ဒျန် အ မျိုး မိန်း မ အ မည် ကား၊ မိ ဒျန် အ မျိုး တွင် တစ် အိမ် ထောင် သား တို့ အ အုပ် အ ချုပ်၊ ဇု ရ သ မီး ကော ဇ ဘိ တည်း။
အသေသတ်ခြင်းကိုခံရသော မိဒျန်မိန်းမအမည်ကား၊ မိဒျန်အမျိုး၌ ထင်ရှားသောအဆွေအမျိုးတွင် အကဲအမှူးဇုရ၏သမီး ကောဇဘိဖြစ်သတည်း။
အသတ်ခံရသောမိဒျန်အမျိုးသမီး၏အမည်မှာ ကောဇဘိဖြစ်၍ သူသည် မိဒျန်လူမျိုးတို့၏ဘိုးဘေးအိမ်ထောင်စုနှင့်ဆိုင်သောမျိုးနွယ်စု၏အကြီးအမှူးဖြစ်သော ဇုရ၏သမီးဖြစ်၏။
ထို့ကြောင့်သူတို့သည်မိဒျန်ပြည်အမျိုးသား ခေါင်းဆောင်တို့အား``နွားသည်စားကျက်ရှိမြက် ကိုကုန်စင်အောင်စားသကဲ့သို့ဤလူအုပ်ကြီး သည် ငါတို့ပတ်ဝန်းကျင်၌ရှိသမျှကိုဖျက်ဆီး ပစ်လိမ့်မည်'' ဟုဆိုကြ၏။ သို့ဖြစ်၍ဗာလက် ဘုရင်သည်၊-
မိဒျန်အမျိုးသမီးနှင့်အတူအသတ်ခံရ သော ဣသရေလအမျိုးသားနာမည်သည်ကား ရှိမောင်အနွယ်ဝင်မိသားစု၏အကြီး အကဲဖြစ်သူသာလု၏သားဇိမရိဖြစ် သတည်း။-
ထာဝရဘုရားသည်မောရှေအား``မိဒျန် အမျိုးသားတို့ကိုတိုက်ခိုက်သုတ်သင်ဖျက် ဆီးလော့။
အဘယ်ကြောင့်ဆိုသော်သူတို့သည်ပေဂုရ အရပ်တွင် သင်တို့ကိုလှည့်ဖြား၍ပြစ်မှားစေ သောကြောင့်လည်းကောင်း၊ ထိုအရပ်တွင်ရောဂါ ကပ်ကျရောက်စဉ်သေဆုံးသွားသောကောဇဘိ ကိစ္စကြောင့်လည်းကောင်း မိဒျန်အမျိုးသား တို့ကိုတိုက်ခိုက်သုတ်သင်ဖျက်ဆီးလော့'' ဟုမိန့်တော်မူ၏။
မိဒျန်ဘုရင်ငါးပါးဖြစ်ကြသောဧဝိ၊ ရေ ကင်၊ ဇုရ၊ ဟုရနှင့်ရေဘတို့အပါအဝင် ယောကျာ်းအားလုံးကို သတ်ဖြတ်သုတ်သင်ခဲ့ ကြလေသည်။ ဗောရ၏သားဗာလမ်ကို လည်းသတ်ခဲ့ကြ၏။
ကုန်းပြင်မြင့်ပေါ်ရှိမြို့အားလုံးနှင့်ဟေရှ ဘုန်မြို့တွင် စိုးစံသောအာမောရိမင်းရှိဟုန် ၏နိုင်ငံတစ်ခုလုံးပါဝင်သည်။ မောရှေ သည်ထိုမင်းနှင့်တကွမိဒျန်မင်းများဖြစ် ကြသောဧဝိမင်း၊ ရေကင်မင်း၊ ဇုရမင်း၊ ဟုရမင်းနှင့်ရေဘမင်းတို့ကိုနှိမ်နင်းခဲ့ လေသည်။ ထိုမင်းငါးပါးတို့သည်ရှိဟုန် မင်း၏သြဇာခံမင်းများဖြစ်ကြသည်။-
ဣသရေလအမျိုးသားတို့သည်တစ်ဖန်ထာဝရ ဘုရားအားပြစ်မှားကြပြန်၏။ သို့ဖြစ်၍ကိုယ် တော်သည်သူတို့ကိုခုနစ်နှစ်တိုင်တိုင် အုပ်စိုးခွင့် ကိုမိဒျန်အမျိုးသားတို့အားပေးတော်မူ၏။-