တောလည် 15:38 - Common Language Bible ``သင်တို့၏အဝတ်အင်္ကျီထောင့်စွန်းများ တွင်ပန်းပွားများပြုလုပ်၍ ပန်းပွားတစ်ခု စီတွင်ကြိုးပြာတပ်ထားရမည်။ သင်တို့ အမျိုးအစဉ်အဆက်ဤပညတ်ကိုစောင့် ထိန်းရမည်။- Garrad Bible ဣ သ ရေ လ အ မျိုး သား တို့ သည် အ မျိုး အ စဉ် အ ဆက် ပန်း ပွား များ ကို လုပ်၍ အ ဝတ် မြိတ်၌ ကြိုး ပြာ နှင့် တပ် ထား ကြ ရ မည့် အ ကြောင်း ဆင့် ဆို လော့။ Judson Bible သူတို့အမျိုးအစဉ်အဆက်တို့သည်၊ အဝတ်စွန်းတို့၌ ဆွဲစရာဖို့ ပန်းပွားတို့ကိုလုပ်၍၊ ပြာသောကြိုးနှင့် ချည်တွဲရကြမည်။ မြန်မာ့စံမီသမ္မာကျမ်း “အစ္စရေးအမျိုးသားတို့အား ဆင့်ဆိုလော့။ သူတို့၏မျိုးဆက်အစဉ်အဆက် မိမိတို့အဝတ်၏ထောင့်စွန်းတို့၌ ပန်းဖွားကိုပြုလုပ်၍ ထိုထောင့်စွန်းပန်းဖွား၌ အပြာရောင်ကြိုးတပ်ရမည်။ |
မိမိတို့ပြုလုပ်သမျှသောအရာတို့ကိုလူမြင် သာအောင်ပြုလုပ်တတ်ကြ၏။ မိမိတို့နဖူးနှင့် လက်မောင်းများပေါ်တွင်ကျမ်းစာလက်ဖွဲ့များကို အပြားကြီးပြုလုပ်၍ဝတ်ဆင်တတ်ကြ၏။ ဝတ်လုံ အမြိတ်များကိုရှည်လျားစွာချုပ်ထားတတ်ကြ၏။-
တစ်ဆယ့်နှစ်နှစ်ပတ်လုံးသွေးသွန်ရောဂါစွဲကပ် နေသောအမျိုးသမီးတစ်ယောက်သည် ကိုယ်တော် ၏နောက်သို့ချဉ်းကပ်ပြီးလျှင်၊-
ထိုအမျိုးသမီးသည်ကိုယ်တော်၏နောက်က ကပ်လိုက်လျက်အဝတ်တော်ပန်းဖွားကိုတို့ထိ လေ၏။ ထိုခဏ၌သွေးသွန်နာပျောက်သွား၏။-