ယခုကိုယ်တော်ပြန်ပါလော့။ အကျွန်ုပ်သည် ကိုယ်တော်အား ဆုလာဘ်များချီးမြှင့်မည်ဟု ကတိထားခဲ့သော်လည်း ထိုသို့ချီးမြှင့်ရန် ထာဝရဘုရားသည်အလိုတော်မရှိ'' ဟု ဆိုလေ၏။
တောလည် 24:25 - Common Language Bible ထိုနောက်ဗာလမ်နှင့်ဗာလက်ဘုရင်တို့သည် မိမိ တို့နေရပ်သို့အသီးသီးပြန်သွားကြလေ၏။ Garrad Bible ဗာ လမ် ထ လျက် နေ ရာ ရင်း သို့ ပြန် သွား၏။ ဗာ လက် မင်း လည်း ပြန် လေ၏။ Judson Bible ဗာလမ်သည်ထ၍ မိမိနေရာအရပ်သို့ပြန်သွား၏။ ဗာလက်မင်းသည်လည်း သွားလေ၏။ မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ဗာလမ်သည် ထ၍မိမိနေရပ်သို့ ပြန်သွားလေ၏။ ဗာလက်မင်းကြီးသည်လည်း သူ့လမ်းသူပြန်သွားလေ၏။ |
ယခုကိုယ်တော်ပြန်ပါလော့။ အကျွန်ုပ်သည် ကိုယ်တော်အား ဆုလာဘ်များချီးမြှင့်မည်ဟု ကတိထားခဲ့သော်လည်း ထိုသို့ချီးမြှင့်ရန် ထာဝရဘုရားသည်အလိုတော်မရှိ'' ဟု ဆိုလေ၏။
ဗာလမ်ကဗာလက်ဘုရင်အား``ယခုငါသည် ဆွေမျိုးသားချင်းတို့ထံသို့ပြန်မည်။ သို့ရာတွင် ငါပြန်၍မသွားမီဣသရေလအမျိုးသား တို့ကနောင်အခါ သင်၏အမျိုးသားတို့အား မည်ကဲ့သို့ပြုလုပ်မည့်အကြောင်းကို ငါသတိ ပေးခဲ့မည်'' ဟုဆို၏။-
ဣသရေလအမျိုးသားတို့သည်အကားရှား ချိုင့်ဝှမ်းတွင်စခန်းချလျက်ရှိနေကြစဉ် အမျိုး သားအချို့တို့သည်ထိုအရပ်သူမောဘ အမျိုးသမီးတို့နှင့်မှားယွင်းကြ၏။-
မိဒျန်ဘုရင်ငါးပါးဖြစ်ကြသောဧဝိ၊ ရေ ကင်၊ ဇုရ၊ ဟုရနှင့်ရေဘတို့အပါအဝင် ယောကျာ်းအားလုံးကို သတ်ဖြတ်သုတ်သင်ခဲ့ ကြလေသည်။ ဗောရ၏သားဗာလမ်ကို လည်းသတ်ခဲ့ကြ၏။
ဣသရေလအမျိုးသားတို့ကွပ်မျက်ခဲ့ သောသူများတွင် ဗောရ၏သားမှော်ဆရာ ဗာလမ်လည်းပါဝင်လေသည်။-